Thursday, 6 December 2007

ချားလ် ပက်ထရီယား

ချားလ် ပက်ထရီးယား ထံမှ သင်ခန်းစာ
ကုလသမဂ ဌာနေအကြီးအကဲ ချားလ်ပက်ထရီး ယား ကို နအဖ က မောင်ထုတ်ခဲ့ပါပြီ။ဲ့  ဘီဘီစီနဲ့ သူလုပ်ထားတဲ့အင်တာဗျူးကို နားထောင်ရတယ်။ အင်တာဗျူးမှာ သူက - ကုလသမဂ အပေါ် သစာစောင့်သိရမယ်။ မြန်မာပြည်မှာဖြစ်နေတာတွေကို အမှန်တိုင်းပြောရမယ်လို့ သူကဆိုပါတယ်။ သူပြောတာမှန်တယ်။ သူပြောချင်တဲ့အမှန်တရားကတော့ မြန်မာပြည်ဟာ စီးပွားရေးချွတ်ခြုံ ကြသွားပြီး ပြုပြင်ပြောင်းလဲမူတွေကိုလုပ်ရတော့မယ်ဆိုတာပဲဖြစ်ပါတယ်။ လူထုအုံကြွ ပေါက်ကွဲမူတွေဖြစ်လာဦးမယ်။ မြန်မာပြည်ဟာ လမ်းချော်ကျနေတဲ့ရထားတစင်းနဲ့ တူတယ် လို့ သူကဆိုခဲ့ပါတယ်။

တကယ်တော့ မြန်မာပြည်သူတွေအပေါ် မှာ ကုလသမဂ္ဂက သစ္စာစောင့်သိသင့်တာ ကြာပါပြီ။ ဖွင့်ဖြိုးမှုတွေလုပ်ရမယ် ဆိုတဲ့ စကားလုံးကို ဘုရားသခင်ရဲ့ နုတ်ကပတ်တော်လို ကုလသမဂ္ဂ က တတွတ်တွတ်ရွတ်ဆို ရုံကလွဲလို့  တခြားနည်းလမ်းတွေကို ထည့်သွင်းမစဉ်းစားတာတွေကို နောင်တရသင့်ပြီ။

လွန်ခဲ့တဲ့နှစ်က ကျနော်သူနဲ့  နယူယောက်မြို မှာ တွေ့ ဖြစ်တယ်။ သူနဲ့ အတူ ရစ်ချတ်လည်းပါတယ်။ ရစ်ချတ်က အိုင်အယ်လ်အိုက။ ဒီတုံးကသူနဲ့ ကျနော် မြန်မာပြည်ကိစ္စ ကိုအမြင်ဖလှယ်ဖြစ်ခဲ့ကြပါတယ်။
သူရဲ့ မြန်မာပြည်ပေါ်မှာ အမြင်က ဒီလိုပါ။ မြန်မာ ပြည်ရဲ့ အဓိက ပြသာနာ ဟာ


ဆင်းရဲ မူ -Poverty ဖြစ်တယ်။ ဒါကြောင့်ဆင်းရဲ မူကို တိုက်ဖျက်ရမယ်။
ချဉ်ကပ်မူ ပုံစံ - Approach Method - က ကုလသမဂ္ဂအပါဝင် လူမှုကူညီရေး အသင်းအပင်းတွေက လူမူရေးအကူညီတွေ ပိုပေးဖို့ ဖြစ်ပါတယ်။

သူပေါ်လစီ ကိုအပေါ်ယံ ကြည့် ရင် ဟုတ်သလို တော့ရှိတယ် ။ ဒါပေမဲ့မဟုတ်ဘူး။ ဘာဖြစ်လို့ လည်းဆိုတော့ ဆင်းရဲမှုက ပင်မ ပြသာနာမဟုတ်ဘူး။ ပင်မပြသာနာက လွတ်လပ်မှုမရှိတာ။ နိုင်ငံရေးပြသာနာ။ ဒီအချက်ကတော့ သူကို နအဖက မောင်းထုတ်လိုက်တဲ့အခါမှာ နိုင်ငံရေးပြသာနာ က ဦးစားပေးဖြေရှင်းရမဲ့ ပြသာနာ အဖြစ် ပေါ်လွင်သွားတော့တာ ဖြစ်ပါတယ်။

ဒီအတွေးအခေါ် က အရင်က လီကွမ်ယုလည်း ကိုင်စွဲခဲ့တယ်။ သူက နိုင်ငံရေးတွေဘာတွေ လာမပြောနဲ့ ဖွင့် ဖြိုးမူ - Development ကို အရင်လုပ်။ စီးပွားရေးပြသာနာကို အရင်ဖြေရှင်းဆိုတာတွေဖြစ်တယ်။ ဒါပေမဲ့ ဒီပြသာနာက ၁၉၈၉ ခုနစ်ဝန်းကျင်မှာဖြစ်ခဲ့တဲ့အရှေ့ တောင်အာရှ ဘဏ္ဍာရေး အကြပ်အတည်း မှာ
စီးပွားရေးဖွံ့ဖြိုးမှု အရင်လုပ်ဆိုတဲ့သီအိုရီဟာ အလုပ်မဖြစ်တော့ဘူးဆိုတာကို ခေါင်းဆောင်တွေ သဘောပေါက်လာကြလို့ ပဲ။ ဘာဖြစ်လို့ လည်း နိင်ငံရေးအရ မတည်ငြိမ်မှု ၊ ပွင့်လင်းမူမရှိမှု၊ ဈေးကွက် မခိုင်မာမှု၊ လွတ်လပ်စွာယှဉ်ပြိုင်နိုင်ခွင့်မရှိမှုတွေက အာရှနိင်ငံတွေပြုလုပ်ရမဲ့ အိမ်စာတွေ ဖြစ်နေခဲ့လိုပဲ။ နိင်ငံရေးပြသာနာတွေဖြစ်နေခဲ့လို့ ပါပဲ။

မြန်မာပြည်ဟာဆင်းရဲတယ်။ဒါကြောင့်ဖွံ့ဖြိုးမှုကို အရင်လုပ်ရမယ် ဆိုတာဟာလည်း အလားတူပါပဲ။ ဖွံ့ဖြိုးမှုလုပ်တာ ကောင်းပါတယ်။ ဒါပေမဲ့ဘယ်သူက ဒီပေါ်လစီကို အာမခံမှာလည်း ။ ဘယ်သူက အကောင်ထည် ဖေါ်မှာလည်းဆိုတာ ဖြစ်လာတယ်။

အဖြေက နအဖ က တရားဝင်အစိုးရ ကြိုက်သည်ရှိရှိ မရှိရှိ သူနဲ့ တွဲလုပ်ရမှာပဲလို့ သူတို့ဆင်ခြေပေးဘူးပါတယ်။ လက်တွေမှာတော့ ကုသလမဂ္ဂ ပဲဖြစ်ဖြစ် လူမှုရေးသက်သက် ကူညီစောင့်ရှောက်ရေးလုပ်ငန်းတွေပဲဖြစ်ဖြစ် နအဖ စစ်ခေါင်းဆောင်တွေ ရဲ့ ကြိုးကိုင်ချယ်လှယ်မှု ပိတ်ပင်ထားဆီးမှုတွေ အောက်မှာ ဘာဖွံ့ဖြိုးမှုမှ လုပ်လို့ မရတော့ဘူး ဆိုတာကို ချားပက်ထရီယား အမှုက သက်သေပြလိုက်တာ ဖြစ်ပါတော့တယ်။

ကျနော်က ဒီပြသာနာကိုခုလို သုံးသပ်ချင်ပါတယ်။

  • မြန်မာပြည်မှာ ဆင်းရဲ မှုပြသာနာ နက်ရှိုင်းစွာရှိနေတယ်။
  • ဒါကို ဖွံ့ဖြိုးရေး လုပ်ငန်းသက်သက်မှ လူမှုရေးအကူအညီတွေ ၀င်ရောက်လုပ်ကိုင်ရုံနဲ့ ဖြေရှင်းလို မရဘူး ။ ဒီနည်းနဲ့  တချို့ နိုင်ငံတွေမှာ ဖြေရှင်းလို့ အောင်မြင်ခဲ့တာတွေ ရှိကောင်းရှိနိုင်မယ်။

  • နိုင်ငံရေး ပြသာနာ ဟာ အဓိက ပြသာနာဖြစ်နေလို့ ဖြစ်ပါတယ်။ ဒီတော့ လူထုလူပ်ရှားမှုပဲဖြစ်ဖြစ်၊တွေ့ ဆုံဆွေးနွေးတာပဲဖြစ်ဖြစ်၊ ကုလသမဂ္ဂက ထိထိရောက်ရောက် အရေးယူ ဆောင်ရွက်မူမျိုးပဲဖြစ်ဖြစ် တခုခုကတော့လုပ်ရတော့မှာ ဖြစ်ပါတယ်။

မိုးသီးဇွန်

No comments :