Monday, 17 December 2007

စစ်လေယျဉ်ပျံ တစင်း ပျက် ကျ


Braking News

မန္တ လေး အနီး မှာ အခု စစ်လေယျဉ်ပျံ တစင်း ပျက် ကျသွားပါတယ်။ လေယျဉ်းမူး နစ်ဦး သေဆုံးတယ်လို့  သိရတယ်။ ဒီလေယဉ်တွေက ၁၉၇၀ ၀န်း ကျင်က တရုပ်တွေလုပ်ထားတဲ့လေယဉ်တွေဖြစ်တယ်။
ရုရား Mig 21 ပုံစံကို လိုင်စင် ယူပြီး Chengdu F 7 အမည်နဲ့  တရုပ်ပြည်မှာတည်ဆောက်ခဲ့တယ်။ မြန်မာပြည်မှာ သုံးနေတဲ့ လေယဉ်များ ဟာ တရုပ် လေတပ်မှာ နစ်ပေါင်းများစွာ အသုံးပြုခဲ့ ပြီးတဲ့ လေယဉ်အဟောင်းတွေဖြစ်ပါတယ်။

ဒီလေယဉ်တွေက သက်တမ်းကုန်ပြီးနားဖို့  အစီအစဉ်လုပ်ထားစဉ်မှာ မြန်မာပြည်ကို ရောင်းချခဲ့တာဖြစ်တယ်။ စုစုပေါင်း အစင်း ၅၄ ဖြစ်တယ်။ တ၀က်ကျော်ကျော်မှာ ပျံသန်းနိင်စွမ်း မရှိတော့ပါ။ ကျန်တဲ့ တ၀က်ရဲ့  ၅၀ရာခိုင်နှုန်း သာ ပျံသန်းနိင်စွမ်းရှိတော့တယ်လို့  James Defense မဂဇင်း က ဆိုပါတယ်။ ဒီလေယျဉ်တွေကို မြန်မာ တိုက် လေယဉ်မူးတွေ က အခေါင်းပျံတွေ လို့ ခေါ်ဆိုနေပါတယ်။

သေဆုံးသွားတဲ့လေယဉ်မူးတွေအတွက် စိတ်မကောင်းပါ။ ဒီလေယဉ်ပျံတွေကိုဆက်လက်ပျံသန်းနေ ပါက တန်ဖိုးရှိတဲ့ မြန်မာ့လေသူရဲ များရဲ ဘ၀ဟာ စိုးရိမ်စရာကောင်းနေပါတယ်။

2 comments :

Anonymous said...

http://www.airliners.net/search/photo.search?aircraft_genericsearch=&airlinesearch=&countrysearch=Myanmar&specialsearch=military&daterange=&keywords=&range=&sort_order=&page_limit=15&thumbnails=&calccount=1245632&truecount=false&engine_version=6.0

Anonymous said...

http://www.einnews.com/myanmar/