နေစွဲ - ဇန်န၀ါရီလ ၂၃၊၂၀၀၈။
ရွေဝါရောင်တော်လှန်ရေး အထူးကြေညာချက် အမှတ် - ၂
နအဖ နဲ့ပူးပေါင်းနေတဲ့
တရုပ်စီးပွားရေးသမားများနှင့်ပတ်သက်သောကြေညာချက်
ပြည်တွင်းပြည်ပရှိ
မိတ်ဆွေများ ရဲ ဘော်များ
အခုအမေရိကန် နဲ့  ဥရောပ က စီးပွားရေးပိတ်စို့ အရေးယူဖို့ ဆောင်ရွက်တဲ့ ၀သမလောဘ စီးပွားရးသမားစာရင်းတွေကို ကြည့် ရင် မြန်မာ လူမျိုးတွေ ဖြစ်နေပါတယ်။ ကျနော်တို့ အားလုံးသိတဲ့အတိုင်းပဲ မြန်မာ ပြည်ရဲ့ စီးပွားရေး ၈၀ ရာခိုင်နှုန်းခန့် ဟာ တရုပ်တွေလက်ထဲမှာ ကျရောက်နေပြီဖြစ်ပါတယ်။ ဒီထဲမှာ တချို့ တရုပ်စီးပွားရေးလုပ်ငန်းရှင်ကြီးများဟာ နအဖ နဲ့  လုံးဝ ပူးပေါင်းဆောင်ရွက်နေကြပါတယ်။ တချို့ တရုပ်တွေက အမေရိကန်နဲ့  ဥရောပ နိင်ငံသားတွေဖြစ်နေကြပြီး မြန်မာ ပြည်ကို ကူးခြည်သန်းခြည်နဲ့ စီးပွားရေးသောင်းကျန်နေသူများသက်သက်ဖြစ်ပါတယ်။ ဒီမိုကရေစီလှုပ်ရှားမှု ကြီးကိုလည်း ဖုတ်လေတဲ့ငပိရှိတယ်တောင်မထင်ပဲ နအဖ ကိုသာ စိတ်ပိုင်ဆိုင်ရာအရ ၊ ငွေကြေးပိုင်းဆိုင်ရာအရ ကူညီပံပိုးနေသူများဖြစ်ပါတယ်။

နအဖနဲ့ ပေါင်းနေတဲ့ တရုပ်စီးပွားရေး လုပ်ငန်းရှင်များ စရင်းကို ပေးပို့ ပေးကြဖို့  သူတို့ ရဲ့  စီးပွားရေးတွေကို သပိတ်မှောက်ဖို့ အတွက် လှုံဆော်လိုက်ပါတယ်။ (ရိုးရိုးသားသား စီးပွားရှာတဲ့  မြန်မာပြည်ဖွား တရုပ်လူမျိုးများကို မထိခိုက်ဖို့ အထူး သတိပြုပြီး သတင်းပေးပို့ ပေးပါခင်ဗျား ။ )
သူတို့ နဲ့ ပတ်သက်တဲ့ သတင်းအချက်အလက်များကို ကျနော်တို့ ကိုပေးပို့ ကြပါခင်ဗျား
၁- အမည်။
၂- စီးပွားရေးလုပ်ငန်းအမည်
၃- ထုတ်ကုန်အမည်များ
၎- နေရပ်လိပ်စာ

မှတ်ချက် - မူစလင် ဘာသာဝင်အများအပြားဟာ သဃာတွေဦးဆောင်တဲ့လှုပ်ရှားမှုကြီးမှာ အတက်ကြွဆုံးကူညီခဲ့ကြတယ်။ မြန်မာ ဗုဒဘာသာများနှင့်အတူ လက်တွဲ တိုက်ပွဲဝင်ခဲ့ကြတာ ကို ပြီးခဲ့တဲ့ လူထုလှုပ်ရှားမှုကြီးမှာကျနော်တို့ တွေ့ ခဲ့ရပါတယ်။ ဒါကိုကျနော်တို့ မှတ်တမ်းတင်ဂုဏ်ပြုပါတယ်။
No comments :
Post a Comment