
တိုက်ပွဲ ၀င်ညီအကို မောင်နှမ အပေါင်းတို့ ခင်ဗျား
ဒေါ်အောင်ဆန်းစုကြည် ကို သန်းရွေ မိသားစု က အဆိပ်ခတ်နေတယ်လို့ ပြည်တွင်းက သတင်းပေးပို့ နေတာကြာ ပါပြီ။ သူတို့ ရဲ့ သတင်းပေးပို့ ချက်တွေအရ ဒေါ်စု အိမ်ကိုပို့ ပေးတဲ့ ရေပိုက်ကနေတဆင့်လာတယ် လို့  ဆိုပါတယ်။ ကျနော် တို့  မှာအထောက်အထားတွေ မရှိတဲ့အတွက် ဒီသတင်းကို ကျနော်ထုတ်ပြန်နိင်ခြင်းမရှိပါဘူး။ ဒါပေမဲ့ ယုတိဗေဒနည်း နဲ့ တွေး ကြည့်  ရင် တော့  ဒါဟာ မဖြစ်နိင်ဘူးလို့ ပြောလို့  မရပါဘူး။ သန်း ရွေ နဲ့ သူမိန်းမဒေါ်ကြိုကြိုင် ဟာ အလွန်ကောက်ကျစ်ယုတ်မာတဲ့ သူတွေဖြစ်ပါတယ်။
ဒေါ်အောင်ဆန်းစုကြည်ကို ဒီပဲယင်း အရေးအခင်းမှာ လုပ်ကြံသတ်ဖြတ်ဖို့ ကြိုးစားခဲ့ဘူးပါတယ်။
ထောက်လှမ်းရေးက ခင်ညွန့် က သွားရောက်ကယ်တင်ဖို့ အတွက် ထောက်လှမ်းရေး ၁၆ မှ တပ်မူး မိုးသူ ဆိုသူကို တာဝန်ပေးခဲ့တယ်လို့ သိရတယ်။ သွားရောက်ကယ်တင်တဲ့အတွက် မိုးသူကို ထောင် ၂၆၂ နစ်ချခဲ့ပါတယ်။ ဒါကြောင့် သန်းရွေ ကို လျော့မတွက် ဖို့ လိုပါတယ်။
ကျနော် တို့  အနေနဲ့  အမေရိကန်သမတဂျော့ ဘုရှ် ၊ ကုလသမဂ အတွင်းရေးမူး နဲ့  ဥရော ပ ပါလီမာန် ကို စာတွေရေးကြရင် ကောင်းမယ်လို့ ထင်တယ်။ ဒေါ်အောင်ဆန်းစုကြည်ကျမာရေးအတွက် နိင်ငံတကာ ကြက်ခြေနီအဖွဲ့ ကိုစေလွတ်ဖို့ ဝိုင်းဝန်းတောင်ဆိုသင့်ပါတယ်။
ှStrategic Team for Golden Color Movement
No comments :
Post a Comment