Wednesday, 12 December 2007

ကူညီစောင့်ရှောက်ကြပါစို့ 

မြန်မာနိုင်ငံသားများ တဦးကိုတဦး အပြန်အလှန် ကူညီစောင့်ရှောက်ကြပါစို့ 

မြန်မာလူမျိုးများ ပြည်တွင်းပြည်ပမှာ မကြာခဏ အလိမ်ခံရတဲ့သတင်းများကို ကျနော်တို့  ကြားသိနေရတဲ့အတွက် ဒီဆောင်းပါးကို ကျနော်ရေးလိုက်ပါတယ်။
ရေးရတဲ့ ရည်ရွယ်ချက်ကတော့
• သတင်းတွေ အပြန်အလှယ်ဖလှယ်ပေးခြင်းဖြင့် လိမ်ညာမူများကို ကိုယ်လူမျိုးများမခံရစေရန်
• အလိမ်ခံရပါက တဦးနှင့် တဦး ကူညီပေးကြစေရန် ဖြစ်ပါတယ်။

ဖန်တရာတေနေပေမဲ့ မရိုးနိုင်အောင် အလိမ်ခံရတဲ့ ဇာတ်လမ်းများကတော့ 
• ငွေ ရမယ်။
• အလုပ်ရမယ်။
• ကျောက်ရောင်းပေးမယ်။
• ဗီဇာရမယ်။
• ပတ်စ်ပို့စ်ုရမယ်။
• ထီပေါက်တယ်။
• ဒုက္ခရောက်နေတဲ့ ကောင်မလေးတဦးက ငွေအကူညီတောင်းမယ်။
• အဖိုးတန်ပစည်းများကို ဈေးပေါပေါနှင့် လာရောင်းမယ်
• တခြား လိမ်ညာမှုများ ဖြစ်ပါတယ်။

ကျနော် မိတ်ဆွေ တဦး အင်တာနက် မှတဆင့် အလိမ်ခံလိုက်ရပါတယ်။ သူဇာတ်လမ်းမှာ အောက်ပါအတိုင်းပြောပြပါတယ်။

သူက အင်တာနက်မှတဆင့်  အမျိုးသမီး တဦးက မိတ်ဆက်လာပါတယ်။ အမျိုးသမီးက အင်္ဂလန်က ။ ကျနော်မိတ်ဆွေ ( မြန်မာ ) က အမေရိကန်က ဖြစ်ပါတယ်။ တကယ်က အမျိုးသမီးယောင်ဆောင်ပြီး ဆက်သွယ်တာဖြစ်တယ်။ အမျိုးသမီးယောင်ဆောင် အမျိုးသားကို လိမ်ပြီးငွေထုတ်သွားခဲ့ပါတယ်။ ဇာတ်လမ်းမှာ အမျိုးသမီးက ကျနော်မိတ်ဆွေကို အီးမေးကနေ တဆင့် တစတစရင်းနှီးလာတယ်။ နောက်တော့ ကိုယ်ရေးကိုယ်တာတွေ ပါလာတယ်။
သူမှာ ပညာသင်နေစဉ် ဒုက္ခရောက်နေတယ်။အိမ်ကပို့ ပေးတဲ့ငွေ မရောက်သေးဟု ဆိုတယ်။
နောက်တော့ ချက်လက်မှတ်ရှိတယ်။ ဒါပေမဲ့ထုတ်လို မရဘူး။ သူမမှာ ဘဏ် အကောင့် မရှိဟုဆိုတယ်။ သူမရဲ့ ချက်လက်မှတ်အတုများကို အမျိုးသားထံပို့ ခဲ့တယ်။ ချက်လက်မှတ်များမှာ အတော်ကောင်းမွန်သေသပ်တယ်။ အမျိုးသားက ချက်လက်မှတ်များကိုသူရဲ့ ဘဏ်တွင်သွင်းလိုက်ရာ ဘဏ်က ချက်ခြင်း စစ်ဆေးခြင်း မပြုနိုင်ပဲ ငွေတန်ဘိုး တသောင်းခန့် စာရင်းပြခဲ့တယ်။ ဒီငွေတွေကို အမျိုးသမီးက ထုတ်ခိုင်းပြီး မန်မီအော်ဒါ ၀ယ်ခိုင်းပြီး သူမထံပို့ စေခဲ့ပါတယ် ။ အမျိုးသမီးက ငွေသားများ ရရှိသွားပါတော့တယ်။ တလအကြာမှာတော့ အမျိုးသား ခမျာ အက်ဘီအိုင်က အဖမ်းခံရပါတယ်။ ငွေလိမ်မှုနဲ့ တရားစွဲတာ ခံရပါတယ်။သူက အလွန်ရိုးသားသူဖြစ်ပါတယ်။ အက်ဘီအိုင်က သူမလိမ်မှန်းသိသော်လည်း သူအားငွေလိမ်ထုတ်မူ မှတ်တမ်းတင်ခံလိုက်ရပါတယ်။ ဘဏ်စနစ်အားနည်းချက်ပေါ်မှာ မြန်မာအမျိုးသား ခံလိုက်ရခြင်းဖြစ်ပါတယ်။ အင်တာနက်မှာ လိမ်သူများထဲတွင် Nigerian များမှာ ကမ္ဘာ ကျော်ဖြစ်သည်။

နောက် မြန်မာအမျိုးသား တဦးကလည်း သူအလိမ်ခံရမှု ကို ကျနော်အား အောက်ပါအတိုင်း ပြောပြပါတယ်။ ၂၀၀၃ ခုနစ်ဝန်းကျင် က ဖြစ်ပါတယ်။ သူက မြန်မာ ပြည်တွင်အလိမ်ခံရခြင်းဖြစ်ပါတယ်။ သူက ရတနာကုန်သည်တဦးပါ။ နောက်ဆုံးနာမည် ခန့် ပါသော အာရပ် နှစ်ဦးမြန် မာနိုင်ငံတွင် လာပြီး အလွန်တန်ဖိုးကြီးလှသော ပတ္တမြားလိုချင်သည်ဟု ဆိုပါတယ်။ပွဲစားများက သူထံသို့ ခေါ်လာပါတယ်။ သူက အလွန်အရည်အသွေးကောင်းသော ပတ္တမြား နှစ်လုံးကို ပြသခဲ့ပါတယ်။ တလုံးကို ဒေါ်လာ တသိန်းခန့်  နှင့် ဈေးတည့်ခဲ့တယ်။ အာရပ်လူလိမ် များက ၀ယ်မည်ဟု သဘောတူခဲ့တယ်။ သဘောတူညီချက် deal လုပ်မည်ဟု ဆိုပါတယ်။ သဘောတူညီချက် ဆိုသည်မှာ ပတ္တမြား နှစ်လုံးကို ရတနာထည့် သော သေတ္တာငယ်လေး တွင် ထည့်ပြီး အပေါ်မှာ ချိတ်ပိတ်လိုက်ခြင်း ဖြစ်ပါတယ်။ ရောင်းသူဝယ်သူ သဘောတူသွားပြီ။ ၀ယ်သူက သတ်မှတ်ရက်တွင်ငွေလာချေမယ်။ ရောင်းသူက ဘယ်ဈေးရရ တခြားသူတဦးအား ရောင်းရန် ခွင့်မရှိတော့ပါ။ ချိတ်ပိတ်ပြီး နောက် အာရပ်လူလိမ်က သူလက်ဖြင့် ရတနာ သေတ္တာငယ်အား deal ဆိုကာ လက်ဖြင့် ပုတ်လိုက်ပါတယ်။ နောက်ဟော်တယ်လို ပြန်သွားကြပါတယ်။

သတ်မှတ်ရက်တွင် သူတို့ ပေါ်မလာကြပါ။ ကျနော်မိတ်ဆွေမှာ တစောင့်စောင့် မလာမလာ ဖြစ်နေတယ်။ နောက် မလာရင်လည်း တခြားသူကိုရောင်းရန် ဖွင့်ကြည့်လိုက်တဲ့အခါမှာ ရတနာများ မရှိတော့ပါ။ အလိမ်ခံရတဲ့ အကြောင်းကို ရဲချူပ်ခင်ရီထံကို အကြောင်းကြားသော်လည်း ခင်ရီက ဘာမှမလုပ်ပေးနိုင်ဟုဆိုပါတယ်။
ပစ္စည်းအလိမ်ခံရသော ကျနော်မိတ်ဆွေမှာ ပြဿနာ အကြီးအကျယ် တက်ပါတော့တယ်။အကြောင်းမှာ ပတ္တမြားတလုံးဟာ ဒီကေ ဘီ အေ မှ ဗိုလ်မူးတဦးပိုင်ဟု ဆိုလာလို့ ဖြစ်တယ်။ဒီကေဘီအေ မှ လိုက်လံ သတ်ဖြတ်သဖြင့် ထိုမိတ်ဆွေမှာ ပြန်မဆပ်နိုင်သဖြင့် မြန်မာပြည်မှ ထွက်ပြေးရပါတော့တယ်။

သူသည် ကျနော် ငယ်စဉ်ကတည်းက သိသော မိတ်ဆွေတဦးဖြစ်ပါတယ်။ ရိုးသားကြသူများလည်း ဖြစ်ပါတယ်။

နောက်ရတနာကုန်သည် ကလည်း ကျနော်ကို သူဇာတ်လမ်းကိုပြောပြပါတယ်။
တရုပ်နိင်ငံနှင့် ကုန်သွယ်သူများလည်း သတိပြုဖို့ လိုပါတယ်။
တရုပ်စီးပွားရေးတွင် ဥပဒေရှိသောလည်း မထိရောက်။ တရုပ်ဥပဒေသည် တခုသာရှိသည် ၄င်းမှာ အမေရိကန်ကို ကြောက်ခြင်း ဥပဒေသတခုသာတည်း။ အမေရိကန်များပင် မဟာအလိမ်ခံနေရပါတယ်။ အမေရိကန် လုပ် ပစည်းများကို အကြီးအကျယ်အတုလုပ်ပြီး အလုပ်ဖြစ်နေကြတယ်။
တရုပ်ပြည်က ရတနာ ပြပွဲ တွင်ကျနော်မိတ်ဆွေ သွားရောင်းတယ်၊ တရုပ်တွေ အလုအယက် လာဝယ်ကြတယ်။ သူကအလွန်ရောင်းရတယ်လို့ ထင်တယ်။
ရောင်းပြီးသွားတဲ့အခါ တရုပ်အစိုးရထံ ယွန်ငွေနှင့် ဒေါ်လာလဲတဲ့အခါမှာ တရုပ်အစိုးရက အတုတွေဟု ပြောပါတယ်။ ငွေများကို လဲမပေးပါ။ အတုနှင့်ဝယ်သူများကိုလည်း ဖမ်းမပေးပါ။
သူသည်ပင်လည်း အတုလက်ဝယ်ကိုင်ဆောင်မူနှင့် အဖမ်းခံရတော့မလို ဖြစ်လာခဲ့ရ ပါတယ်။
မြန်မာများ တရုပ်တို့ နှင့် စီးပွားရေးလုပ်လျှင်သတိပြုဖို့ လိုပါတယ်။ တရုပ်နိုင်ငံ သည် မြန်မာနိုင်ငံ ကို ဘယ်သောအခါမှ ကောင်းကျိုးမပေးခဲ့ပါ။

အဖိုးတန်ပစ္စည်းများကိုဈေးချို ချို နဲ့ ရောင်းပြီး တရားဝင်လိမ်ခြင်း

လောဘကြီးတဲ့သူ အချောင် လိုချင်တဲ့ သူတွေဟာလည်း လူလိမ်တို့ ရဲ့ သားကောင်တွေ ဖြစ်သွားလေ့ရှိပါတယ်။ ကျနော်မိတ်ဆွေတဦး အလိမ်ခံရမှုမှာလည်း ဒီလိုဖြစ်ပါတယ်။ ဒါကတော့ ကျနော်ပါသူနှင့်အတူ ပါသွားစဉ်ကဖြစ်တယ်။ ကျနော်မိတ်ဆွေရယ်။ သူမိန်းမရယ် ။ ကျနော်ရယ် Shoping Mall တခုကိုဈေးဝယ်ထွက်ခဲပါတယ်။
မော ရှေ့ အရောက်မှာ ကားပတ်ကင် မှာ ကားကို ထိုးနေစဉ် ဥပရောပသားတဦးက
ကျနော်မိတ်ဆွေအား ဟိုက်ဝေး လမ်းမလမ်းညွန်ကို ဘယ်လို မောင်းရပါသလည်း လို့ မေးပါတယ်။ ကျနော်မိတ်ဆွေမှာ ဟိုက်ဝေးကို သွားနည်းကို စိတ်ရှည်လက်ရှည် ပြသနေပါတယ်။ ကျနော် ရယ် သူမိန်းမ ရယ် ကလေးရယ်က စကားတပြောပြော လမ်းလျှောက်ရင်း မောရှေ့ မှရပ်စောင့်နေလိုက်ကြပါတယ်။
သူနှင့် ဥရောပသား တို့ လက်ညိုးတထိုးထို စကားပြောနေပါတယ်။
နော်ကတော့ ကျနော်မိတ်ဆွေက ဥရောပသားကားနောက်သို့ လိုက်သွားပါတယ်။ ကျနော်တို့ ကလည်း စကားတပြောရင် ကြည့် နေပါတယ်။ နောက်တော့ အတော်ကြာ သွားတယ်။
သူမိန်းမက စိတ်မရှည်ပဲ ဈေးစတင်ဝယ်ပါတယ်။

နောက်တအောင့်ကြာတော့ကျနော်မိတ်ဆွေ ပ္ပစည်းတွေ တပွေ့ တပိုက်နဲ့ ပြန်လာပါတယ်။
ကျနော် ကြည့် လိုက်ရာ သရေ ဂျာကင် သုံးလေးထည် နှင့် ကင်မရာတလုံး လက်ထဲမှာ ပါလာပါတယ်။ သူက ဒီလူ အပြန်စားရိတ်မရှိလို့ သူက ဈေးချို ချို နဲ့ ရလာတယ်ဟု ဆိုတယ်။ သူက ဟာ တွေအားလုံးပေါင်းလိုက်ရင် တစ်ထောင်ကျော်လောက်တန်တယ်။ ကျနော် ဒေါ်လာ ၄၀၀ ထဲနဲ့ ရလာတာဗျ လို့ ဝမ်းသာအားရဆိုတယ်။ ကျနော်က ချက်ခြင်းဆိုသလို ခင်ဗျားအလိမ်ခံရပြီလို့ ပြောလိုက်တော့ သူမျက်နာပျက်သွားတယ်။ သူအမျိုးသမီးကလည်း ကိုယ်နဲ့ မသိတဲ့သူဆီက ဘာဖြစ်လို့ ဝယ်လာတာလည်းဆိုပြီး သူယောက်ျားကို စိတ်ဆိုးတယ်။

အိမ်ရောက်တော့ကင်မရာ ကို ဖွင့်ကြည့်တယ်။ အထဲမှာဟောင်လောင်း။ ဘောက်စ်ကင်မရာ မျှသာဖြစ်တယ်။တရုပ်တန်းမှာ ၀ယ်ရင် ဒေါ်လာ ၆ ဒေါ်လာလောက်ပဲရှိမယ်။ သရေဂျာကင်တွေက အတုတွေ။ ဒေါ်လာ ၁၀ ဒေါ်လာ ၂၀ ခန့် သာတန်တယ်။

အင်တာနက် နဲ့ တယ်လီဖုန်းပေါ်ကလူလိမ်များ နှင့်သူခိုးများ

အခုအင်တာနက်တွေပေါ်လာတော့ လိမ်နည်းတွေ က ပိုပြီးအဆင့်မြင့်လာတယ်။
အီမေးလ်တွေကနေ သင် ထီပေါက်တယ်။ သင့်ကို ရွေးချယ်လိုက်ပြီ ။ ဒေါ်လာ သန်း ၃၀ ရမယ်လောလော ဆယ် မှာ သင့် အတွက် လိုအပ်တဲ့ စာရွက်စာတန်းတွေ ပြုစုရမှာဖြစ်တဲ့အတွက် ဒေါ်လာ ၆၀၀ အရင်ဆုံး ပေးသွင်းရမယ်။ စသဖြင့် လိပ်စာတွေ အီးမေးလ်တွေ တယ်လီဖုန်းနံပတ်တွေနဲ့  လိမ်တဲ့သူက ရေးသားပေးပို့ လေ့ရှိတယ်။ သတိထားကြပါ။

နောက် တခုကတော့ မိုးဘိုင်း ဖုန်း တွေကို ကိုယ်မသိပဲ လိုင်း ကိုကြားဖြတ်ခိုးတယ်။
ဒီတော့ ကိုယ်နံပတ်ကို သူခိုးရသွားတယ်။ ကိုယ်နံပတ်နဲ့ လျှောက်ဆက်လေ့ရှိတယ်။တကယ်လို့ ခင်ဗျား မိုးဘိုင်းလ် က ပိုက်ဆံတွေ အလွန်းအမင်း ပေးဆောင်ဖို့  ဖြစ်လာတယ် ဆိုရင်မပေးပါနဲ့  ဖုန်းကုမ္ပဏီကိုခေါ်ပါ။ ဖြေရှင်းချက် လုပ်ပါ။

လူမှောင်ခိုများ နှင့် လိမ်လည်မှုများ

ကျနော်ထိုင်းမြန်မာ နယ်စပ်မှာ ရှိစဉ်က အမြဲတစေကြားနေရတဲ့ ဇာတ်လမ်းကတော့အလုပ်ရမယ် ခေါ်လာပြီး ဘန်ကောက်မှာပစ်သွားတာပဲ။ ဒါကလူပွဲစားတွေလုပ်တာ။ အလုပ်ကို မလေးရှားမှာရမယ်။ ဘန်ကောက်မှာ ရမယ်ဆိုပြီး သိန်းနဲ့ ချီပြီးယူလိုက်တယ်။ ဘန်ကောက်ရောက်တော့ ဘာအလုပ်မှမရှာပဲ ပွဲစားပျောက်သွားတယ်။ တခါတရံမှာ ဗီဇာရအောင် လုပ်ရဦးမယ်ဆိုပြီး ပတ်စပို့ ကို ယူသွားတယ်။ ရောင်းစားပစ်တယ်။
အလိမ်ခံရတယ်။ တခါတရံမှာ ထိုင်းရဲက ဖမ်းတာခံရတယ်။ ဖမ်းတဲ့အခါမှာ ပတ်စပို့  လက်ထဲမှာမပြနိုင်တော့ ထောင်ချတာပါ ခံရပြန်တယ်။

၁၉၉၉ ခုနစ်လောက်က အေဘီအက်စီအက် ဒုဥက္ကဌ ကိုကျော်ကို အဖွဲ့ စည်းတာဝန်နဲ့  ခရီးထွက်စဉ် ထိုင်းနိုင်ငံအတွင်းမှာ အဖမ်းခံရတယ်။ Cambodia တနှစ်လောက်ကျတယ်။
သူ ထောင်ကျစဉ်မှာ တဖက်ခန်းမှာ မြန်မာ အမျိုးသမီးလေးတဦးလည်း အဖမ်းခံနေရတယ်။
ညဖက်မှာရဲ ကအမျိးသမီးလေးကို ခေါ်ထုတ်ပြီး အဓမ္မကျင့်လိုက်တယ်။ အမျိုးသမီးလေးက နောက်တနေ့ မှာ အခန်းပြန်ရောက်တယ်။ အချုပ်ထဲမှာ သူကိုယ်သူ သတ်သေသွားတယ်။သူမက ထိုင်းမှာအလုပ်လာလုပ်စဉ် အဖမ်းခံရတယ်။ ငွေ စုဆောင်းမိလာတော့ ပြန်ဖို့ အလုပ်မှာ ထိုင်းရဲက ဖမ်းတာကိုခံရတယ်။ နှစ်ပေါင်းများစွာ လုပ်လာတဲ့ ငွေတွေလည်း ပါသွားတယ်။လူလည်းဆုံးသွားတယ်။ ၂၀၀၀ ခုနစ်ဝန်းကျင်လောက်က မြန်မာအမျိုးသမီးလေး တွေကိုဂျပန်မှာအလုပ်ရမယ်ဆိုပြီး ရောင်းစားတာခံလိုက်ရတယ်။

ပြဿနာ

ဘာကြောင့် မြန်မာတွေ အခုလို ဒုက္ခ တွေကိုရင်ဆိုင်ကြရတာလည်း ။
ပြသာနာ ဟာ ဘာလဲ။ ပြဿနာကတော့ တခြားမဟုတ်ဘူး။ ပြသာနာ နှစ်ခုရှိတယ်။

၁- အမျိုးသားရေး အသိတရား - ကင်းမဲ့ မှု - National Coconsciousness ဖြစ်တယ်။
မြန်မာတွေဟာ ၁၉၈၈ခုနစ်လူထုလူပ်ရှားမူကြီး အပြီးမှာ အစုလိုက် အပြုံလိုက် ကိုယ်နိုင်ငံက ထွက်ပြေးနေကြရတယ်။ နိုင်ငံခြားကို လာရောက်ပြီး အလုပ်လုပ်ကိုင်ကြရတယ်။ သတင်းအချက်အလက် ဘာမှမရှိကြဘူး။အတော်များများ မှာ လာမဲ့ဘေးပြေးတွေ့  ဆိုတဲ့စိတ်ဓါတ်နဲ့ပဲ ထွက်လာကြတယ်။
နိင်ငံခြားရောက်တော့ ဘတ်စ်ကား အကြီးကြီးတွေ နဲ့ ဓါတ်ပုံတွဲရိုက်ဖို့ ကို ပိုပြီးစိတ်အားထက်သန်နေကြတယ်။ တိုင်းပြည်မှာ ကျန်တဲ့သူငယ်ချင်းကို ဓါတ်ပုံပြန်ပို့ ကြွားဖို့  လောက်ပဲ ဖြစ်နေတယ်၊။ ရင်ဆိုင်ရတဲ့ ဒုက္ခတွေကို မပြောချင်ဘူး။
ဒီတော့ သတင်းအချက်အလက်တွေ အပြန်အလှန် ဖလှယ်တာ စနစ်တကျ မှတ်တမ်းတင် ပြောဆိုတာ မလုပ်နိုင်ဘူး။ မြေပုံမပါပဲခရီးထွက်လာသလို ဖြစ်နေကြတယ်။

တာဝန်ခံမှုမရှိမှု- Responsibility

မြန်မာသံရုံးတွေရှိတယ်။ ပြည်ပရောက်နေတဲ့ ကိုယ်နိုင်ငံသားတွေကို ဘာမှာ တာဝန်ယူမှု- Responsibility မရှိဘူး ။ မတရားအခွန်ကောက်ဖို့  ။ နိုင်ငံခြားရောက်တုန်းမှာ ရသမျှ
သယ်သွားနိုင်ဖို့ ပဲ အသိရှိတယ်။ ကိုယ်နိုင်ငံသားတွေ ရင်ဆိုင်ရတဲ့ ဘေးဒုက္ခတွေ အပေါ်မှာ
ဘာတခုမှ တာဝန်မယူပါဘူး။ ဒီတော့ မြန်မာတွေ ဟာ နိုင်ငံခြားမှာ စကောထဲ ဇီဖြူသီး လှိမ့်နေသလို လိမ့်နေတယ်။ ဆူးကြားကဗူးခါးလို အန္တရယ်တွေကို နည်းမျိုးစုံနဲ့  ရင်ဆိုင်နေကြ ရတယ်။

မြန်မာတွေရဲ့ ပြဿနာကို နအဖ သံရုံးကတော့ ထည့်စဉ်းစားမှာ မဟုတ်ဘူး။ ဒါဆို ကျနော်တို့ ဒီမိုကရေစီအင်အားစုတွေကရော။ ကျနော်တို့ ကလည်း သံရုံးရှေ့ မှာအော်ကြမယ်။ ဟစ်ကြမယ်။ ဆန္ဒ ပြကြမယ်။

ဒီလောက်ဆို တိုင်းပြည်အတွက် တော်တော်လုပ်လိုက်ပြီ ထင်နေကြတယ်။ တကယ်က နိင်ငံခြားမှာ ရင်ဆိုင်နေရတဲ့ မြန်မာတွေရဲ့ ပြဿနာလေးကိုမှ မဖြေရှင်းနိုင်ရင် ပြည်တွင်းမှာ ဖြစ်နေတဲ့ ပြဿနာပေါင်း သောင်းခြောက်ထောင်ကို ကျနော်တို့ ကရော ဖြေရှင်းနိုင်ဦးမှာလား ဆိုတာ စဉ်းစားစရာဖြစ်တယ်။ လူထုက အကာအကွယ်မဲ့နေတယ်။
ကျနော်တို့ နိုင်ငံခြားမှာရောက်နေတဲ့ ပြည်သူလူထုတွေကို ပညာရေး ။ စီးပွာရေး။ လူမှုရေးပြဿနာတွေကို တာဝန်ယူ ဖြေရှင်းပေးဖို့ တကယ်လိုအပ်နေပြီ။



အဖြေ - Solution

• ဒီမိုကရေစီအင်အားစုတွေဟာ နိုင်ငံတိုင်းမှာ ရှိနေကြတယ်။ လူမှုရေးအရ အပြန်အလှန်ကူညီ စောင့်ရှောက်တဲ့ လုပ်ငန်းတွေကို လုပ်ဆောင်သင့်တယ်။
• သတင်းအချက်အလက်တွေကို အပြန်အလှန် ဖလှယ်နိင်တယ်။ ရယူနိုင်တဲ့ အင်တာနက် တွေ ၊ ဘလောက်တွေလိုနေပြီ။
• ခင်ဗျား မြန်မာလား - ဘာအကူညီလိုလည်း ပြော ဆိုတဲ့ စိတ်ထားကိုမွေးမြူဖို့  လိုပြီ။


မိုးသီး


5 comments :

Anonymous said...

for dear 'm',
what are you talking about fighting battle or whatever .,I don't fighting with nobody ,you don't fight either,we all just writing the comment ,if you really want to fight with burmese gov, go join with KNU or some multi militia groups,you will find out what the fuck is real battles are,i hope you not pissing in your pants,ask ko moe thee zun,does he still want to be in that kind of situation or not? [no one likes war] and no body can't save Burma from oversea without coming back ,but they can support from oversea and more people will be die again and again in Myanmar,fucking people from oversea just showing their face(not everyone,somes are try to cover their shit face) infront of Burmese embassy or UN and ,screaming about killing people(monks) and some smart ass are talking too much about " oh all Myanmar people who really suffering for democracy we understand your feeling and we will be right behind you and supporting please don't afraid those shit heads(SPDC),oversea Protesters(80% )of them are they don't really know about politics and they just want to get asylum or whatever the rules of the country they living in,they try to took their fucking face in the photos and give it to the lawer for their case,so I am really sorry for those people who really love their country and gave their lifes for democracy in Myanmar ,but lots of people from oversea smart ass were jumped into that situation and took advantage for their family business,
we don't even get democracy in Myanmar but how many different political groups are already in oversea and they can't trust each other and keep in eyes on each other ,if you are something truth or some political idea to give them they will say you somthing shit about right behind you,
if you are in U.G member and say something smarter than others they will put you on Burmese spy list and they will kill you for sure in the jungle,
[ANYWAY HAVE YOU EVER MET THOSE SPDC'S MI, and answered their question before..
you should find out yourself frist and talk to me ]

so nobody want to die with the bullet from their back side, ask ko gyi thee thee if you want to know real stories ABOUT real life in jungle or refugee camps ,if he honest with you he will tell.
so now let me ask you , Why revolution is taking so long?,
time to know for mistake ,strategy,and our Burmese people 's nature
if we still finding the way to fight for democracy that will be too late for next generation
if you are not good leader they can't be good follower
same thing will be happen over and over just like stupid shit heads SPDC gov.
Look at those hate groups,they can't even control their own militia army to one blood for centuries ,
So how they and (political genius) going to break through the Myanmar goverment,I think you know how to play chess, if you don't know how to protect your pawn (people), they can't become your knight or your queen,because you have to protect them first and give some hopes for future warriors
,now our queen (daw su)is in trouble,
but we still have hopes..
because evey single pawn[people] can be become a queen oneday..
KING CAN'T BE BECOME A POWERFUL KING WITHOUT KNIGHTS
ARE YOU GUYS REALLY READY TO QUALIFY FOR BECOME KNIGHTS
SHOW SOME THEN..
LETS MOVE YOUR ASS ON FRONT LINE
I DON'T WANT TO SEE YOUR FACE ON FRONT PAGE ONLY

Anonymous said...
This comment has been removed by the author.
Anonymous said...
This comment has been removed by the author.
sam said...

ဘယ်လိုပြောရမှန်းတောင်မသိဘူး၊အရမ်းကိုကောင်းတဲ့
ဆောင်းပါးပါဘဲ၊ကိုမိုးသီးပြောတာတွေဟာကျနော်တို့ တ
ကယ်ကိုလုပ်ရမဲ့အလုပ်တွေပါဘဲ၊ကျနော်တို့ ထိုင်းမှာဆို
ရင်ရဲ၊အလုပ်ရှင်(တချို့ )တွေရဲ့ ကလိမ်ကျ၊အနိုင်ကျင့်မှု
ကိုအများဆုံးခံကြရပါတယ်၊တလောကဘဲကျနော့်တူမ
လေးတယောက်သူအလုပ်ရှင်သူဌေးမနိုင်ငံခြားသွားတုန်း
သူဌေးကအဓ္ဓမကျင့်ဖို့ ကြိုးစားတာကိုခံရပါတယ်၊က
ံကောင်းလို့ ကျနော့်တူမလေးမှာသီသီလေးထွက်ပြေးလွှတ်မြှောက်
်ခဲ့ပါတယ်၊

Weik Zar said...

Hello, Chinese girl.You are right.All chinese are not liars but most of them are heartless and think only about money.I have already met many chinese from all over the world.I have even met chinese from East Timorse and Pakistan.I have already lived all the developed countries in Asia and two western countries of G8 members.Anyway,I am worried about Yabaw Moe Thee who has chinese girl friend(I am not sure whether it is rumor or not.)Is she all right with your comment about Chinese Yabaw Moe Thee?Har Har, some chinese girls are lovely.I have been outside Burma for nearly 17 years.