Tuesday 15 January 2008

ထောင်တွင်းက ဒို့ ရဲဘော်တွေသတင်း

ဇန်န၀ါရီ ၁၄ ရက်

ဒီငြိမ်းလင်း၊ ဦကျော်ဆန်း တို့ ကို ၅၀၅ ပုဒ်မ နဲ့ မတရားဖမ်းဆီးထားပါတယ်။ ရုံးထုတ်မယ်လို့ ဆိုပေမဲ့ ဒီနေ့ အထိ ရုံးမ ထုတ်သေးပါ။ ဒီငြိမ်းလင်း ဟာ စိတ်ရော ရုပ်ပါ အလွန်ကျမာသန်စွမ်းလျက်ရှိပြီး အချုပ်ခန်းအတွင်း ကာလများ တွင် ဒိုက်ထိုးခြင်း၊ အိပ်ထမတင်ပြုလုပ်ခြင်းကို အဆက်မပြတ်ပြုလုပ်လျက်ရှိပါတယ်။ လွတ်လာပြီးရင် ဆက်လက်တိုက်ပွဲဝင်နိင်ဖို့ အတွက် ဟု ပြောပါတယ်။


ဇန်န၀ါရီ ၁၅ ရက်

ကိုမင်းဇေယျာ ၊ ကိုအောင်သူ၊ ကိုသန်းမြင့် ၊ ကိုမြင့်ဟန် ၊ ကိုအောင်သန်းမြင့် ၊ ကိုတင်ဝင်း ၊ ကိုအောင်ကျော်ကျော် ၊ ကိုအောင်နိင် နှင့် ကို ကို တို့ ကို သီးသန့် ကနေ မိန်းကိုပြောင်းရွေ့ သွားပါတယ်။ ဘာကြောင့် ပြောင်းရွေ့ တယ်ဆိုတာကိုမိသိရပါ။

ကိုမင်းဇေယျာ က အချုပ်ခန်းပြောင်း စဉ်က ထောင်မကြောက်လုပ် လို့ နိင်ငံရေးလုပ်တာကွ ဟု ကြေးကြော်သွားကြောင်း သိရပါသည်။ စိတ်ဓါတ်မကျနဲ့  ဆက်လက်တောင့်ထားကြ ။ အောင်ပွဲ မဝေးတော့ဘူး ဟေ့ လို့  သီးသန့် ခန်းတွင် ကျန်ခဲ့ သော နိင်ငံရေးအကျဉ်းသားရဲ ဘော်များကို မှာကြားသွားခဲ့ပါတယ်။


ဇန်န၀ါရီ ၁၆ ရက်
မောင်စည်သူမောင် ( ၂၁ နစ်) ၊ မောင်ရဲ့ မြတ် ဟိန်း ( ၁၇ နစ် ) ၊ မောင်ရဲ မင်းဦး ( ၂၂ နစ် ) ၊ ကိုကြည် ဖြူ
ဦးသိန်းဆွေ တို့ ကို ၅၀၅ ခ နဲ့  ဗဟန်းမှာ ရုံးထုတ်မယ်ဟိုသိရပါသည်။ မောင်ဟိန်းမြတ်ဟာ ၈လေးလုံးလှုပ်ရှားမှု ဖြစ်ပွားစဉ်က မမွေးသေးဟုသိရပါတယ်။ သူက ခွပ်ဒေါင်း သွေး နီတယ်ဟေ့ လို့  ဆိုပြီး
ကြံဖွတ်နဲ့ စွမ်းအားရှင်များသူကို ဖမ်းဆီးစဉ်က ကြွေးကြော်ခဲ့ပါတယ်။

ပုဒ်မ - ၅၀၅ ၊ ၅၀၅ ( ခ ) ဆိုသည်မှာ ဆူပူလှုံဆော်မှု နှင့်စပ်လျဉ်းသည်။ ထောင်ပြောင်းရွေ့ မှုနဲ့ ပတ်သက်ပြီး ဘာကြောင့်ရွေ့ တယ်ဆိုတာကို မသိရသေးပါ။

No comments :