Wednesday, 5 December 2007

သာသနာ အန္တရယ် ကျရောက်နေ ပြီ
သာသနာကို မြန်မာတွေ အသက်နဲ့ လဲ ကာကွယ်ကြ။

နအဖ အစိုးရ နှင့် စစ်သား များ သည် ရွှေတိဂုံဘုရား၊ပုဂံဘုရားတွေမှရှေး လက် ရာ တွေ ကို ဖျက် စီး ပစ် ခဲ့ သည်။
မဟာမြတ်မုနိ ဘုရားကြီး ဌာပနာ ကိုဖေါက်ခဲ့သည်။ ၂၀၀၇ခုနစ်စက်တင်ဘာမှာမြန်မာစစ်သားများကြောင့် ထောင်ကျပြီး သံဃာတွေအသတ်ခံရသည်။
မဂင်ကျောင်းအပိတ်ခံရပြီ။ မြန်မာပြည်မှာ ဗုဓဘာသာ သာသနာကွယ်ပျောက်တော့မည်။
သတင်းဌာနများမှ သံဃာ့ သတင်းများ ကို ဆက်တိုက်ဖေါ်ပြနေဖို့  လိုပါသည်။
အမျိုးဘာသာသာသနာကိုအသက်နဲ့ လဲပြီး ကာကွယ် ကြပါစို့ ။

1 comment :

ဆန္ဒမွန် said...

ဒီဆွေးနွေးချက်ကို ကျွန်တော် ဒီဇင်ဘာ ၅ ရက်နေ့မှာ ဘီဘီစီဆွေးနွေးခန်းက ကျွန်တော် ကြားလိုက်မိပါတယ်။ ဒီဆွေးနွေးချက်ကို ကျွန်တော်ဖြည့်စွတ်ဆွေးနွေးချင် ပါတယ်။ ဘုရား ဆင်းတုတော်တွေ ဖျက်ဆီးလို့ သာသနာ အန္တရယ်ကျရောက်တာထက် ပိုပြီးစိုးရိမ်စရာကောင်းတဲ့ အချက် ၂ ချက်ကို ထောက်ပြဆွေးနွေးချင်ပါတယ်။

၁။ သံဃာတွေနဲ့ ပါတ်သတ်ပါတယ်။ ကျွန်တော်တို့ ဗုဒ္ဓဘာသာတွေမှာ သိထားပြီးလက်ခံထားတာက သံဃာတွေရဲ့ အသက်ဟာ ၀တ်နည်းလို့ နားလည်ပါတယ်။ ဘုရာရှင် ပညပ်တော်မူခဲ့တဲ့ ၀တ်နည်းတွေကို လိုက်နာခြင်းအားဖြင့်သံဃာ တွေက သာသနာကို တည်တံ့အောင် ဆောင်ရွတ်နေကြရတယ်လို့ နားလည်ထားပါတယ်။ ဒီနေ့ဖြစ်နေတဲ့ မြန်မာပြည်အနေအထားမှာ ၀တ်နည်းတော်နဲ့ အညီ ကံဆောင်တဲ့ သံဃာတော်တွေ နဲ့ ကံမဆောင်တဲ့ သံဃာရယ် လို့ ၂ မျိုးဖြစ်နေပါတယ်။ ကံဆောင်တဲ့ သံဃာကျပြန်တော့ နအဖ က သပုန်စခန်းသဖွယ် ဖြတ် ၄ ဖြတ်ပုံစံမျိုး ကျောင်းတိုက်တွေ ကို ပြင်ပ ဒကာ ဒကာမတွေနဲ့ ဖြတ်တောက် နေပါတယ်။ ဒီတော့ ဘုရားရှင်ရဲ ပညပ်တော်နဲ့ အညီကျင့်ကြံတဲ့ သံဃာတွေဟာ အန္တရယ်ကြရောက်နေပါတယ်။ တနည်း ပြောရ ရင် ဘုရားရှင်ရဲ့ ၀တ်နည်းတော်အပေါ်မှာ သွယ်ဝိုက်သောနည်းအားဖြင့် အန္တရယ်ကျ ရောက် နေပြီလို့ ပြောလို့ ရပါတယ်။

၂။ လူတွေနဲ့ ပါတ်တတ်ပါတယ်။ မြန်မာနိုင် ငံ ဟာဗုဒ္ဓဘာသာ ကံ၊ကံရဲ့အကျိုးကိုလက်ခံယုံကြည်မှု့ အရိုးစွဲနေပြီဟု ဗုဒ္ဓသာသနာ မြန်မာနိုင်ငံမှာ မပြောက်ကွယ်နိုင်ဟု ယုံကြည်သူတွေလည်းရှိနေပါတယ်။ မှန်ပါတယ်။ ကျွန်တော်တို့ တစ်တွေဟာ အကြွင်းမဲ့ ယုံကြည်ထားသူတွေဖြစ်ပါတယ်။ ဒါပေမဲ့ နောင် အနာဂါတ်ကို စဉ်းစားကြည့်ပါစို့. လက်ရှိ ၁၀ နှစ်အောင် မျိုးဆက် ကလေးတွေကို စဉ်းစားကြည့်ပါစို့.။ သူတို့ စိတ် သူတို့ အတွေးတွေ ဘယ်လိုဖြစ်လာနိုင်မလဲ သတိထားစေချင်ပါတယ်။သံဃာကို စော်ကား ရိုက်နက် သတ်ဖြတ်တာကို သူတို့ မျက်မြင်လိုတွေ့ရတယ်။ကြားရတယ်။ ကလေးတွေရဲ့ စိတ်အတွေးတွေမှာ မှာသံဃာကို ရိုက်နက်တဲ့ကောင် တွေ ဖမ်းဆီးတဲ့ ကောင်တွေ သတ်ဖြတ်တဲ့ ကြံ့ဖွတ်လို ၊ စွမ်းအားရှင်လို ၊စစ်တပ် လုံထိမ်းလို ကောင်တွေက အပြစ်မရောက်တဲ့ အပြင် ဆဲဖုန်းတွေ ခါမှာ ချိတ်လို့ တိုက်တွေကားတွေနဲ့ ဖြစ်တဲ့ သူက ဖြစ်။ သံဃာကို ရေလှူမိလို့ ထောင်တဲ့ ရောက်တဲ့ သူက ရောက်။ နှိပ်စက် ခံရတဲ့ သူက ခံရ တယ်လို့ များ သူတို့ စိတ်မှာ လူမိုက်အားပေးစိတ်တွေ စွန်းထင်းကုန်ကြရင် ဘာသာတရား အပေါ်ယုံကြည်မှု့တွေလျော့ပါးသွားစရာအကြောင်းရှိပါတယ်။ မြန်မာနိုင်ငံရဲ အနာဂါတ်သာသနာ ဟာ ယုံကြည်မှု့တွေလျော့ ပြီးမှေးမှိန်သွားနိုင် တယ် လို့ သတိပြုစေလိုပါတယ်။ ဒါကြောင့် မြန်မာနိုင်ငံ သာသနာဟာ အန္တရယ်ကြရောက်နေပြီလို့ ပြောလို့ ရပါတယ်။
တချိန်က ဗုဒ္ဓဘာသာထွန်းကားတဲ့ ကိုရီးယာနိုင်ငံကို ပဲကြည့် ပါး ဘုရားဆင်းတုတွေရှိပါတယ်။ ကျောင်းကန်တွေရှိပါတယ် ဒါပေမယ့် ဒီနေ့ အချိန်မှာ ကိုရီးယားလူငယ်တွေအတွတ်ဒါဟာ ပြတိုက် လိုလို၊ အလည်အပါတ်သွားဘို့ နေရာလိုလို ဖြစ်သွားပါတယ်.။ ယုံကြည်မှု့ သဒ္ဓါလျော့ပါးသွားခြင်းရဲ့ အကျိုးဆက်ပါ။

ကျေးဇူးတင်ပါ၏။
ဆန္ဒမွန်