Friday, 14 December 2007

သန်းရွေ သံဃာစင်ပါမှောက် နေ ပြီ၊

ရဲ ဘော် တို့ 
ညီအကိုမောင်နှမ အပေါင်းတို့ 

သန်းရွှေ ၊ အောင်သောင်း၊ မောင်သောင်း ( နစ်သောင်းတရွှေဂိုဏ်း ) ဟာ အမိုက်ရိုင်းဆုံးလုပ်ရပ်တွေကို အဆက်မပြတ်လုပ်ဆောင်နေပြီ။ ကမ္ဘာ အေး သံဃာ တက္ကသိုလ်က ဆရာတော် ရှစ်ပါးကို ဒီဇင်ဘာ ၆ ရက် နေ့ က ကျောင်းကနေ ထုတ် ပြန်သလို ဒီနေ့ လဲ ရန်ကုန်ဆောင်ကိုပိတ်လိုက်ပြီဖြစ်တဲ့အပြင် အဆောင်မှူးဆရာတော်နှစ်ပါးကိုမောင်းထုတ်လိုက်ပြန်ပါပြီ။ ဆရာတော်တွေက စက်တင်ဘာ သံဃာ လူပ်ရှားမူကြီးမှာ ပါဝင်ခဲ့လို့ လို ဆိုတယ်။ဒါဟာ သံဃာ ထုကို ရန်သူလို သဘောထားပြီးတစတစ နိပ်ကွပ်နေတာ ဖြစ်တယ်။ဒီဇင်ဘာလ ဆန်းပိုင်းက မဂ္ဂင်ကျောင်းကို ပိတ်ခဲ့တယ်။ဆရာတော်ကြီးကို ကျောင်းပေါ်ကနေနှင်ထုတ်ခဲ့တယ်။နိင်ငံတလွှားကဘုန်းတော်ကြီးကျောင်းတိုက်တွေမှာရှိတဲ့သံဃာတွေကို နှင်ထုတ်ခံခဲ့ရတယ်။ဒီအတိုင်းလက်ပိုက်ကြည့် နေရင်တော့ ဗုဒ္ဓသာသနာ ဟာ မြန်မာ ပြည်မှာကွယ်ပျောက်ပြီးသန်းရွှေ ရဲ့ မိစ္ဆာတွေ ဗိုလ်ကျလွှမ်းမိုးတဲ့ ဘာသာ ဖြစ်လာလိမ့်မယ်။
လက်ပိုက်ကြည့် မနေပဲ မတရားလုပ်ရပ်တွေကို အစွမ်းကုန်ခုခံကြပါစို့  လို့ တပ်လှ့န် လိုက်တယ်။

No comments :