ကိုမင်းကိုနိင် ရဲ့ ထောင်တွင်း အခြေအနေ
အင်စိန်ထောင်မကြီး မှာ ကိုမင်းကိုနိုင် ကိုထားပါတယ်။ သူနဲ့ အတူ ကို၈ျင်မ၊ီ ကိုတင်ထူးအောင်၊ ကိုဇင်လင်းအောင်၊ ကိုမျိုးသန့် ၊ ကိုပတ်ခမ်းကွာ တို့ ရှိနေပါတယ်။ ဒါပေမဲ့ သူတို့ ကို ရာဇ၀တ်အကျဉ်းသားများနဲ့ ရောနှော ပြီး ထားတယ်လို့ သိရပါတယ်။ ဒါက နိင်ငံရေးအကျဉ်းသားတွေကို တဖက်လှည့် နဲ့  ထိုးနှက်တာ ဖြစ်ပါတယ်။ ရာဇ၀တ်အကျဉ်းသားတွေနဲ့ အတူထားခြင်းဖြင့် နိင်ငံရေးအကျဉ်းသားတွေနဲ့ ပြသာနာတွေ တက်အောင် ရန်ဖြစ်အောင် နအဖက တမင်ဖန်တီးထားတာ ဖြစ်တယ်လို့ နိင်ငံရေးအကျဉ်းသားဟောင်းတဦးက ဆိုပါတယ်။ လူသတ်မှု နှစ်ခါဖြစ်ဘူးထားတဲ့ ကျွဲ ကြီး ( ခ) ခင်မောင်သိုက်ကို မင်းကိုနိုင်နေတဲ့ အဆောင်မှာ အခန်းလူကြီး အဖြစ်လည်း ခန်ထားပါတယ်။ ကျွဲ ကြီး က မင်းကိုနိုင်နှင့် အခြားရဲ ဘော်များကို ရန်စမှု များ စော်ကားမော်ကားမှု များ ပြုလုပ်လျှက် ရှိပါတယ်။ တိုက်ကြီး ၂ မှာတော့ ကိုကိုကြီး ၊ ကိုမြအေး၊ ကိုမျိုးခင် ( ခ) ကိုမုန်းက်၊ ကိုကျော်ကျော်ထွေး တို ကိုထိမ်းသိမ်းထားပါတယ်။ သူတို့ နဲ့ အတူ နေရတဲ့ အကျဉ်းသား တွေကတော့ သေဒဏ်ပေးခံထားရတဲ့ ရာဇ၀တ်အကျဉ်းသားတွေဖြစ်ပါတယ်။ နေ့စဉ် စိတ်မချမ်းသာစရာ ဖြစ်ရပ်တွေကို သူတို့ ကြုံတွေ့ နေရတယ်လို့ သိရပါတယ်။ တိုက်ကြီး - ၃ မှာတော့ ကိုလင်းသိန်းဆွေ ( ဒီမိုကရေစီနဲ့ ငြိမ်းချမ်းရေးပါတီ) ရှိပါတယ်။ အဆောင် နံပတ် ၅ - တိုက်အမှတ် ၂မှာ ကိုဌေးကြွယ် နဲ့ နိုင်ငံရေးအကျဉ်းသား ၃၀ ခန့် ရှိနေပါတယ်။ ကိုလှမျိုးနောင် နဲ့ ကိုထင်ကျော် ကတော့ ထောင်ဆေးရုံမှာ ရှိနေပါတယ်။ သူတို့ နဲ့ အတူ စိတ်ရောဂါကိုခံစားနေရတဲ့ ကိုလှဝင်းအောင် ( ဗိုလ်အဆင့်- စစ်ပြန် ) နဲ့  အမည်မသိ အကျဉ်းသားတဦးကို ရှိနေပါတယ်။ ဒီအကျဉ်းသားက စိတ်ရောဂါ ဆိုးဆိုးဝါးဝါးခံစားနေရပါတယ်။ ကိုမျိုးခင်ကို ပုဒ်မ ၅၀၅ ၊ ပုဒ်မ ၁၄၃ တို့နဲ့ တရားစွဲတယ်။ ကိုသိန်းဆွေကိုတော့ ပုဒ်မ ၆ ခု နဲ့  တရားစွဲဆို ထားပါတယ်။ ဘာပုဒ်မတွေလည်း စုံးစမ်းနေဆဲဖြစ်ပါတယ်။ ကိုမင်းဇေယျာ၊ နဲ့  ကိုဇေယျ ( လူဘောင်သစ် ဒီမိုကရက်တစ်ပါတီ ) တို့ ရဲ့ သတင်းတွေကိုတော့ စုံစမ်းလို့ မရသေးပါဘူး။
1 comment :
top 3 losers from this blog's c box
------------------------------------ TAW THAR GYI, KAUNG SAY CHIN THU AND DAR TA NYIN.
I BELIEVE THEY DON'T HAVE ANY JOB AND NOTHING ELSE TO DO FOR THEIR COUNTRY
ALWAYS WRITING ABOUT GOSSIP AND ALWAYS CHEWING THEIR LOUD MOUTHS ON THE C BOX ,EVERYTHING WHAT THEY KNOW
WE NEED TO TAKE CARE EACH OTHER AND HELP A LOT OF PEOPLE LIKE THEM TO GET A JOB
BEFORE WE FIGHTING FOR THE DEMOCRACY MOVEMENT
V/R
AUNG MYO SWE
Post a Comment