Monday 24 December 2007

ပုဂံလေကြောင်း တကျော့ပြန်

ပုဂံ လေကြောင်းလိုင်း တကျော့ ပြန်လာဦးမယ်။

တိုက်ပွဲ ၀င်ဖို့  ပြင်ဆင်ထားကြ ။

ပုဂံလေကြောင်း လိုင်း ပြန်လည်ပြေးဆွဲ ဦးမည်။ မြန်မာ ပြည်နဲ့  တောင်ကိုရီးယားကို ပြေးဆွဲ ဖို့ လုပ်နေပါတယ်။ ဇန်န၀ါရီ ပထမ ပတ်မှာ စတင် ပြေးဆွဲ မယ်။ ဒီလေကြောင်းလိုင်င်းကို သပိတ်မှောက်ရမယ်။ တောင်ကို ရီးယား အစိုးရ ကို ဒီလေကြောင်းလိုင်းကိုလက်မခံဖို့ ကျနော်တို့ တိုက်တွန်းရပါမယ်။ ဒီလေကြောင်း လိုင်း လုံးဝကို ရပ်တန့် သွားအောင် သံတမာန်ရေးအရ ဖိအားပေးမူမှန်သမျှ ကျနော် တို့ လုပ်ဆောင်ဖို့ ပြင်ဆင်ထားကြဖို့ တိုက်တွန်းနိုးဆော်ပါတယ်။

ပုဂံလေကြောင်းလိုင်းဟာ တေဇနာမည်ခံ ပြီး ဒေါ်ကြိုင်ကြိုင်မိသားစု အစုရှယ်ယာတွေအများဆုံးပိုင်ပါတယ်။ စက်တင်ဘာ သံဃာ လှုပ်ရှားမှု ကြီးကို စစ်တပ်က ဖြိုခွင်းအပြီးမှာ နိင်ငံတကာ ဖိအားပေးမူတွေကြောင့် ရပ်နားသွားရတဲ့ လေကြောင်းလိုင်ဖြစ်ပါတယ်။


Golden Color Movement

No comments :