------------------------------------------------------------------------------------------------------------------------------------------
နေခင်းအိပ်စက်ခြင်းနှင့် ဦးဏှောက်
အစ္စရေးနိုင်ငံ ဟိုင်ဖာတက္ကသိုလ် မှာ ဦးဏှောက်ဗေဒ အထူးပြုလေ့လာသူ အဗီကာနီ (Avi Karni) ရဲ့ သုသေသနပြု တွေ့ ရှိချက်အရ လူတွေ ခေတ္တငိုက်မြည်း နေချိန်မှာ ဦးဏှောက်ရဲ့  အတိတ်ကာလ မှတ်သားမှု - long run memory- တွေကို ဖြတ်တောက်ထား လေ့ရှိတယ်လို့ သိရပါတယ်။ နေလည်နေခင်း တရေးအိပ်စက် ချိန်များ မှာ ၄င်း ဖြစ်စဉ်ဟာ ပိုမိုထိရောက်စွာ ဖြစ်ပေါ် တတ်ပါတယ်။
“ခုချိန်ထိ ကျနော်တို့ ဟာ မှတ်ဥာဏ်ရဲ့ အလုပ်လုပ်ပုံ ကို သေချာမသိရသေးပေမဲ့ အခု သုသေသန လုပ်ငန်းက တွေ့ ရှိချက်တွေကြောင့် မှတ်ဥာဏ် ဟာ မြန်ဆန်မှုရှိအောင် တစ်စု တစ်စည်း ဖြစ်အောင် လုပ်ကိုင်ဆောင်ရွက်တယ် ဆိုတဲ့ လမ်းစကိုတော့ တွေ့ ရှိခဲ့ပါပြီ၊ ဒီအချက် အလက်တွေကြောင့် အနာဂတ်မှာ မှတ်ဥာဏ်နဲ့ ပတ်သက်တဲ့ အထောက်ကူ ပြု နည်းပညာတွေ ကို ပိုမိုဖန်တီး လာနိုင်မယ် ထင်ပါတယ်” လို့  ကာနီ ကပြောကြား ခဲ့ပါတယ်။
အတိတ်ကာလ မှတ်သားမှု ဆိုတာ ကျနော်တို့  အတိတ်မှာ ဘာတွေ ဖြစ်ခဲ့တယ် ဆိုတဲ့ ကြောင်းတွေ (ဥပမာ- အတိတ်တွင် ဖြစ်ခဲ့သော ယဉ်တိုက်မှုကို မှတ်မိနေခြင်း) ၊ အတတ်ပညာ တစ်ခုကို တတ်မြောက်ခြင်း (ဥပမာ-စန္ဒာယား တီးတတ်ခြင်း)၊ ခံစားမှုကို မှတ်သားခြင်း (ဥပမာ-မိမိအားပေးသော ဘောလုံးအသင်း ၏အောင်မြင်မှု အတွက် မျက်ရည်ကျ လောက်အောင် ကြည်နှုးခြင်း) စတဲ့ အစိတ်အပိုင်း တွေ ပါဝင်ပါတယ်။
အာရုံကြောသဘ၀ ဆိုင်ရာ ဂျာနယ် (Journal of Nature Neuroscience ) မှာ ဖော်ပြခဲ့တဲ့ ကာနီရဲ့  ဆောင်းပါမှာ နေ့ ခင်းမှာ တစ်နာရီလောက် အိပ်စက်လေ့ရှိသူတွေ နဲ့  အိပ်စက်လေ့မရှိ သူတွေကို နှိုင်းယှဉ်လေ့လာမှု ပြုတဲ့ အခါ နေ့ ခင်းဘက် အိပ်စက်သူတွေ ရဲ့  ညနေပိုင်း လုပ်ကိုင်ဆောင်ရွက် မှုတွေ ဟာ သိသိသာသာ ကောင်းမွန်နေတာကို တွေ့ ရှိခဲ့ကြောင်း ရေးသားခဲ့ပါတယ်။ ပုံမှန် ညခင်း အိပ်စက် အနားယူ အပြီးမှာတော့ ၄င်းအုပ်စုနှစ်ခု ရဲ့  စွမ်းဆောင်ရည် များ ဟာ အတူတူပြန်ဖြစ်လာ တာကို တွေ့ ရှရပါတယ်။ ဒါပေမဲ့ သတိပြု ရမဲ့ အချက် က နေလည်ခင်း အိပ်စက်လေ့ရှိသူ များဟာ မအိပ်ပဲနေသူများထက် ပိုမို တက်ကြွဖြတ် လတ်နေလေ ရှိတဲ့ အချက်ပဲ ဖြစ်ပါတယ်။
Source: msn
5 comments :
သတင်းကြားရတာ ၀မ်းနည်းဝမ်းသာဖြစ်ရတယ် ။ ၀မ်းသာတာက တပ်ကြပ်ကြီး ဆရာကြီး အောင်ချစ်လို မတရားမှုကိုခေါင်းငုံမခံတဲ့ပြည်သူ့ဘက်တော်သား တပ်မတော်သားတွေပေါ်လာလို့ ၊ ၀မ်းနည်းတာက တပ်ကြပ်ကြီးအောင်ချစ်အတွက် ၊ သူ့လိုအရည်အချင်းရှိတဲ့ သတ္တိရှိတဲ့ တပ်မတော်သားတစ်ယောက်ကို ဘယ်သူမှ အကာအကွယ်မပေးကြလို့ ၊ ဘာမှအကာအကွယ် မပေးနိုင်လို့ပါ ။
The real justice in Burma is a bullet!! That is how we are ruled, and tortured both physically and mentally .
Now, Lt Colonel Thein Zan got a real justice from his own sniper. I hope everyone in the army take a note about it because Thein Zan is not alone; there are several thousands of commanders and majors who bully lower ranked army staff; moreover their wives are following the good examples of Kyaing Kyaing to abuse the power of their spouses. They should rethink of what they are doing as well.
ဟိတ်ကောင် မိုးသီး (စောက်တလွဲ)
တပ်မ ၆၆ မှာ ခမရ ၂၀၈ မရှိဘူးကွ
တပ်ရင်းမှူးလည်း မင်းပြောတာမှားနေတယ်
သိန်းဇံ မဟုတ်ဘူး ဘယ်သူလည်း ဆိုတော့ နံမည် အရင်း တော့ မပြောတော့ဘူး နံမည် ၃ လုံးနဲ့
မင်းပြောတာ သတင်းမှား ကွ
ပစ်ခတ်မှုမရှိဘူး
ငါစုံစမ်းပြီးပြီ
မင်းကွာ ရှက်တက်ရင် မင်းရေးထားတာ မင်းပြန်ဖြုတ်လိုက်
မင်းစောက်တလွဲမှန်းလူတိုင်းသိသွားပြီး
မင်းကျိုးစားပါ အချိန်မနှောင်းသေးဘူး
မင်းကွာ--
မင်းဦးနှောက် ကဖြုတ်ဦးနှောက်မှန်းသိသွား ပြီး
သတင်းတွေ ဆွတ်မတင်နဲ့ မင်းဆရာ ငါရှိတယ်
Post a Comment