မြန်မာ ပြည်မှာ ဒါတွေဖြစ်နေ ပြီ
အပြာရောင်ရုပ်ရှင်ကားတွေကို တရားဝင်လမ်းဘေးမှာ ၀ယ်လို့ ရတယ်။ ဒါပေမဲ့ တရားခွေတွေကို ရောင်းရင်တော့ လိုက်လံဖမ်းဆီးနေပါတယ်။ တရားခွေတွေထဲမှာ ဆရာတော်ကြီးတွေ ဟောတဲ့ တရားခွေတွေက ပြစ်မှတ်ဖြစ်နေပါတယ်။ သီတဂူဆရာတော်ရဲ့ တရားခွေ ဖြစ်ပါတယ်။ သီတဂူဆရာတော်ရဲ့ လူမိုက်တို့ ရဲ့ သွားရာလမ်း ဆိုတဲ့ တရားခွေက နောက်ဆုံးဟောခဲ့တဲ့တရားခွေဖြစ်ပါတယ်။ ဆရာတော်က ၁၉၈၈ခုနစ်ကလည်း မင်းကျင့်တရား ၁၀ ပါးဆိုတဲ့တရားခွေကို ဟော ကြားခဲ့စဉ်က နအဖ အာဏာပိုင်တွေ က မနစ်မြိုခဲ့ကြပါဘူး။ဒီတရားခွေတုံးကအရေးယူဆောင်ရွက်မှုမရှိပေမဲ့အခုဟောတဲ့လူမိုက်တိုရဲသွားရာလမ်းဆိုတဲ့တရားခွေကိုတော့စတင်လိုက်လံသိမ်းဆည်းနေကြောင်းသတင်းရရှိပါတယ်။ ဒီဇင်ဘာ ၂၀ ရက် နေ့ က အရှင်ကောဝိဒ ကျောက်မြောင်းမှာ ဟော တဲ့တရားမှတ်တမ်းခွေကို လာရောက်သိမ်းဆည်းသွားပါတယ်။
No comments :
Post a Comment