Monday, 17 December 2007

သံဃာ တွေကို ဖိနိပ်လာပြီ။သာသနာကို ဖျက်ဆီးလာပြီ


နိုင်ငံတော်ပရိယတ္တိသာသနာ့တက္ကသိုလ်(ရန်ကုန်၊မန္တလေး)မှာ သံဃာတော်တွေ အပါးရေ ၃၅၀ထက်မကျော် စေရ ဟု နအဖမှ အမိန့်ထုတ်ပြန်လိုက်ကြောင်း ယခုလေးတင်ပဲ သတင်း ၀င်ရောက်လာပါသည်။ တက္ကသိုလ်မှာ အပါး ၃၅၀ ကျော်ပါက အကြောင်းရှာ၍ ထုတ်ပေးရမည်၊ တက္ကသိုလ်အကြီးအကဲ ဆရာတော် သုံးပါးမှလွဲ၍ အခြား သံဃာ များကို မည်သည့်အချိန်မဆို စစ်ဆေးခြင်း၊ ရှာဖွေခြင်းများပြုလုပ်သွားမည် ဖြစ်ကြောင်းနှင့် အ ကယ်၍ သက်သေခံ စာရွက်စာတမ်း ဓါတ်ပုံများတွေ့ရှိပါက ဖမ်းဆီးထောင်ချမည်ဖြစ်ကြောင်း။
အတည် မပြုနိုင်သေးသော သတင်းအရ ဒီနှစ်ပထမပြန်စာမေးပွဲဖြေသူအားလုံးကို အအောင်ပေးမည်ဖြစ် ကြောင်း သိရှိရပါသည်။

No comments :