Monday, 7 January 2008

တပ်မတော်၏ သဘောထားအမှန် နဲ့ ပြည်သူ လူထု ရဲ့ လက်တွေ့ ဘဝ

အရှေ့ တောင်တိုင်း စစ်ဌာနချုပ်လက်အောက်ခံ ရှေ့ တန်းစစ်ဒေသ ကွပ်ကဲ တပ်မ ဌာနချုပ် ( သင်္ဃန်းညီနောင်) စ.က.ခ (၁၂) တွင် တာဝန်ကျနေသော စစ်ဦးစီးတတိယတန်း ဗိုလ်ကြီးကျော်ဇေယျ နှင့် ဒီကေဘီအေ (၉၀၆) မှ ဗိုလ်ဥာဏ်မင်း ဦးစီးသော အင်းအား (၁၀) ဦးခန့် သည် အရက်သေစာများ သောက်စားပြီး မြဝတီမြို့  ဘုရင့်နောင်လမ်းမကြီး ပေါ်တွင် နိုင်ငံတော်မှာ ထုတ်ပေးထားသည့် လက်နက်များ ကိုင်ဆောင်ပြီး ရန်ကုန်မှ မြဝတီသို့  အလည်အပတ် ရောက်ရှိနေသည့် ဧည့်သည်များ ဖြစ်ကြသော အောင်ကျော်ဦး၊ ကျော်မျိုးထိုက်၊ ဇော်မျိုးသူ ဆိုသူ (၃) ဦးတို့ အား မိုက်ကြည့်ပြန်ကြည့်သည်ဟု ဆိုကာ (၂၃-၃-၀၇) နေ့ ၊ ည(၁၀း၃၀) နာရီတွင် သေနတ်ဒင်ဖြင့်ထု၊ ခြေထောက်ဖြင့်ကန်၊ လက်သီးနှင့် ထိုးနက် အနိုင်ကျင့်ခဲ့ပါသည်။
ဗိုလ်ကြီးကျော်ဇေယျ သည် သင်္ဃန်းညီနောင် (တပ်မ) စစ်ဆေးရေး ဂိတ်တွင် ညဘက်အချိန် လိုင်စင်မဲ့ကားများ၊ အကောက်ခွန်မဲ့ တရားမဝင် ပစ္စည်းများ တင်ဆောင်လာသော ကားများ ကို တစ်စီးလျှင် ကျပ်(၁၀) သိန်း မှ သိန်း(၃၀) ထိတောင်းယူကာ သွားလာခွင့်ပြုခြင်းများ ပြုလုပ်နေပါသည်။ လာဘ်ပေးလာဘ်ယူ ကိစ္စအတွက် ငွေပေးငွေယူခြင်းကို ဗိုလ်ကြီးကျော်ဇေယျ ကိုယ်တိုင် ညဖက် မြဝတီမြို့ ထဲရှိ စားသောက်ဆိုင်များတွင် ချိန်းဆိုလက်ခံယူပြီး ၊ ၄င်းကိုယ်တိုင်လည်း တရားမဝင် လိုင်စင်မဲ့ကားများအား တစ်စီးပြီး တစ်စီးပြောင်းစီးနေပါသည်။
မြဝတီမြို့ သောင်းရင်းမြစ် (နယ်စပ်) ခိုးဂိတ်ဟုခေါ်ဆိုသော မိုးကုတ်ဂိတ်တွင် ယခင်က ပြည်သူ့ စစ် တစ်မျိုးတည်းသာ ရှိခဲ့ ပြီး ယခုအချိန်တွင် စစ်တပ်၊ လဝက တို့ က အမြဲ၊ ရဲက မကြာခဏလာပြီး တစ်ဖက်နိုင်ငံနှင့် ကူးသန်းသွားလာသူများကို လွယ်ကူစေရန်၊ ဂိတ်ဖွင့်ပေး ထားပြီး၊ ယင်းဂိတ်တွင်တာဝန် အရစစ်ဆေးလျှက်ရှိပါသည်။ သို့ သော် တစ်နေ့ တာ ဂိတ်ကြေးငွေ (၅)သောင်းခန့် အား အခြေချဗျူဟာ (သင်္ဃန်းညီနောင်) ၏လက်အောက်ခံ ရှေ့ တန်းရုံး (မြဝတီ) ၊ စစစ (မြဝတီရုံး) ၊ရဲ၊လဝက၊ ပြည်သူ့ စစ်တို့ ဖြစ်ကြပြီး မကြာမှီ မဲဆောက်မြို့  မှ ပြန်သွားသည့် ကရင်မလေး တစ်ဦးအား စစ်ဆေးရာတွင် လက်ထဲပါ ဘတ်ငွေ (၂၅၀၀) ကို နိုင်ငံခြားငွေ တရားမဝင် လက်ဝယ် ကိုင်ဆောင်မှုဖြင့် ဖမ်းမည်ဟု ခြိမ်းခြောက်ပြီး ကရင်မလေး က ငိုယိုတောင်းပန် သဖြင့် လူကို မဖမ်းတော့ပဲ ငွေများကို သိမ်းလိုက်မည်ဟု ပြောကာ ဘတ်ငွေများ ကို သိမ်းဆည်းပြီး လူအားလွှတ်ပေးလိုက် ပါသည်။
ရှမ်းပြည်နယ်တောင်ကြီးမြို့ မှ လာသူကိုးကန့် လင်မယား နှစ်ဦးအားလည် ဂိတ်ဝင်ကြေး အဖြစ် ဘတ်ငွေ (၁၅) သိန်းကို လဝက မှ စစ်ဆေးတောင်းဆို နေကြောင်း၊ စစ်တပ်နှင့် ပြည်သူ့  စစ်ကတော့ ဘာမှဝင်ရောက်မပြောပဲ ရရင် ဝိုင်းစားမဲ့ သဘောမျိုး နှင့် ဘေးမှ အသာလေး ရပ်ကြည့်နေကြကြောင်း တင်ပြလိုက်ပါတယ်။

မြဝတီ မြို့ သားတစ်ဦး

2 comments :

Anonymous said...

ကျွန်တော်တွေးမိသောအကြောငိးအရာလေးများ တချို့
---------------------------------------------------------

မြန်မာနိုင်င်္ငံမှပြည်သူများ DEMOCRACY မရရှိသေး ရခြင်းအကြောင်းရင်းများ
----------------------------------------------------------------------------------

၁။ စစ်အစိုးရသည်ပြည်သူ့အတွင်းမှဖြစ်နေခြင်း[ကိုယ့်လူမျိုး] နှင့်ပြည်သူ့အားနဲချက်များကိုသိနေခြင်း၊

၂။ လက်နက်ကိုင်အဖွဲ့အစည်းများအချင်းချင်း နှင့်အတွင်းဋ္ဌ်လည်း ရဲဘော်ရဲဘက်စိတ်ဓါတ်အပြည့်အဝမရှိသေးခြင်းနှင့်ထောက်ပံ့မှုအလုံအလောက်မရှိသေးခြင်း၊

၃။ ပြည်ပရောက် မြန်မာ့နိုင်င်္ငံရေးသမားများ၏ မြန်မာနိုင်င်္ငံကြီးနှင့်အလှမ်းကွာဝေးသည့်နှစ်ကြီးထွားလာခြင်း၊

၎။ စစ်အစိုးရ၏ အတွင်းပိုင်းပဂိုလ်ရေးဆိုင်ရာ[အတင်း]သတင်းများကိုသာ ရရှိပြီး စစ်တပ်၏ အားနဲချက်သတင်းအစစ်အမှန်ကိုအသေးစိတ်မရခြင်း၊

၅။ နိုင်င်္ငံရေးနှင့် စစ်တပ် အဖွဲ့အစည်းတိုင်းအတွင်းဋ္ဌ်ဆရာ၊တပည့်မွေးမှူများ ရှိနေသေးခြင်း၊

၆။ အခြေခံ ဆင်းရဲသားလူတန်းစား[လူများစု]၏ စားဝတ်နေရေးကိုအစိုးရကချုပ်ကိုင်ထားခြင်းဖြင့်ဌင်းတို့မိသားစုများ၏သားသမီးများ[ပြည်တွင်း]
ဘဝခိုင်မာရန်အကြောင်းပြလှည့်ကွက်ဖြင့် DSA,DSTA,DSMA ၊စစ်သူနာပြု၊ အစရှိသည့်စစ်ကျောင်းကြီးများကိုအောင်မြင်စွာ ဆက်လက်ဖွင့်နေနိုင်သေးခြင်း၊

၇။ စစ်အစိုးရ၏ နိုင်ငံရေး ကြိုးဆွဲ ကွက်များထဲတွင် တချို့နိုင်ငံရေးသမားများ ဆက်လက် ကနေဆဲများ ရှိနေသေးခြင်း၊

၈။ ပြည်တွင်း/ပြည်ပ နိုင်ငံရေးအဖွဲ့အစည်းများအချင်းချင်းဋ္ဌ်လည်းသာတူညီမျှမှုနှင့် နိုင်ငံရေးအဖွဲ့အစည်းများအချင်းချင်း အပြည့်အဝယုံကြည်မှုများမရှိသေးခြင်း၊

၉။ တော်လှန်ရေးတိုင်း၏အားနည်းချက်/အားသာချက်များကိုပြန်လည်သုံးသပ်ပြီး ပြည်သူလူထုကိုအောင်ပွဲခံစေမည့်ထိရောက်သည့် နည်းဗျူဟာသစ်များချမှတ်ပေးနိုင်မှုမရှိသေးခြင်း၊

၁၀။နိုင်ငံရေးသမားများတချို့၏ ပြည်သူ့သစွာခံနှင့် နိုင်ငံရေး ပါး မ ဝသေး ခြင်း၊

Anonymous said...

hi everyone,
this is my blog

http://myanmarpoliticalwatchdog.blogspot.com/