Saturday, 12 January 2008

ကျောသားရင်သား တစ်မျိုးစီနဲ့


ကျောသားရင်သား တစ်မျိုးစီနဲ့
မွန်း

ကျွန်တော်တို့မြန်မာနိုင်ငံမှာ အခုဆို ထုတ်ကုန်နှစ်ဆ တိုးမြင့်ကြဆိုသော နိုင်ငံတော်အကြီးကဲများရဲ့ လမ်းညွှန်မှုကြောင့် ပြည်တွင်းဖြစ် ထုတ်ကုန်တွေ အလွန်များပြားစွာ ထုတ်ကုန်တွေ ထွက်လာကြပါသည်။ သို့သော်လည်း အရည်အသွေး ကွာဟချက်တွေကြောင့် ကျွန်တော်တို့ ပြည်သူနှင့် အစိုးရကပါ ပြည်ပထုတ်ကုန်တွေကို ရောသုံးနေရတာ အလွန်ပင် ကြာညောင်းခဲ့လေပြီ။ ထို့ကြောင့် သွင်းကုန်တွေကို နည်းလမ်းများစွာနှင့် တင်သွင်းလုပ်ကိုင်ရသော အလုပ်တစ်ခုတိုးလာ တာပေါ့ တစ်ချို့ကတော့ ဂျူတီဆောင် တရာဝင်းသွင်းပြီး ဖြန့်ချီကြပါတယ။် သို့ပေမယ့် တစ်နိုင်ငံလုံး နှင့် ယှဉ်လျှင်ထို အရေအတွက်သည် အစိုးရနှင့် သင့်မြတ်လှသော သူတို့သာ အကျိုးမြတ်များစွာရရှိပြီး သာမာန်လူတွေကတော့ ပိန်မသာ လိန်မသာ အခြေနေ လောက်သာရှိကြပါသည်။


ငွေအရင်းနှီး နည်းသော သူများအဖို့တော့ ဒီလိုအလုပ်က မလွယ်ကူလှပေ တစ်နိုင်တစ်ပိုင် အလုပ်ကိုသာ စိတ်ကူးရှိကြပါသည်။ ထိုသူတွေကိုတော့ အထင်သေးလို့ ရမည်မထင်။ မိုးစက်တစ်စက်ချင်းသည် ရေမဖြစ်ပေမယ့် ပေါင်းစည်လိုက်လျှင်တော့ ကြီးမားပြီး အကျိုးရှိသောရေ ဖြစ်လာသလိုပေါ့လေ။ သူတို့ဟာလည်း သွင်းကုန်များရဲ့ ၇၀ရာနှူန်းလောက်တော့ ရှိမည်ထင်ပါသည်။ အရှေ့ဘက်ကို လှမ်းမျှော်လိုက်တော့ ယိုးဒယားတရုပ်ပေါ့။ အနောက်ကိုတဲ့ မျှော်လိုက်ရင် ပါကစ္စတန် အိန္ဒိယရယ်နဲ့ဂျပန် ကိုရီးယားလေးလဲ ပါတာပေါ့ခင်ဗျာ။ အစားသောက်နှင့် လူသုံးကုန်တွေကတော့ ထိုင်းနဲ့တရုပ်ပေါ့။ ပြည်သူတွေကျန်းမာရေးကတော့ ပါကစ္စတန်နှင့်အိန္ဒိယ။ကမ္ဘာနှင့် ရင်ဘောင်တန်းဖို့ကတော့ ပေါက်ဖေါ်တရုပ်ကြီးပေါ့ မြန်မာပြည်ကတော့ တရုပ်ရဲ့အမှိုက်ပုံပေါ့လေ။ စီးပွါးရေးမကောင်းတဲ့ ရွှေဗမာတွေက ဈေးပေါရင် အကုန်လက်ခံတယ်လေ။ သံရေးတမန်ရေးကလည်း ပြေလည်လေတော့ မှောင်ခိုလို့ အခေါ်ခံရတဲ့ ကုန်သည်တွေကတော့ လမ်းခရီးသာယာမှုရှိကြလေရဲ့ဗျာ။ အရှေ့ကိုလှမ်းမျှော်လေတော့ ယိုးဒယား။ သူနဲ့ကတော့ တဇောင်းနဲ့ မျက်ချေး လေ။ လူကြီးတွေကသာ အမျိုးသားရေးစိတ်ဓါတ်တွေ ဘာတွေ သူတို့ကိုယ်တိုင်တောင်မှ သုံးလိုက်ရင် ယိုးဒယားဖြစ်လေးလောက်မှ သုံးတာ။ ဒီလိုနဲ့ယိုးဒယားမိတ်ဆို အရမ်းကြိုက်ကြတယ် ဆိုကြပါတော့။ အဓိက ၀င်ပေါက်လေးတွေကတော့ ကျွန်တော်တို့ကရင်ပြည်နယ် မြ၀တီရယ် ကော့သောင်းရယ် ကချင်ပြည်နယ်က မဲဟောင်ဆောင်ရယ်ကတော့ အဓိက၀င်ပေါက်တွေ ဖြစ်သလို အစိုးရ၀န်ထမ်းများရဲ့ ထမင်းအိုးဆိုလျှင်လည်း မမှားပါဘူးလေ။ မြ၀တီလမ်းကတော့ လူတော်များများ လုပ်ကိုင်စားသောက်ရာ လမ်းလို့တော့ ဆိုထိုက်ပါတယ်။


ဒီလမ်းက ရန်ကုန်နှင့်ဆိုလျှင် ခရီးလည်းတို လမ်းစရိတ်သတ်သာသောကြောင့် အရင်းနှီးနညိးသော ကုန်သည်လေးများရဲ့ ထမင်းအိုးလေးပေါ့ဗျာ။ ခရီးကသာတိုတယ်လို့ ဆိုလိုက်ရတယ် စစ်ဆေးရေးဂိတ်တွေကတော့ ရန်ကုန်အရောက်ကို ၁၅ ခုကျော်လောက်တော့ ရှိတယ။် ဒီကြားထဲ ယူနီဖေါင်းတွေ့ရင် အကုန်ငွေခင်းရတယ်။ မရှိလို့ လုပ်စားပါတယ်ဆို ပါးစပ်ထဲ ကပြန်လုစားသေးတယ်လေ။ ဒီလိုနဲ့ ချမ်းသာသွားတဲ့ ၀န်ထမ်းတွေရှိသလို အဖမ်းခံရလို့ ဘ၀ပျက် အလုပ်သမားဘ၀ ရောက်သူတွေ လည်းမနည်းဘူးပေါ့ဗျာ။ ကုန်ဈေးနှုန်းတွေ တက်တယ်တက်တယ်။ ဘယ်သူလုပ်တယ်မှာ သူတို့ လုပ်နေတာလေ။ လမ်းက အဖမ်းဆီးများလေတော့ သယ်ဆောင်စရိတ်တွေက မြင့်ပေါ့ ။ ကုန်သည်နဲ့ ဆိုင်သမားကတော့ ဘာမှုမှာလဲဗျာ။ ကုန်ကျစရိတ်ကို စားသုံးသူတွေ ကခံရတာပေါ့ ဗျာ။ ကုန်သည်ဘ၀လေးက ဒီလိုလေ သူတို့က နယ်စပ်ကနေ၀ယ်ရန်ကုန်ကိုသယ်ပေါ့ ။လမ်းမှာ တော့ ပေးရကမ်းရတာပေါ့လေ မိသွားတော့လဲ ဖမ်းတာဘဲ ဒီလိုဖမ်းခံရပြီဆိုရင်တော့ အဖွဲ့စုံလို့ခေါ်တဲ့ အာဏာပိုင်တွေပေါ့။ သူတို့က ဆွမ်းကြီလောင်းပေါ့ ။ ဆင်သေကို ကျီးထိုးသလိုပေါ့ ။ ပါသမျှအကောင်းစားလေးတွေ သူတို့ မိန်းမတွေ ၀န်းထမ်းမိသားစုတွေ ဝေယူပေါ့။ ကုန်သည်တို့ လာပြန်တောင်းတော့လည်း ငွေယူပြီးပြန်ပေးပေါ့ ။ ဒါကလည်း ပိုင်မှပါ ။ သူတို့ကတော့ အကာကွယ်တော့ ကောင်းသား။ ဖမ်းဆီးကုန်တွေကို ပြန်ထုတ်ပေးရင် ကုန်သည်က ငွေပေးရတယ။် အမျိုးစားတူကုန်ကို လာပြန်ထည့်ပေးရတယ်။ သဘောက တန်ဖိုးကြီးတဲ့ယိုးဒယား ပိတ်စ ဇာ စသည်တို့ က တရုပ်ကလည်း ၀င်တော့ အစားထိုးပေါ့ ။ဒါကိုမသိတဲ့သူက လေလံဆွဲတော့ ရှုံးပေါ့။ လေလံဆွဲတော့ ကိုယ့်ဟာလေး ပြန်ရလေမလားလို့ စိတ်မကူးလေနဲ့ ။ အားလုံးအစုတ်တွေဘဲ ။ အကောင်းတွေက ရောင်းစားပြီးပြီ ။ ဒီလိုမျိုးကိုဥပဒေနဲ့ချီ ပြောတော့ အခွန်မဲ့ ကုန်တဲ့ ။ ကျွန်တော်တို့ အဲပုဂံဆိုတာတော့ ကြားဖူးကြမှာပါ။
(တစ်ဦးတည်းသော မြန်မာနိုင်ငံသားပိုင်) ဒီလိုတောင် သတင်းစာတွေ ဂျာနယ်တွေမှာ ရေးပေးကြတယ့် အဲးလိုင်းကြီးကတော့ ဟိုပိတ် ဒီပိတ်တွေလုပ်ကြလေတော့ သူလည်းဆွဲစရာက ဗန်ကောက်ဘဲ ရှိတယ်လေ။ အဲ့ဒီမှာတင် စောရ တေဇ အားပေးအားမြောက် သန်းရွှေတို့က အကြီးစားမှောင်ခိုကို စတင်ကြလေပြီပေါ့ အကောက်ခွန်မဲ့ဆိုတဲ့ ဥပဒေက သူတို့ကြတော့ သက်ရောက်မှုမရှိလေသလားဗျာ။ မြန်မာနိုင်ငံက တရားရေးချိန်ခွင်ကိုတော့ ဒီဂျစ်တယ်တော့ ပြောင်းသင့်ပြီထင်တယ။် သူတို့ကအခု ဗန်ကောက်ရန်ကုန်ကို လူမစီးလေတော့ ရတယ်တဲ့ ။ငွေပိုရအောင် အခုဆို ကုန်တွေဘဲ တင်နေတော့တာ အဲပုဂံနှင့်သာ တင်လိုက်ပါလူကြီးမင်းရဲ့ ။ ကုန်ပ္စည်းကို ရန်ကုန် အဲးပေါ့ ။ မဆိုလေနဲ့ အိမ်အထိကို ရောက်နိုင်တယ်တဲ့ တစ်ကီလိုကို ရှစ်ဒေါ်လာတဲ့ဗျာ အော်သူတို့ကြတော့ လည်း အဆင်ပြေကြလေရဲ့နော။်

No comments :