Sunday 2 December 2007

နိင်ငံတော်နဲ့ ဦးကိုလေး - မြေကွက်ခိုးမူ

နိင်ငံတော်ပိုင် မြေကွက်လေးကွက် အခိုး ခံရခြင်း။

ကမ္ဘာ အေး ဘုရားလမ်း ကနေ အင်းလျားရိပ်သာ မှတ်တိုင်ကနေ ၀င်သွားရင်
အင်လျားကန်ဇောင်းအနီးမှာ ပြည်သူပိုင်မြေကွက်လေးကွက်ရှိတယ်။ ဒီမြေတွေဟာ ပြည် သူလူုထု ပိုင်မြေတွေဖြစ်တယ်။ တကွက်ကို ကါလပေါက်ဈေး ဒေါ်လာ ၆ သိန်းခန့် ရှိနေတယ်။
ဒီမြေကွက်လေးကွက် ကို ဦးကိုလေးမြို့ တော်ဝန်ဖြစ်စဉ်မှာ ခိုးယူခဲ့ပါတယ်။
ဒီမိုကရေစီရတာနဲ့ ဒီမြေကွက်တွေကို ချက်ခြင်းပြန်လည်သိမ်း နိင်ဖို့ အတွက် ဖေါ်ပြလိုက်ပါတယ်။

သူခိုးကြီး ကိုလေး။

ဦးကိုလေး မြို့ တော်ဝန်ဖြစ်တဲ့အချိန်မှာ အင်းလျားကန်ဇောင်းကပိုင်ရှင်မဲ့ဖြစ်နေတဲ့ ဒီမြေတွေကို ဦးကိုလေးက အပျောက်ရိုက်လိုက်ပါတယ်။ ပြီးတော့ ဒီမြေ ကို လေးပိုင်း ပိုင်းလိုက်ပါတယ်။
သုံးကွက်ကို သူယူလိုက်တယ်။ တကွက်က သူ တပည့်  မြေဌာ နက ညွန် မူးကိုပေးလိုက်တယ်။ သူရတဲ့သုံးကွက်မှာ သူ သမီး အေးအေးဟန်ကို တကွက်ပေးလိုက်တယ်။ သူသား သန်းဟန် ကိုတကွက် ပေးခဲ့တယ်။
မက်စ် ဇော်ဇော်ကို တကွက်ရောင်းလိုက်တယ်။ ကိုလေး ရဲ့ သား သန်းဟန်က မက်စ်ဇော်ဇော်ကို ပဲ ပြန်ရောင်းလိုက်တဲ့အတွက် မက်စ်ဇော်ဇော်ဟာ မြေကွက် နစ်ကွက် ပိုင်ခဲ့ပါတယ်။
တကွက်ကိုမရောင်းရသေးဘူး။ မက်စ်ဇော်ဇော် က ဒီမြေကွက်ပေါ်မှာ ဧရာမ အိမ်ကြီးတလုံးဆောက်လိုက်တယ်။ သူ့ အိမ်ကို ကမ္ဘာအေးဘုရားလမ်း နဲ့ ရန်ကင်းလမ်းမ လမ်းဆုံကနေကြည့် ရင်တောင်မြင်ရတယ်။ ခေါင်မိုး အနီရောင်နဲ့  အိမ်ဖြစ်တယ်။ အိမ်ထဲမှာ ရုပ်ရှင်ရုံ၊ ဘား။ကာရာအိုကေ အခန်း နဲ့ ဓါတ်လှေကား ပါ တပ်ထားတယ်။ အိမ်ထဲမှာ ဥရောပက အကောင်းဆုံး ပရိဘောဂတွေ တပ်ဆင်ထားတယ်။

မြို့ တော်ဝန် အသစ်
အောင်သိန်းလင်း။

ဦးကိုလေးပြုတ်ပြီး မကြာခင်မှာ ဗိုလ်ချုပ်အောင်သန်းလင်းက မြို့ တော်ဝန်ဖြစ်လာတယ်။
မြေကွက်အရူပ်တော်ပုံကို သိလာတဲ့အတွက် ဌာနမူးနဲ့  အလွဲ သုံးစားမူမှာပါဝင်တဲ့ ထောက်လှမ်းရေးမူး တယောက်ကိုလည်း စစ်ဆေးတယ်။ စစ်နေချိန်မှာ ဌာနမူး ထွက်ပြေးတယ်။ သူက တရုပ်ပြည်ကိုထွက်ပြေးတယ်လို့ သိရတယ်။ ထောက်လှမ်းရေး မှူးကတော့ သေတယ်။ သူက ဆီးချို ဆေးထိုးနေရတဲ့သူ။ စစ်ဆေးချိန်မှာ ဆီးချို ဆေးကိုထိုးမပေးလို့ သေတယ်။ အခုလောလောဆယ်မှာ မြေကွက်တွေကို
ပြည်သူပိုင်လို့ ကြေညာချင်းမရှိသေးဘူး။ တယောက်ကိုတယောက်ချောင်းနေတုံး။
ဘုံးဖို့  ကြံနေကြတုံးဖြစ်တယ်။
ဂူဂဲလ် မှ မြင်ရတဲ့မြေကွက်များ အောက်မှာဖေါ်ပြထားပါတယ်။

No comments :