Monday, 28 January 2008

ဟောလီဝုဒ်ရုပ်ရှင်များနှင့် မြန်မာနိင်ငံလူထုလှုပ်ရှားများ ရဲ့ လျို့ ဝှက် ဆက်သွယ်ချက်များ


၁၉၇၄-၇၅- ၇၆ ခုနစ်များမှာ ကျောင်းသားလှုပ်ရှားမှု၊အလုပ်သမားလှုပ်ရှားမှုတွေဖြစ်ခဲ့တယ်။ ဒီလှုပ်ရှားမှု တွေ ဖြစ်ခါနီး လေးငါလမှာ ရန်ကုန်မြို့ မှာအလွန်လူကြိုက်များနေတဲ့ ဇတ်ကားကတော့ Adventure ဇာတ်ကား ဖြစ်တယ်။ ဇာတ်ကားက တောင်အမေရိကနိင်ငံတခုမှာအာဏာရှင်စနစ်ကို လက်နက် ကိုင်တော်လှန်တဲ့ စိတ်ကူးယဉ်ဇတ်လမ်း။ ဒါပေမဲ့ ထွက်ပေါက်ပိတ်မိနေတဲ့ မြန်မာလူငယ်တွေအဖို့ ဒီဇတ်ကားက မျော်လင့်ချက်နဲ့  အားတက်မှုတွေကိုပေးခဲ့တယ်လို့  ၁၉၇၄ခုနစ် သပိတ်မှောက်ကျောင်းသား ဟောင်းတဦးဖြစ်ခဲ့တဲ့ ကိုမြ၀င်း က ပြောပြဘူးတယ်။

၁၉၈၈ခုနစ် လူထုအုံကြွမှုကြီးမဖြစ်ခင်မှာ တနစ်လောက်အလိုကတည်းက မြန်မာ ပပ၀င်းရုံမှာ တင်တဲ့ ဇာတ် ကားကတော့ ဖရန်ကိုနီရို မင်းသားအဖြစ်ပါဝင်တဲ့ Django ကောင်းဘိုင်ရုပ်ရှင်ဇာတ်လမ်းကို ရုံ တင်လာတယ်။ မဆလအစိုးရ ဘတ်ဂျက်ကလည်း ခန်းနေ။ ရုပ်ရှင်ကားတွေလည်း ထပ်မ၀ယ်နိင်။ ၁၉၆၆ ခုနစ် လောက် ကရိုက်ထားတဲ ဘယ်ကရှာလာမှန်းမသိတဲ့ Django ကိုရုပ်ရှင်ကိုခတ်ပေါပေါဈေးနဲ့ ဝယ်လာခဲ့ပုံရတယ်။ ဇာတ် ကားကလည်း ဟောင်းနေပြီ၊ ဇာတ်လမ်းကလည်း ကမ္ဘာမှာ ခေတ်မစားတော့တဲ့ကောင်းဘွိုင်ကားဆို တော့ ဖြစ်လာမဲ့အကျိုးဆက် ကို လျော့တွက်လိုက်ကြပုံရတယ်။ ဒီဇာတ်ကားကို တနစ်လောက်ရုံမချပဲ ပြခဲ့ သတဲ့ ဗျာ။

ဒီဇာတ်လမ်းကလည်း ကျေးလက်တခုမှာ မတရား ဗိုလ်ကျနေ သူတွေကိုသေနတ်သမား လူငယ်တဦးက ရဲရဲဝံ၀ံတော်လှန် ပြစ်လိုက်တဲ့ဇတ်လမ်း။ ဒီဇာတ်လမ်းက အနစ်သာရကို ကျနော်တို့ ကဒီလို ခံစားလိုက်တယ်။ မတရားမှု ကို လက်ပိတ်ကြည့် နေလို့မရ။ ရရာလက်နက်ကိုင်စွဲတော်လှန်ခြင်းဟာ လူပီသစွာနေထိုင်းခြင်၊ ဘ၀သစ္စာ၊ အလှတရား။ လူဘ၀ဟာ ဘာမှမဟုတ်ဘူး၊နေရတဲ့တခဏတမှာ Django လို လောကကိုတတ်စွမ်သမျှ ပေးဆပ်ခဲ့ပြစ်လိုက်မယ်ပေါ့ဗျာ။ ဇာတ်လိုက် စရိုက်ကို လည်းအတုယူလောက်စရာတွေရှိခဲ့ပါတယ်။ဇတ်ဝင်ခန်းတခုမှာ လူဆိုးက အမျိုးသမီငယ် ကိုနှောက်ယှက်တယ်။

ဒီဂျန်ဂိုး - " ကိုယ်လူ တို့ အမျိုးသမီးတွေကို ဒီလိုမဆက်ဆံသင့်ဘူး လို့ ထင်တယ်။ "
လူဆိုး- " မင်: ဘာသောက်စကားများတာလည်း "
ဒီဂျန်ဂိုး- " တကယ်လို့  ငါပြောတမှားသွားရင် တောင်းပန်တယ်။ ငါတောင်းပန်တဲ့နည်းကိုမင်းကျေနပ်မှာလား "

နောက်တော့ဒီဂျန်ဂိုက ရှေရှေဝေးဝေးပြောမနေဘူး သေနတ်နဲ့ လူဆိုးငါးယောက်ကို ဆက်တိုက်ပစ် ချလိုက် တော့တယ်။ အားရလိုက်တာ။ အားရလိုက်တာ မပြောပါနဲ့ တော့။ ရုပ်ရှင်ထဲက မတရားဗိုလ်ကျနေသူတွေကို ကျ နောတို့ က မဆလလို့ မြင်လာသဗျ။ သေနတ်သမားလူငယ်နေရာမှာ ကျနော်လို မျက်နာနဲ့ လူငယ်တဦး ဖြစ် နေတယ်။
့ ကျနော်တို့ အဖို့  ဇတ်ကားကိုကြည့်ပြီးတဲ့အခါ အချင်းချင်းကတော့ တယောက်မျက်နာတယောက်ကြည့် ကြတယ်။ မကြည့်ရသေးတဲ့သူကိုလက်တို့ တယ်။ တစုံတယောက်က နားနားကိုကပ်ပြီး ဒို့ တွေ ဒါမျိုးလုပ်ရမယ် လို့ ပြောလိုက်သလို ခံစားရတယ်။့ ကြက်သီးမွေးညင်းထသွားကြတယ်။

၂၀၀၈ခုနစ် ၊ ဟောလီဝုဒ်က ရမ်ဘိုဇတ်ကားကို ဖန်တီးလိုက်ပါပြီ။ ၁၉၈၈ ခုနစ်တုံးကပပ၀င်းရုံက Django ဇာတ်ကားကြည့် ပြီး အိမ်ကိုပြန်လာတဲ့ ဆယ်ကျော်သက်လူငယ်တဦးဟာ နေခင်းအိမ်မက်ကို နေစဉ် ရက်ဆက် မက်ခဲ့ဘူးတယ်။ ဒီနေ့  ရမ်ဘို ဒီဇတ်ကားကို ကြည့်ပြီး တဲ့ မြန်မာလူငယ်မျိုးဆက်သစ် တဦးဟာ အမှန်တရား အတွက် တိုက်ပွဲ ၀င်ဖို့  တက်ကြွတဲ့ခြေလှမ်းများနဲ့ ထွက်ချမလာဘူးလို့ ဘယ်သူပြောနိင်မလည်း။

ဘာဖြစ်လို့ လည်းဆိုတော့ ဒီဇာတ်ကားထဲက လူဆိုးတွေက သူတို့ ဘ၀ကိုနင်းချေ ဖျက်ဆီး နေတဲ့သူတွေ ကိုယ်တိုင်ပဲမဟုတ်ပါလား။ ရမ်ဘိုကတောင်ဒီလောက် ပြန်ချနေရင်။ သူတို့ က နအဖ ကိုလက်ပိုက်ကြည့် မနေကြမှသေချာတယ်။ တကယ်ဇာတ်လိုက်တွေက သူတို့ ကလွဲလို့ ဘယ်သူ များဖြစ်နိင်ဦးမလည်း။ ကဲ..ဇာတ်လိုက် တွေဆီ ကို ရမ်ဘိုဇတ်ကား မြန်မြန်ရောက်အောင် ဖြစ်တဲ့နည်းနဲ့ ပို့ ကြပါစို့ ။

No comments :