Wednesday 2 January 2008

ဒေါ်ကြိုင်ကြိုင်အတွက် နမိတ်လေလော
ရန်ကုန်မြို့ ကြည့်မြင်တိုင်ညဈေး အနီးတွှင် ရှေးထဲးကရှိသော ဘုရားတစ်ဆူရှိပါသည် ။
ထိုဘုရားမှာမန္တလေး ကျောက်တော်ကြီးကဲ့သို့ ထိုင်လျက်ဆင်းတုတော်ဖြစ်သည်။
မဟာသကျမုနိ ဟုအမည်တွင်ပါသည် ထိုဘုရားအား လွန်ခဲ့သော ၂နှစ် ၃နှစ်ခန့်က ဒေါ်ကြိုင်ကြိုင် အိပ်မက်ရသောကြောင့် လာရောက်ရောင်တော်ဖွင့်ခဲ့သည်။ ယခင်ကစေတီမှာ လူသိနည်းလှပါသည်။ ယခု ဆိုလျင် ကျောက်တော်ကြီးဘုရားကဲ့သို့ ရောင်တော်ဖွင့်ကာ ဓမ္မာာရုံကိုဖျက်ပြီးရင်ပြင်လုပ်ထားသောကြောင့် လွန်စွာသက်ပယ်ပါသည် ။ကြည့်မြင်တိုင်ညဈေးမှကြည့်လျင်ပင် ကျေင်းဆောင်ကိုကောင်းစွာမြင်ရသည်။ သို့သော် ဇန်န၀ါရီလ ၁ရက်နေ့  ၂၀၀၈နစ်သစ်ကူးနေ့တွင်ဘုရားကြီးမှာအက်ကြောင်းသုံးကြောင်းပေါ်လာပါသည်။
ဈေးထဲတွင် လူအများ အပြားသွားရောက်ကြည့် ရူ့ ကြသောကြောင့် အုတ်အော်သောင်းနင်းဖြစ်လျက်ရှိပါသည်။ကြည်မြင်တိုင်မြို့နယ်အာဏာပိုင်များကဈေးကိုအစောကြီးပိတ်လိုက်ပါသည်။အထက်အာဏာပိုင်များရောက်လာကာဘုရားကြီးကိုချက်ခြင်းပြုပြင်နေကြပါသည်။မျက်မြင်သက်သေပြည်သူများကဒေါ်ကြိုင်ကြိုင်တော့အခြေအနေမကောင်းတော့ဘူးထင်တယ်ဟု သုံးသပ်လျက်ရှိပါသည်။

-သတင်းပေးပို့ သူ- မွန်း-


No comments :