Tuesday, 18 December 2007

ထိုင်း-မြန်မာ တိုက်ပွဲ သိုမဟုတ်

နယ်ခြားစခန်းအမှတ်၉၆၃၁တိုက်ပွဲ

This is the translation of " The Battle at Border Post 9631" article in Burmese.

မန်မာနှင့်ထိုင်းအကြား၂၀၀၁ခုနှစ် ဖေဖော်ဝါရီလတွင် ဖြစ်ပွါးသော ပြင်းထန်သည့်တိုက်ခိုက်မှုများက အိမ်နီးခြင်း နိုင်ငံများ၏ ဆောင်ရွက်မှုများ မြန်မာနိုင်ငံတွင်း အခြေအနေအပေါ်မည်မျှသက်ရောက်မှုရှိသည်ကို အထင်အရှားပြသပါသည်။ အထူးသဖြင့် မြန်မာနိုင်ငံ၏ အာဏာရှင်အုပ်စု၊ မူးယစ်ဆေးဝါးနှင့် လက်နက်ကိုင် ဆန်.ကျင်သော အဖွဲ.အစည်းများအကြား ရှုပ်ထွေးကျယ်ပြန်.သည့် ဆက်စပ်မှုများကိုလည်း ပြသပါသည်။

မြန်မာ့တပ်မတော်သည် မြန်မာ - ထိုင်း နယ်စပ်တလျောက် အပြည့်အ၀ ထိန်းချုပ်နိုင်ရန်နှင့် SSA နှင့် တိုက်ခိုက်လျက်ရှိသော UWSA ကို ကူညီပံ့ပိုးရန်အတွက် စစ်ဆင်ရေး ဆင်နွှဲရာမှ ထိုင်းစစ်တပ်နှင့် တိုက်ခိုက် ရသည်အထိ ဖြစ်ပျက်ခဲ့ပါသည်။ ထိုစစ်ဆင်ရေးနှင့် ပတ်သက်ပြီး မြန်မာအာဏာရှင်အုပ်စုမှ တစုံတရာ ထုတ်ဖော်ပြောကြားခြင်း မရှိသော်လည်း နယ်ခြားစခန်းအမှတ် ၉၆၃၁တိုက်ပွဲသည် ဖြစ်ပွါးခဲ့သော တိုက်ပွဲများ အတွင်း အပြင်းထန်ဆုံးဖြစ်သည်။ နယ်ခြားစခန်းအမှတ်၉၆၃၁သည် ထိုင်းနိုင်ငံ ဘန်ပန်နွန်ဒေသ၊ မဲဖလူအန် ခရိုင်အတွင်း နယ်စပ်မှ တကီလိုမီတာအကွာ တောင်ကုန်းလေးပေါ်တွင် တည်ရှိပါသည်။ ဘန်ကောက်မြို.မှ မိုင် ၄၄၀ အကွါ ထိုင်းနိုင်ငံမြောက်ဘက်အစွန်ဆုံးတွင်ရှိပြီး မဲဆိုင်သို.သွားသော လမ်းပေါ်တွင် ရှိနေပါသည်။ ထိုင်းပြည်သူ.စစ် ၂၀ တပ်စွဲထားသော နယ်ခြားစခန်းကို တိုက်ခိုက်ရသည့် အဓိကအကြောင်း မသိရသော် လည်း အချို.ထိုင်းသတင်းရပ်ကွက်များက ရှမ်းပြောက်ကျားများကို လိုက်လံ တိုက်ခိုက်ရင်း မတော်တဆ တိုက်ခိုက်ခြင်းဖြစ်သည်ဟု ဆိုကြသလို အမြောက်အခြေစိုက်စခန်းအဖြစ် အသုံးပြုရန် တိုက်ခိုက်ခြင်း ဖြစ်သည်ဟုလည်း ဆိုကြပါသည်။ ထိုင်းတပ်ဖွဲ.၀င်အများစု ခွင့်ယူသည့် ၂၀၀၁ခုနှစ် ဖေဖော်ဝါရီလ ၉ရက် သောကြာနေ.ညနေတွင် စတင်တိုက်ခိုက်သည့်အချက်မှာ စိတ်ဝင်စားဘွယ်ကောင်းပါသည်။ ထိုင်းကြည်းတပ် တရားမ၀င် သတင်းရပ်ကွက်အချို.၏ အဆိုအရ တိုက်ခိုက်မှုတွင် မြန်မာ တပ်ဖွဲ.၀င် ၉၀၀နှင့် ၀တပ်ဖွဲ.၀င် ၆၀၀ပါသည်ဟုဆိုပါသည်။ ထိုင်းနိုင်ငံအတွင်းသို. မူးယစ်ဆေးဝါး သယ်ဆောင်သော လမ်းကြောင်းပေါ်တွင် ရှိနေသောကြောင့် ဖယ်ရှားရန်အတွက် မြန်မာများက တိုက်ခိုက်ခြင်းဖြစ်သည်ဟုလည်း ဆိုပါသည်။
သန်းရွေ မိသားစုကို ကာကွယ်ရုံမှတပါး တိုက်စွမ်းရည် အလွန်ညံ ဖျင်းနေတဲ့ မြန်မာ့တပ်မတော်


မတိုက်ခိုက်မီကလည်း မူးယစ်ဆေးဝါး ဖြတ်သန်းသယ်ဆောင်ခွင့်ပြုရန် ပြည်သူ.စစ်ခေါင်းဆောင်ကို အကြိမ်ကြိမ် ငွေ ပေးသော်လည်း သူက ငြင်းပယ်ခဲ့ပါသည်။
ပြည်သူ.စစ်တပ်ဖွဲ.၀င်များက ချဉ်းကပ်လာသော မြန်မာများကို အချိန်မီတွေ.ရှိသဖြင့် ၄နာရီကြာ ပြင်းပြင်း ထန်ထန် ခုခံတိုက်ခိုက်ရာ တိုက်ခိုက်လာသော မြန်မာ၂၀၀ အနက် ၁၄ဦးကို သတ်ဖြတ်နိုင်ပြီး ၃၀ ထိခိုက် ဒဏ်ရာရစေလျက် ယင်းတို.ဘက်မှ ၂ဦးသေ ၁၁ဦးဒဏ်ရာ ရရှိခဲ့လေသည်။ ကျဉ်ဆံကုန်ခါနီးတွင် စခန်းမှ ဆုတ်ခွါပေးလိုက်ရာ မြန်မာများစခန်းအမှတ်၉၆၃၁ကို ရရှိသွားပါတော့သည်။ ဒဏ်ရာရသူများကိုသယ်ဆောင် ဆုတ်ခွါလာသော ပြည်သူ.စစ်တပ်ဖွဲ.၀င်များကို မြန်မာများက ထိုင်းအမှတ်(၁)သံချပ်ကါတပ်မမှ ယာဉ်တင် တပ်ရင်း၃ စစ်ကူရောက်လာသည်အထိ အလွယ်တကူ လိုက်လံတိုက်ခိုက်ခဲ့လေသည်။ စခန်းကို ရရှိပြီးမြန်မာ များအနေနှင့် ဆက်လက်တိုက်ခိုက်ရန် မလိုတော့ပါ။ သို.သော် ပြည်သူ.စစ်တပ်ဖွဲ.မှ မျှော်မှန်းထားသည် ထက် ပိုမိုပြင်းထန်စွာ ခုခံတိုက်ခိုက်မှုကြောင့် အရံအဖြစ်ထားရှိသော တပ်ဖွဲ.များပါ သုံးပြီး စခန်းကို တိုက်ခိုက် လိုက်ရပါသည်။ ထို.ကြောင့် အရံတပ်ဖွဲ.များကို စစ်ကူလာမည့်ဘက်နှင့် ဆုတ်ခွါမည့်ဘက်တို.တွင် နေရာမချ နိုင်တော့ဘဲ ပြည်သူ.စစ်တပ်ဖွဲ.၀င်များကို ငါးမျှားစာအဖြစ်အသုံးပြုပြီး စစ်ကူလာသော တပ်ဖွဲ.များကို တိုက်ခိုက်ရန် ရည်ရွယ်ချက် ပျက်ပျယ်ခဲ့ရပါသည်။

ဖေဖော်ဝါရီလ၁၀ရက်တွင် ထိုင်းအမှတ်၃ ယာဉ်တင်တပ်ရင်းသည် M-113A-3 သံချပ်ကါယာဉ်များဖြင့် ဖွဲ.စည်းထားသော ယာဉ်တင်တပ်ရင်း တရင်းမှ တပ်ဖွဲ.၀င်အချို.ကို M-60A3 ပင်မတင့်ကါး တပ်ခွဲတခွဲဖြင့် အားဖြည့်လျက် စစ်ကြောင်းဖွဲ.လိုက်ပါသည်။ ထိုစစ်ကြောင်းကို ဗိုလ်ကြီး ဆွန်ကန်နီဖန် ဦးဆောင်ပြီးချက်ခြင်း စစ်ကူလွှတ်လိုက်လေသည်။ ညနေတွင် မဲဆိုင်ကိုဦးတည်လာသော ထိုတပ်ဖွဲ.က ဆုတ်ခွါလာသော ပြည်သူ. စစ်တပ်ဖွဲ.၀င်များကို တိုက်ခိုက်နေသည့် မြန်မာတပ်ဖွဲ.များကို ပြင်းပြင်းထန်ထန် တန်ပြန်တိုက်ခိုက်ရာ မြန်မာ များ ယင်းတို.၏ ကျဆုံးသွားသော တပ်ဖွဲ.၀င် ၁၇ဦးနှင့် ဒဏ်ရာရသူ ၆၀ ကို ထားခဲ့ပြီး နယ်စပ်ဘက်သို. ဆုတ် ခွါသွားလေသည်။ ထိုင်းဘက်တွင်မူ ၇ဦးသာ ထိခိုက်ဒဏ်ရာ ရခဲ့ပါသည်။

ဖေဖော်ဝါရီ ၁၁ ရက် မနက်တွင်တော့ မြန်မာကြည်းတပ်သည် ခြေလျင်တပ်ရင်း၃ရင်းကို တရုတ်လုပ် T-69 တင့်ကါး များနှင့် အားဖြည့်လျက် အမြောက်ပစ်ကူသုံးပြီး မဲဆိုင်ရှိ ဒေသဆိုင်ရာ စစ်ဌာနချုပ်နှင့် ဂြိုလ်တု ဆက်သွယ်ရေးစခန်းတို.ကို တိုက်ခိုက်လာပါသည်။ ထိုင်းတို.ကလည်း M-60A3 တင့်ကါးများဖြင့် T-69 များ ပါဝင်သော ပင်မ စစ်ကြောင်းကို အဓိကထား တိုက်ခိုက်ပါသည်။ နောက်ပိုင်းတွင် ချင်းမိုင်လေတပ်စခန်း အခြေစိုက် ထိုင်းဘုရင့်လေတပ်မတော်မှ F-5 တိုက်လေယာဉ်များကလည်း လေဆာပဲ့ထိန်းဗုံးများသုံးပြီး အ ကြိမ်ကြိမ်ကူညီ တိုက်ခိုက်ပေးလေသည်။ တနင်္ဂနွေနှောင်းပို်င်းတွင် ထိုင်းဘက်မှ M-109 ယာဉ်တင်အမြောက် တပ်ဖွဲ.များနှင့် ပိုမိုအားကောင်းသော GCN-55 အမြောက်များပါဝင်သည့် တပ်ဖွဲ.များ စစ်ကူထပ်မံ ရောက်ရှိ လာပြန်ရာ ကျန်ရှိသော မြန်မာစစ်ကြောင်းနှစ်ခုအား များစွာထိခိုက်ဒဏ်ရာရစေလျက် ထိုးဖောက်ဝင်ရောက် လာမှုကို ရပ်တန်.သွားစေပါသည်။ အမှတ်(၃) ထိုင်းတပ်မတော်မှ တပ်ဖွဲ.များ စုဖွဲ.ပြီး မဲဆိုင်သို. ပို.လွှတ် နေစဉ် ထိုင်းဘုရင့်လေတပ်မတော်ကလည်း မြန်မာများတပ်စွဲထားရာနှင့် ထောက်ပံ့ရေးစစ်ကြောင်းများကို ပြင်းပြင်းထန်ထန် ဆက်လက်တိုက်ခိုက်လျက်ရှိပါသည်။ တနင်္ဂနွေညနေတွင်တော့ ထိုင်းတို.၏ ပင်မတန်ပြန် တိုက်ခိုက်မှုကြောင့် မြန်မာများကို ထိုင်းနယ်မြေမှ မောင်းထုတ်နိုင်ရုံမက နယ်ခြားစခန်းအမှတ်၉၆၃၁ကိုလည်း ပြန်လည်၇ယူနိုင်ပါတော့သည်။ စခန်းတွင် သေဆုံးသွားပြီဟုယူဆခဲ့သော ထိုင်းပြည်သူ.စစ်အရာရှိတဦးကို ဒဏ်ရာနှင့် ပြန်လည်ရရှိခဲ့ပါသည်။

ထိုအချိန်တွင် မဲဆိုင်နှင့် တူးမြောင်းသာခြားသည့် တာချီလိတ်မြို.အနောက်ဘက်နှစ်မိုင်အကွာရှိ တောင်ကုန်း တွင်လည်း မြန်မာနှင့် ထိုင်းတပ်ဖွဲ.များ တိုက်ခိုက်လျက်ရှိကြောင်း သတင်းရရှိပါသည်။ မဲအေးသို. ရိကQာ ထောက်ပံ့ရန် ပျံသန်းလာသော ထိုင်းဘုရင့်လေတပ်မတော် UH-1H ရဟတ်ယာဉ်လည်း မြေပြင်မှပစ်ခတ်မှု ကြောင့် ထိခိုက်ချို.ယွင်းခဲ့သဖြင့် အရေးပေါ်ဆင်းသက်ခဲ့ရပါသည်။ သို.သော် ရဟတ်ယာဉ်တွင် ပါဝင်သူများ ထိခိုက်ဒဏ်ရာရမှု မရှိခဲ့ပါ။

ဒေသစံတော်ချိန် ၁၉း၃၀တွင် အပစ်အခတ် ရပ်စဲရန် သဘောတူညီမှု ရရှိခဲ့ပါသည်။ အပစ်အခတ်ရပ်စဲမှုမှာ ယေဘူယျအားဖြင့် တည်မြဲခဲ့သော်လည်း ကျိုင်းတုံနှင့် တာချီလိတ်မှ လက်နက်ကြီးများပါဝင်သော မြန်မာ တပ်ဖွဲ. ၂၀၀၀ ထပ်မံပို.လွှတ်ခြင်းကြောင့် ထိတွေ.တိုက်ခိုက်မှုအချို. ကြိုကြားဆက်လက်ရှိနေပါသေးသည်။ အထူးသဖြင့် နယ်စပ်ကိုကျော်ပြီး အမြောက်တပ်ဖွဲ.များ အပြန်အလှန် ပစ်ခတ်တိုက်ခိုက်လျက်ရှိခြင်းကြောင့် ထိုင်းဘုရင့်လေတပ်မတော်မှ ထပ်မံတိုက်ခိုက်လာပြန်သည်။ ထိုင်းလေတပ်ဖွဲ.များအတွက် ချင်းမိုင်လေတပ် စခန်းသည် ပင်မစခန်းဖြစ်ပါသည်။ ချင်းမိုင်အခြေစိုက် ထိုင်းလေတပ်ဖွဲ.သည် မြန်မာများကို တိုက်ခိုက်ရာY အထူးထိရောက်မှုရှိပြီး အောင်မြင်ခဲ့ပါသည်။ ဖေဖော်ဝါရီ ၁၀ရက်မှ ၁၂ရက်အတွင်း အကြိမ်၇၀ ပျံသန်း တိုက်ခိုက်ခဲ့ရာ တာချီလိတ်ဂေါက်ကွင်းမှ ပစ်ခတ်လျက်ရှိသော မြန်မာအမြောက်တပ်ဖွဲ.ကိုလည်း တိုက်ခိုက် ခဲ့ပါသည်။
လေ့ကျင့်မူနဲ့ စွမ်းရည်ထက်မြက်လာတဲ့ ထိုင်းစစ်သားများ

ထိုတိုက်ခိုက်မှုတွင် F-5F တစီးနှင့် F-5E သုံးစီးပါဝင်ခဲ့ပါသည်။ F-5F တွင် အစ
Pရေးနိုင်ငံလုပ် လမ်းကြောင်းထိန်းနှင့် ပစ်မှတ်ရှာကရိယာတပ်ဆင်ထားပါသည်။ F-5F လေယာဉ်မှုးက လေကြောင်းရန် ကာကွယ်ရေးလက်နက်များ လက်လှမ်းမမှီသည့်အရပ်တွင် လေယာဉ်ကို တည်ငြိမ်အောင် ပျံသန်းနေစဉ် အတူတကွ စီးနင်းလိုက်ပါလာသော လက်နက်အထူးအရာရှိက ပစ်မှတ်ကို ရှာဖွေပေးပါသည်။ F-5E လေယာဉ် သုံးစီးက သုံးဘက်သုံးတန်မှ တပြိုင်နက်အရှိန်ဖြင့် ချဉ်းကပ်ဝင်ရောက်လာပြီး တစီးလျင် ပေါင် ၂၀၀၀ ရှိ Paveway လေဆာပဲ့ထိန်းဗုံးနှစ်လုံးစီ၊ စုစုပေါင်း ၆လုံး ကျဲချကါ ဆန်.ကျင်ဘက်အရပ်အသီးသီးသို. ပျံသန်းပျောက်ကွယ်သွားပါတော့သည်။ မြန်မာဘက်မှ ခုခံပစ်ခတ်မှု ကျဲကျဲပါးပါးသာလျင်ရှိပြီး လေယာဉ်များ ထိခိုက်မှုမရှိပါ။ အဆိုပါတိုက်ခိုက်မှုကြောင့် မြန်မာတပ်ဖွဲ.၀င် တဒါဇင်အပြင် အရပ်သားငါးဦး သေဆုံးခဲ့ရပြီး ၁၀ ဦးဒဏ်ရာရခဲ့ကြောင်း ထိုင်းသတင်းရပ်ကွက်မှ ဆိုပါသည်။

ဝေဟင်တွင်တပ်မတော်လေမရှိ

ထိုင်းဘုရင့်လေတပ်မတော်၏ F-5E နှင့် F-5F လေယာဉ်များကို ၁၉၉၀ ပြည့်လွန်နှစ်များက အပြည့်အ၀ အသစ်တဖန် ပြန်လည်မွမ်းမံထားပြီးဖြစ်သည်။ Litton INS စနစ်တပ်ဆင်ခြင်း၊ လေယာဉ်ဝမ်းဘိုက်တွင် ၁၅၀၀ ကီလိုသယ်ဆောင်နိုင်သော ဗုံးဒုံး ချိတ်စင်တပ်ဆင်ခြင်း၊ တောင်ပံအောက်အတွင်းပိုင်းတွင် ၁၀၀၀ ကီလိုသယ်ဆောင်နိုင်သော ဗုံးဒုံး ချိတ်စင်တပ်ဆင်ခြင်း၊ တောင်ပံအောက်အပြင်ပိုင်းတွင် ၅၀၀ ကီလို သယ်ဆောင်နိုင်သော ဗုံးဒုံး ချိတ်စင်တပ်ဆင်ခြင်းတို.ကို ပြုလုပ်ခဲ့ပါသည်။ မြန်မာနှင့် ဖြစ်ပွါးသော စစ်ဆင်မှု များတွင် ဆီတိုင်ကီအပိုမတပ်ဆင်ဘဲ တောင်ပံအောက်အတွင်းပိုင်းနှင့် အပြင်ပိုင်းတို.Y လေဆာပဲ့ထိန်းဗုံး နှစ်လုံးစီတပ်ဆင်လျက် ပျံသန်းတိုက်ခိုက်ခဲ့ကြပါသည်။ အချို.လေသူရဲများက Tသို.တပ်ဆင်ပျံသန်းခြင်း သည် လေယာဉ်ကို လေးပင်စေပြီး ထိန်းသိမ်းရခက်စေသည်ဟုဆိုကြပါသည်။ လေယာဉ်၏ ဗဟိုချက် ပြောင်းရွှေ.သွားခြင်းကြောင့် လေယာဉ်ထိန်းသိမ်းရခက်ပြီး တုန်.ပြန်မှုနှေးကွေးသည်မှအပ အခြားအခက် အခဲ ကြုံတွေ.ရခြင်းမရှိခဲ့ပါ။

အခြားတဖက်တွင်မူ ထိတွေ.မှုဖြစ်ပွါးသည့်ကါလတလျောက်လုံး တပ်မတော်လေထွက်ပေါ်လာခြင်းမရှိပါ။ ထိုစဉ်က ထိုင်းနယ်စပ်တလျောက်ရှိကြည်းတပ်ဖွဲ.များကို ကူညီပံ့ပိုးရန်အတွက် အစPရေးတွင် အသစ်တဖန် ပြန်လည်မွမ်းမံထားသော F-7 လေယာဉ်အုပ်တအုပ် နေရာချထားကြောင်း အာဏာရှင်အုပ်စုက ရန်ကုန်Y တရားဝင်ကြေငြာခဲ့ပါသည်။ အမှန်တွင်မူ F-7 လေယာဉ်အုပ်အားလုံး (အုပ်၃အုပ်) ကိုနေရာချရန် ညွှန်ကြား ခဲ့ပါသည်။ ယင်းသို.ဆိုလျင် တပ်မတော်လေမှ ထိုင်းကို ရင်ဆိုင်ရန် လေယာဉ် ၃၀ စုဖွဲ.ချထားခြင်းပင် ဖြစ်ပါ သည်။ သို.သော် တကယ်လက်တွေ.တွင်မူ ထိုင်းနိုင်ငံမဲဆိုင်ခရိုင်တဖက် တာချီလိတ်၏မြောက်ဘက် ကီလို မီတာ ၁၅၀ အကွာရှိ ကျိုးင်းတုံလေတပ်စခန်းY လေယာဉ် ၆စီးသာ တပ်ဖွဲ.ချထားနိုင်ခဲ့ပါသည်။ လက်နက် ခဲယမ်း အပြည့်အစုံတပ်ဆင်ထားသော F-7 လေယာဉ်အတွက် ထိုအကွာအဝေးသည် ထိရောက်စွာပျံသန်း တိုက်ခိုက်နိုင်သော အဝေးဆုံးအကွာအဝေးဖြစ်ခြင်းကြောင့် စွမ်းဆောင်ရည်လျော့ပါးစေပါသည်။ ပိုIဆိုးသော အချက်မှာ ထိုင်းဘုရင့်လေတပ်မတော်၏ F-5 များက မြန်မာပြည်တွင်းရှိ ပစ်မှတ်များကို လေဆာပဲ့ထိန်းဗုံး များဖြင့် တိုက်ခိုက်သည့်အခါ တပ်မတော်လေ၏ F-7 များ လုံးဝပေါ်မလာခြင်းပင်ဖြစ်ပါသည်။ ထိုလေယာဉ် များအပြင် ထိုစဉ်က တပ်မတော်လေတွင် PC-7 ၁၇စီး၊ PC-9 လေးစီးနှင့် G-4 Super Galeb လေးစီးရှိသော် လည်း ပျမ်းမျှ တ၀က်သာလျင် အသုံးပြုနိုင်ပါသည်။ A-5M များ၏အခြေအနေမှာ F-7 များထက် ပိုမိုဆိုးဝါး လျက် ရှိပြီး အသုံးပြုနိုင်သော ရဟတ်ယာဉ်အရည်အတွက်မှာလည်း အလားတူအခြေအနေအတိုင်းပင် ဖြစ်ပါ သည်။ မြန်မာတွင် ထိုစဉ်က လေတပ်ဟူIပြစရာမရှိပါ။

မြန်မာတို.၏လေကြောင်းရန်ကာကွယ်ရေးစနစ်ကလည်း ထိုင်းဘုရင့်လေတပ်မတော်လေယာဉ်များ၏ အကြိမ် ကြိမ်တိုက်ခိုက်မှုကို ဆန်.ကျင်ဟန်.တားနိုင်ခဲ့ခြင်းမရှိပါ။ ၁၉၉၈ခုနှစ်တွင် ဘူလ်ဂေးရီးယားနိုင်ငံမှ SA-16 Gimlet/Igla 1E MANPAD ဒုံးများ ၀ယ်ယူခဲ့သော်လည်း အသုံးပြုခဲ့ခြင်းမရှိပါ။ ထိတွေ.မှုအတွင်း ထိုင်းဘုရင့် လေတပ်မတော်မှ ဝေဟင်စိုးမိုးမှုရရှိထားသည်မှာ အထင်အရှားပင် ဖြစ်ပါသည်။


ဝေဟင် မှ မြန်မာတပ်မတော်ကို ပညာပေးခဲ့တဲ့ ထိုင်းဘုရင့်လေတပ်မတော်

ထို.ကြောင့် ၂၀၀၁ခုနှစ် ဇွန်လ ၁၉ရက်တွင် မြန်မာမှ ရုရှားလုပ် MIG-29 တိုက်လေယာဉ် ၁၀စီး ၀ယ်ယူကြောင်း ကြေငြာချက်သည် အံ့သြဘွယ်မရှိပါ။ နှစ်ယောက်စီး လေယာဉ် ၂စီးပါသော အဆိုပါ ၀ယ်ယူမှုသည် ဒေါ်လာသန်း၁၃၀ ကုန်ကျ ပြီး ၃၀ရာခိုင်နှုန်းကို လက်ငင်းပေးချေရကါ ကျန်ပမာဏကို ၁၀နှစ်အတွင်း ပေးချေရမည် ဖြစ်ပါသည်။ ထို လေယာဉ်များသည် ၁၉၈၀ နှင့် ၁၉၉၀ နှစ်များအတွင်းက အီရတ်နှင့် ဆီးရီးယားနိုင်ငံများအတွက် ထုတ်လုပ် ခဲ့ပြီး မပေးပို.ခဲ့ဘဲ လူခိုဘစ်ဆီဆောက်လုပ်ရေးစက်ရုံတွင် သိမ်းဆည်းထားသော အစီး၇၀ ထဲမှဖြစ်ကါ မြန်မာ တို.လက်သို.ရောက်ရှိလာသောလေယာဉ်များကို ယနေ.ထက်တိုင် ပြင်ပတွင် မြင်တွေ.ရခြင်းမရှိပါ။ သို.သော် ထိုင်းဘုရင့်လေတပ်မတော်လေကြောင်းအသာစီးရမှုကို တပ်မတော်လေ၏ MIG-29 များက လျော့ပါးနိုင်စွမ်း ရှိမရှိကိုမူ တပ်မတော်လေမှ ထိုလေယာဉ်များရယူပြီး အခြေအနေကိုကြည့်လျက် မေးခွန်းထုတ်စရာ ရှိနေပါ သေးသည်။ မိတ
ˆီလာလေတပ်စခန်းမှ တပ်မတော်လေ၏ အရာရှိများစွာ နှုတ်ထွက်နှုတ်ထွက်လျက်ရှိ ကြောင်း ၂၀၀၂ခု နှစ်ဦးပိုင်းတွင် ရရှိသော သတင်းများအရ သိရှိရပါသည်။ အကြောင်းရင်းမှာ တရုတ်ပြည်မှ ရရှိသော လေယာဉ်များ (F-7 နှင့် A-5) ၏ အရည်အသွေးနိမ့်ကျမှုကြောင့်ဟုဆိုပါသည်။ ထိုလေယာဉ်များ သည် ပျံသန်းမရဘဲ သိုလှောင်ရုံများတွင်သာ ရပ်ထားရသည့်အချိန်က ၉၉ ရာခိုင်နှုန်းရှိပါသည်။ အချို. မြန်မာ အရာရှိများကလည်း ထိုလေယာဉ်များကို ပြုပြင်ထိန်းသိမ်းရန် ရောက်ရှိလာသော တရုတ်ပညာရှင်များနှင့် ယင်းတို.၏ မိသားစုများ ဆက်ဆံရေးမောက်မာကြသည်ကို မကြိုက်မနှစ်သက်ကြကြောင်း ကန်.ကွက်ခဲ့ပါ သည်။ နှုတ်ထွက်သွားသော အရာရှိများအနက် အချို.က ထိုပညာရှင်များသည် ကူညီရန်ရောက်ရှိလာခြင်း မဟုတ်ဘဲ တရုတ်က သူလျှိုလုပ်ရန် လွှတ်လိုက်သူများသာဖြစ်ကြောင်း စွပ်စွဲကြပါသည်။

MIG-29 များ ၀ယ်ယူခြင်းသည်လည်း အရာရှိများနှုတ်ထွက်ရသည့် အကြောင်းတခုဖြစ်ပါသည်။ အဆင့်မြင့် အရာကရှိအများစုက ရုရှမှ MIG-29 များထက် Mirage 2000 သို.မဟုတ် Su-27 ကိုသာ လိုခြင်ခဲ့ပါသည်။ ဒီ အတွက်ကြောင့်ပင် မိတˆီလာလေတပ်စခန်းမှုးနှင့် သူ၏အထက်အရာရှိကြီးများအကြား အပြင်းအထန် အငြင်း အခုန် ဖြစ်ပွါးခဲ့ရပါသည်။ သူက MIG များသည် အီရတ်အတွက် ထုတ်လုပ်ခဲ့ပြီး ၁၀နှစ်ကျော်ကြာ သိုလှောင် ထားသော လေယာဉ်များဖြစ်ကြောင်း၊ ပေးရသည့် တန်ဘိုးနှင့်စါလျင် အကျိုးမရှိကြောင်း ရှင်းပြခဲ့ပါသည်။ ထို MIG-29 များသည် ထိုင်းတို.၏ F-16 များကို မယှဉ်နိုင်ပါဟုလည်း ပြောဆိုခဲ့ပုံရပါသည်။ ထို.ကြောင့် သူ.ကို ရာထူးချပြီး မြစ်ကြီးနားလေတပ်စခန်းသို. ပြောင်းရွှေ.လိုက်လေသည်။ သူက ဆက်လက်ကန်.ကွက် ပြောဆို ရင်း နှုတ်ထွက်သွားပါသည်။ အခြေအနေပိုမိုဆိုးဝါးမသွားစေရန်အတွက် အရာရှိကြီးများက သူ.ကိုချဉ်းကပ်ပြီး မြန်မာ့စီးပွါးရေးဦးပိုင်တွင် ၀င်ငွေရလမ်းကောင်းသည့်ရာထူးတခု ပေးအပ်လိုက်ပါတော့သည်။

အချုပ်ဆိုရသော် တပ်မတော်လေသည် တိုက်ခိုက်ရန် အသင့်မရှိပါ။ လက်ဝယ်ရှိ လေယာဉ်များအနက် ၁၀ - ၂၀ ရာခိုင်နှုန်းသာလျင် ပျမ်းမျှ ပျံသန်းနိုင်စွမ်းရှိပါသည်။ Tတွင် ပျံသန်းနိုင်စွမ်းရှိသည် ဟူသော စကါးရပ်ကို သတိပြုစေလိုပါသည်။ အပြည့်အ၀တိုက်ခိုက်နိုင်စွမ်းကို ဆိုလိုခြင်းမဟုတ်ပါ။ နိုင်ငံ့ဝင်ငွေ၏ ၅၀ ရာခိုင်နှုန်း အထိ ကါကွယ်ရေးအတွက် သုံးလျက်နှင့်ပင် Tအခြေအနေတွင် ရှိနေခြင်းဖြစ်ပါသည်။ MIG-29 များ ရောက်ရှိ လာခြင်းကြောင့် တပ်မတော်လေ၏အခြေအနေ တိုးတက်လာသည်ဟု မဆိုနိုင်ပါ။ ထိုလေယာဉ်များ သည် မြေပြင်မှ ပံ့ပိုးမှု မရှိဘဲ ထိထိရောက်ရောက် လှုပ်ရှားဆောင်ရွက်နိုင်ခြင်းမရှိပါ။ ထိုင်းနှင့် ရေပြင် နယ်နမိတ်ချင်း ထိစပ်ရာ အရပ်နှင့် မလှမ်းမကမ်းရှိ ဇာဒက်ကြီးကျွန်း တွင် ၂၀၀၁ဧပြီလY တရုတ်အထောက် အပံ့ဖြင့် ရေဒါစခန်းတခု တည်ဆောက်ခဲ့ပါသည်။ သို.သော် ယင်းမှာ ထိုင်းဘုရင့်လေတပ်မတော်ကို တိုက်လေယာဉ် အသစ်များဖြင့် ယှဉ်ပြိုင် အံတုရမည့် အရပ်ဒေသနှင့် အလွန်အလှမ်းဝေးနေပါသည်။

စစ်ပြီးဆုံးခြင်းလား

နှစ်ဖက်စလုံးကတပ်များတိုးချဲ.ချထားခဲ့ရာ ၂၀၀၁ဖေဖော်ဝါရီလလယ်တွင် ထိုင်းကြည်းတပ်မှ အမှတ်၁ သံချပ်ကါတပ်မကို အမှတ် ၂ ယာဉ်တင်တပ်မမှ M-41 Stingray တင့်ကါးများနှင့် V-150 သံချပ်ကါယာဉ်များ ပါဝင်သော တပ်ဖွဲ.များဖြင့် အားဖြည့်ခဲ့ပါသည်။ ဖေဖော်ဝါရီလ၁၄ရက်တွင် ထိုင်းဘုရင့်လေတပ်မတော် ကလည်း ချင်းမိုင်လေတပ်စခန်းတွင် F-16 တိုက်လေယာဉ်များ ထပ်မံချထားပြီး နယ်စပ်တလျောက် နှစ်ပါတ် ကြာ တိုက်ကင်းလှည့် ပျံသန်းခဲ့ပါသည်။ မဲဆိုင်အဖြစ်အပျက်မှာ နောက်ဆုံးတွင် ညှိနှိုင်းမှုဖြင့် ဖြေရှင်းပြီးစီး သွားသော်လည်း အခြေအနေမှာ ဆက်လက်တင်းမာလျက်ပင်ရှိပါသည်။ ၂၀၀၁ခုနှစ် မေလ ၁၀ရက်တွင် ရှမ်းပြည်နယ် ကျောက်ခတ်ဒေသမှ ပစ်မှတ်များကို ထိုင်းဘုရင့်လေတပ်မတော်၏ F-16 များက တိုက်ခိုက်ရာ မြန်မာသတင်းရပ်ကွက်အဆိုအရ နယ်စပ်နှင့်ကပ်လျက်ရှိသော ဂေါလီနှင့် လော်စန်စောရွာနှစ်ရွာ ဒုံးကျဉ်များ နှစ်သုတ်ခွဲI ထိမှန်ခဲ့ပါသည်။ ထိုတိုက်ခိုက်မှုများအပေါ် ရန်ကုန်မှ ပြင်းပြင်းထန်ထန် ကန်.ကွက်ခဲ့ပြီး အချုပ် အချာ အာဏာနှင့် နယ်မြေထိပါးလာမှုကို ကါကွယ်ရန် လိုအပ်သလို ဆောင်ရွက်မည်ဟု ချိမ်းချောက် ပြောဆို ခဲ့ပါသည်။ ထိုအဖြစ်အပျက်နောက်ပိုင်း နှစ်ဘက်လေတပ်မှ ပျံသန်းတိုက်ခိုက်မှု မရှိတော့ဘဲ တွေ.ဆုံ ဆွေးနွေးမှုများ ပြုလုပ်လျက် အသစ်တက်လာသော ထိုင်းအစိုးရက တင်းမာမှုများကို လျော့ပါးစေခဲ့ပါသည်။ နယ်ခြားစခန်းအမှတ် ၉၆၃၁တိုက်ပွဲ ဖြစ်ပွါးပြီးနောက် နှစ်ဖက်မှ ကျဆုံးမှုစါရင်း ထုတ်ပြန်ခဲ့ခြင်း မရှိပါ။ သို.သော် ထိုင်းသတင်းရပ်ကွက်အချို.၏ အဆိုအရ ထိုင်းပြည်သူ.စစ်တပ်ဖွဲ.၏ လက်ချက်ကြောင့် မြန်မာ စစ်သည် ၈၀ ကျဆုံးခဲ့ရပြီး ထိုင်းဘက်မှ တဦးသေ ၃၇ ဦး ဒဏ်ရာရရှိလျက် အရပ်သား သုံးဦး အသက်ဆုံးရှုံး ခဲ့ရကါ ၇ဦး ဒဏ်ရာရရှိခဲ့ပါသည်။ မြန်မာမှ အမြောက်ဖြင့် မဲဆိုင်ကို ပစ်ခတ်တိုက်ခိုက်ခြင်းကြောင့် အမျိုးသမီး ၂ဦးလည်း သေဆုံးခဲ့ကြောင်း ထိုင်းသတင်းရပ်ကွက်မှ တရားဝင်ပြောကြားခဲ့ပါသည်။ နောက်ပိုင်းတွင် ဗိုလ်ကြီး ဆွန်ကန်နီဖန်က စခန်းအမှတ် ၉၆၃၁တွင် ရန်သူ.အလောင်း ၃လောင်းသာ တွေ.ရှိရသော်လည်း တိုက်ပွဲအတွင်း မြန်မာစစ်သည် ၁၀၀ နီးပါး ကျဆုံးကြောင်း ထုတ်ဖော်ပြောကြားခဲ့ပါသည်။ မြန်မာဘက်ကမူ အဆင့်မြင့်ထောက်လှမ်းရေးအရာရှိ ဗိုလ်မှုးကြီးကျော်သိန်းမှ နယ်စပ်တိုက်ပွဲတွင် စစ်သည် ၁၂ ဦးကျဆုံးပြီး ၁၅ ဦး ဒဏ်ရာရရှိသည်ဟု ၀န်ခံပြောဆိုသော်လည်း ထိုထိခိုက်ကျဆုံးမှုများမှာ ထိုင်းများနှင့်တိုက်ခိုက်ခြင်း ကြောင့်မဟုတ်ဘဲ ရှမ်းသူပုန်များနှင့် တိုက်ခိုက်ခြင်းကြောင့်ဖြစ်သည်ဟု ဆိုပါသည်။

စစ်တပ်၏အဓိကခေါင်းဆောင်များတင်ဆောင်လာသော Mi-17 ရဟတ်ယာဉ်ကို KNU ကရင်သူပုန် သို.မဟုတ် SURA ရှမ်းသူပုန်များက ဖေဖော်ဝါရီ ၂၀ ရက်နေ.တွင် ဒုံးကျဉ်ဖြင့် ပစ်ချခဲ့ခြင်းကတော့ နိုင်ငံတော် ငြိမ်ဝပ်ပိပြားမှုတည်ဆောက်ရေးအဖွဲ.အတွက် အထိနာစေသော ဆုံးရှုံးမှုတခုဖြစ်သည်မှာ သေချာပါသည်။ သေဆုံးသူများထဲတွင် စစ်ဦးစီးချုပ်ဒုတိယဗိုလ်ချုပ်ကြီးတင်ဦး၊ နယ်စပ်ဒေသဖွံ.ဖြိုးတိုးတက်ရေးဝန်ကြီးဌာန ၀န်ကြီး ဗိုလ်မှုးကြီးသိန်းညွှန်.နှင့် ဗိုလ်ချုပ်လွန်းမောင်တို.ပါဝင်ကြပါသည်။ ထိုသူများသည် န၀တ အတွင်းမှ အုပ်စုတစုဖြစ်ပြီး ရဟတ်ယာဉ်ပစ်ချခံရသည့် အကြောင်းနှစ်ချက်ရှိပါသည်။ (က) န၀တအုပ်စုတွင်း တိုက်ပွဲ ကြောင့်နှင့် (ခ) ဒုတိယဗိုလ်ချုပ်ကြီးတင်ဦး၏ မအောင်မြင်သော ထိုင်းစစ်ဆင်ရေးစီမံချက်အတွက် ပြစ်ဒဏ် ပေးခြင်းတို.ကြောင့် ဖြစ်ပါသည်။

နယ်စပ်တလျောက် တိုက်ပွဲများ လျော့ပါးလာပြီးနောက် စီးပွါးရေး ချွတ်ခြုံကျစေသော စစ်ပွဲများကို ယင်းတို. နိုင်အောင် မတိုက်နိုင်ကြောင်း ရန်ကုန်အာဏာရှင်အုပ်စု သဘောပေါက် နားလည်လာပါတော့သည်။ ယခု အခါ တိုင်းရင်းသားအားလုံးပြန်လည်သင့်မြတ်ရေးအတွက် ကျိုးပန်းတောင်ရွက်ရင်း ဒီမိုကရေစီ ပြုပြင် ပြောင်းလဲရေး လုပ်ငန်းစဉ်တွင် အားလုံးသော အဖွဲ.အစည်းများ ပူးပေါင်းပါဝင်လာစေရန် ဖိတ်ခေါ်လျက် ရှိပါ သည်။ ဖိတ်ခေါ်မှုသည် စေတနာ ပါ မပါကိုတော့ အများက မေးခွန်းထုတ်လျက်ရှိပါသည်။

စစ်ဆင်ရေးများ လျော့ပါးသွားသော်လည်း တပ်မတော်လေသည် လေ့ကျင့်ရင်း ဆုံးရှုံးမှုများနှင့် ဆက်လက် ကြုံတွေ.ရလျက် ရှိပါသည်။ ဥပမာ ၂၀၀၂ခုနှစ် အောက်တိုဘာလ ၁ ရက်နေ.တွင် စတင်ပျံတက်ပြီး နာရီဝက် အတွင်း ရန်ကုန်မြို.အနီး တွံတေးY F-7M1 ပျက်ကျကါ လေသူရဲ ဗိုဖြိုးကျော်လှိုင် သေဆုံးခဲ့ပါသည်။ နောက် ၁၄ ရက်အကြာ မိတˆီလာအနီး A-5M ပျက်ကျကါ လေသူရဲ ဗိုလ်ဝေဟင်ထွန်း သေဆုံးပြန်ပါသည်။ တပ်မတော်၏ အခြေအနေနှင့် ပတ်သက်ပြီး ရန်ကုန်မှ တရားဝင် ထုတ်ဖော်ပြောကြားလေ့ မရှိသော်လည်း တပ်မတော်လေနှင့် ပတ်သက်ပြီး ကြားသိရသလောက်အရ တိုးတက်မှု အလွန်နည်းပါးပါသည်။ ဥပမာ ကျန် ရှိနေသော G-4 Super Galeb ငါးစီးမှာ ပြုပြင်ထိန်းသိမ်းရန် အပိုပစPည်း မရှိခြင်းကြောင့် ၂စီးကိုသာ ပျံသန်း အောင် ဆောင်ရွက်နိုင်ပါသည်။ အသစ်ရောက်ရှိလာသော K-8 အမောင်းသင်လေယာဉ်များက Super Galeb များ အပြင် လက်ကျန် AT-33 များကို အစားထိုးလိုက်ဖွယ် ရှိပါသည်။ Mi-2 နှင့် W-3 များစွာ လက်ခံရရှိ ခဲ့ခြင်းကြောင့် တပ်မတော်လေတွင် ထိုရဟတ်ယာဉ်အချို. ရှိနိုင်ပါသေးသည်။ PC-9 လေးစီးမှ ကိုးစီအထိ ရရှိသည်ဟု သတင်းရရှိသော်လည်း တိုက်ပွဲဝင်ရင်း လေ့ကျင့်ရင်း နှင့် PC-7 နှင့် PC-9 ကိုးစီးအထိ ဆုံးရှုံးပြီး ဖြစ်ကြောင်း အချို.သတင်းများက ဆိုပါသည်။ ၁၉၉၅ခုနှစ်မှစI တပ်မတော်လေတွင် A-5M ၁၄စီး လေ့ကျင့် စဉ် မတော်တဆမှုကြောင့် ဆုံးရှုံးခဲ့ရပြီး တိုက်ပွဲများတွင် ၅ စီး ဆုံးရှုံးကြောင်း သတင်းများက ဆိုပါသည်။ ၁၉၉၀ခုနှစ်မှ စI ဆုံးရှုံးမှုများတွင် Y-8D နှစ်စီး၊ F-27 တစီး၊ G-4 တစီးနှင့် ရဟတ်ယာဉ် အမျိုးမျိုးတို.ပါဝင် ပါသည်။

တပ်မတော်လေသည် Fokker/Fairchild F-27 နှင့် FH-227 B/E ပို.ဆောင်ရေးလေယာဉ် ၅စီးကို ၁၉၈၀ နှစ် နှောင်းပိုင်းကာလများတွင် ၀ယ်ယူခဲ့ပြီး ထောက်ပံ့ပို.ဆောင်ရေးတပ်ဖွဲ.မှ ရန်ကုန်မင်္ဂလာဒုံလေဆိပ်၏ စစ်တပ် ဖက် အခြမ်းY အခြေစိုက်သုံးစွဲလျက်ရှိပါသည်။

၂၀၀၁နှင့် ၂၀၀၂ နှစ်များအတွင်း တရုတ်မှ F-7 များ ထပ်မံ ဖြည့်တင်းရရှိခဲ့သော်လည်း တပ်မတော်လေ အနေနှင့် တိုးတက်ကြီးထွားလာခြင်းမရှိဘဲ ဆုံးရှုံးမှုများ ကါမိရုံသာလျင် ရှိပါသည်။ တပ်မတော်ကြည်း၊ ထောက်လှမ်းရေးတပ်ဖွဲ.များနှင့် ပူးပေါင်းဆောင်ရွက်နိုင်မှု တိုးတက်လာပြီး အရံလေယာဉ်ကွင်းများ နိုင်ငံ အနှံ. အသစ်တည်ဆောက်ခဲ့သော်လည်း တပ်မတော်လေ၏ တိုက်ခိုက်ရေးစွမ်းရည်မှာ ထူးခြားကောင်းမွန် လာခြင်းမရှိသလို ယေဘူယျအားဖြင့် သင့်တော်သော လေယာဉ် လုံလောက်မှု မရှိပါ။ မြေပြင်တိုက်ပွဲများ အတွက် အရေးပါမှုနည်းပါးလျက်ရှိပါသည်။ သိသိသာသာ ငွေကုန်ကြေးကျမခံဘဲ၊ လေ့ကျင့်မှုမရှိဘဲ တိုးတက်လာဘွယ်လည်း မရှိပါ။ F-7I များသည် တပ်မတော်လေ၏ ကျောရိုးဖြစ်ပါသည်။ သို.သော် ထိုင်းနှင့် ၂၀၀၁တွင် ဖြစ်ပွါးသော ထိတွေ.မှုများက F-7 များ၏ အခြေအနေဆိုးဝါးမှုကို အထင်အရှားပြသလျက် ရှိပါသည်။ ထိုင်းဘုရင့်လေတပ်မတော်၏ အထူးတလည် လေ့ကျင့်ထားပြီး စိတ်အားတက်ကြွလျက်ရှိသော လေသူရဲများနှင့် F-5, F-16 များကို ယှဉ်နိုင်ခြင်းမရှိပါ။



Rest of your post

8 comments :

Anonymous said...

Ko Khin Aung: ကိုမိုးသီး ကိုလည်းပြောကြပါအုံး အချက်အလက်တွေ ကို မသေချာပဲ comfirm မဖြစ်ပဲ မတင်ပါနဲ့  လို ..ဥပမာ ဗိုလ်တင်ဦး ကိစ္စ တို့  လို မျိုး ဘာကြောင့် ရဟတ်ယာဉ် ပျက်ကျတယ်ဆို တာ အောက် ကလှမ်းပြီးပစ်ချ လို မဟုတ်ဘူးဆိုတာ လူတိုင်းသိနေတဲ့ ကိစ္စပဲ ။ အဲဒီလိုမျိုး post တွေဟာ အကျိုးထက် အပြစ်ကို ပိုပြီးဖြစ်စေပါတယ်။ ကျနော်တို့  မှန်ကန်တဲ့ဦးဆောင်မှုကို မျှော်လင့်ပါတယ်
19 Dec 07, 08:30

Anonymous said...

ko moe thee , i suggest you to read more about burma or burmese gov before you put on your blog please.
i don't mean only you..i do like to say to your editors also
i don't like burmese gov but if they go to war with thailand and...
i hope you understand because you are myanmar too

မောင်တင်ယု said...

မိုးသီး၊
မင်းရဲ့ မကောင်းတာကိုဘဲပြောမယ်၊မင်းရေးတာ
ဘာမှမသိသောသူအတွက်တော့ဟုတ်မှာပေါ့ ၊ကောင်းမှာပေါ့ ၊မင်းတော်တော်လေးသိတာဘဲဆိုပြီး
နည်းနည်းလေးသိသောသူအတွက်တောင်မင်းပြောတာ
ကိုတော်တော်လေးမင်းကိုအမှတ်ပေးချင်ထက်ပေးအုံးရ
သေးတယ်၊ တပ်မတော်(လေ) အကြောင်းသိသူတွေကတော့ ထပြီးဆဲတော့မယ်၊
ပိုပြီးတော့ ပြောရရင် ထိုင်း၊ဗမာတိုက်ပွဲတိုင်းကို မှတ်တမ်းတင်ရသော သူတွေကတော့မင်းကိုစောက်ပေါ်လို့ ပြောမှာကတော့ အသေအေချာဘဲ၊
ဘာလိုဆိုတော့မင်းပြောတာက တော်တော်လေးလွဲချော်တာတွေများနေလို့ ပါ၊
သိပ်ပြီးတော့ဖောင်းဘောတွေမဖြစ်စေချင်ဘူး၊စစ်အစိုးရကိုတိုင်နေသော၊အာဏာရှင်စံနစ်ကိုတိုက်နေချိန်မှာ ကူပ်တို့ ဘက်ကဖောင်းတွေများလို့ မရဘူး၊
အထူးသဖြင့်ခင်ဗျားတို့ လို့ ရှေ့ကနေတိုက်နေချင်ကြသော သူတွေပေါ့ ၊
ရာသီပေါ်စာလို သောက်တလွဲတွေလျှောက်လျှောက် ရမ်းမပြောနဲ့ ၊လေယျာဉ်ပျံပျက်ကြတာနဲ့ ၊အစပြုပြီး
လျှောက်ဆွဲမထုတ်နဲ့ တော်တော်များသောအကြောင်းအရာ
တွေကမှားနေတယ်၊
ခင်မင်စွာဖြင့်
တင်ယု

TTT said...

hi Ko Moe Thee,

I believed that you translated this from an article!!

What I always have thought was that Tin Oo was assassinated by Than Shwe. And there were a lot of conflicts and fights after that incident. For example, many people (including high army officials)were accusing Khin Nyunt for the assassination. But, he was on a trip, he had no idea for what happened.

Win Moe said...

We translated this article to make available for Burmese readers so they can have different versions to the story. SPDC newspapers either give nothing or too little (often distorted) when the news something like this occurred. But we all knew back then Burma Army incurred humiliating defeat. We also knew from reliable sources closed to military circle in Rangoon, even Than Shwe and top commanders managed the subsequent military operations with Thai, from Rangoon. The main lesson the Burma Army ought to learn from this humiliating defeat is--- Burma is economically weak; Burma is ostracized from the international community. And these all resulted from their continuation of unpopular military dictatorship. Instead of being prudent, these uneducated hotheads continue to beef up their armed forces with vintage and poor quality military hardware seemingly to even the score in the future. However, they should instead invest this hard earned money (received from selling natural resources abroad and remittances from hard working Burmese in foreign countries) to other public sectors such as education and health.

We will never know how and why Tin Oo’s helicopter was down unless the SPDC conducts a full investigation and divulge it to the public. And you all know, this kind of practice doesn’t exist in Burma Army for more than 40 years. Besides, this article is not about Tin Oo’s or Sit Maung’s death. It is about how Burma Army got its ass kicked by Thai, and written by an outsider not related to either side.

TTT said...

ok, thanks

Unknown said...

မိုသီးဇွန် ဘာတွေလုပ်၊
ငွေ နဲ့ နေရာ ရဖို့လုပ်၊
မိုးသီးဇွန် ရောက်ရာ အရပ်ဘာဖြစ်
ရှိတဲ့ အဖွဲ့ အကွဲကွဲ အပြဲပြဲဖြစ်။

Unknown said...

ရန်သူရော မိတ်ဆွေရော သတိထားရမယ့်သူသည် မိုးသီးဇွန်လို အကျင့်စာရိတ္တ မကောင်းသော လူလည်ဖျံကျတတ်သူကို ဖြစ်သည်၊ အဘယ်ကြောင့် ဆိုသော် သူသည် ကောလဟာလတွေ အမျိုးမျိုးလွှင့်ပြီး တစ်ဖက်သား သွေးကွဲအောင် လုပ်နေသောကြောင့်ဖြစ်သည်။