Saturday 19 January 2008

မိုးသီး ဒိုင်ယာယီ

ဝဲမှယာ - ကိုမြင့်ဇော်ရော၊ ဗိုလ်ချုပ်ကြီးမြရောမရှိတော့ဘူး။ ဆရာဦးထွန်းအောင်ချိန်နဲ့ ကျနော် တို့ တခါမှာ ပြန်မဆုံတော့ဘူး။

၁၉၉၄ ခုနစ် အကုန်မှာ မနပုလောဌာနချုပ် ရန်သူလက်အောက်ကို ကျသွားတယ်။ မနပုလောဆိုတာက ကရင့် အမျိုးသားအစည်းရုံးနဲ့ ကျောင်းသားတပ်မတော် ဌာနချုပ်တွေ တပ်စွဲထားတဲ့နေရာပဲ။ မနပုလောတိုက်ပွဲက ဗီယက်နမ်စစ်ပွဲ ပြီးရင် အကြီးဆုံးတိုက်ပွဲလို့  ဘန်ကောက် အခြေစိုက် သတင်းစာတွေ မှာ ဖေါ်ပြခဲ့တယ်။ ကေ အင်ယူ အတွင်းနစ်ဖွဲ့ကွဲသွားတဲ့အတွက် မနပုလောဌာနချုပ် က အချိန်တိုတို အတွင်း ရန်သူလက်တွင်းကို ကျ ဆင်း သွားရတယ်။ မနပုလောကျသွားတဲ့အတွက် ကျနော်တို့  တပ်တွေ တပ်မဟာ ၆ ဖက်ကို ပြောင်းရွေ့ ခံတယ်။ ဌာနချုပ်ပြန်ဖွင့်တယ်။ ဒီအေဘီစစ်ကော်မရှင်မှာ ဗိုလ်ချုပ်မြ က ဒီအေဘီဥက္ကဌ ၊ ကျနော်က အတွင်းရေးမှုးတာဝန်ယူခဲ့ပါတယ်။ ဗိုလ်ချုပ်ခင်ညွန့် က ကျနော်တို့ ကို စေ့စပ်ဆွေးနွေးဖို့  ကမ်းလှမ်းလာတယ်။ ပါမောက္ခ ဦးထွန်းအောင်ချိန်ကို စေ့စပ်ရေးကိုယ်စားလှယ်အဖြစ်နဲ့  ကျနော်တို့ ထိမ်းချုပ်နယ်မြေထဲကို လွတ်လိုက်ပါတယ်။
ဆရာဦးထွန်းအောင်ချိန် က ရန်ကုန်တက္ကသိုလ်သမိုင်းဌာန က ပါမောက္ဒ ပါ။ ကျနော်ဆယ်တန်းတုံးက သမိုင်း မေးခွန်း တွေ ကို သူကထုတ်တာ။ သူကို ကျောင်းသားတွေ ကလေးစားတယ်။ သူက ရိုးသားတယ်။ မာနမရှိဘူး။ ဗိုလ်ချုပ်တွေနဲ့ ပေါင်းပြီး ကိုယ်ကျိုးရှာသူမဟုတ်ဘူး။ သူကို ဗိုလ်ချုပ်ခင်ညွန့် က ရည်ရွယ်ချက် ရှိရှိ ရွေးချယ် ခဲ့တယ်လို့ ကျနော်မြင်တယ်။ သူက ကရင်လူမျိုးလည်းဖြစ်တယ်။ သူက ကျောင်းဆရာ တဦး လည်းဖြစ်ပါတယ်လေ။ ဆရာကြီးဦးထွန်းအောင်ချိန် ဦးဆောင်တဲ့အဖွဲ့ မှာ ဦးခွန်မြတ်လည်းပါတယ်။ ကျန်တဲ့ သူတွေကို ကျနော် မမှတ်မိတော့ဘူး ။ သူ ကျနော်တို့ နဲ့ တပတ်ခန့် နေပါတယ်။ ဆွေးနွေးမှု တွေကို ကျနော်တို့ လုပ်ခဲ့ပါတယ်။ ဆွေးနွေးမှု က ထူးခြားမှုမရှိခဲ့ပါ။ သူတို့ တပတ်လောက်ကြာနေပြီး ပြန်သွားကြတယ်။ ကျနော် တောထဲမှာ ရှိခဲ့တဲ့အထိ တော့ နောက်ထပ် ဆက်သွယ်တာမရှိခဲ့ဘူး။

ဆွေးနွေးပွဲနဲ့ ပတ်သက်ပြီး အမှတ်ရစရာရှိတယ်။ ဗိုလ်ချုပ်မြက ဆွေးနွေးပွဲမစခင်မှာ ကြိုဆိုပွဲအခန်းအနား တခု လုပ် ပေးခဲ့တယ်။ ကရင့်တော်လှန်ရေးအလံကိုတင်တယ်။ကရင်အမျိုးသားသီချင်း ကို ကရင် ကျောင်းသားလေး တွေ ကသီဆိုပြီးကော်သူလေ အမျိုးသားအလံကို လွင့်တင်တဲ့ အခန်းနားနဲ့ ကြိုဆိုပေးခဲ့ပါတယ်။ ဖါးစည် အလံတော်က တဖြေးဖြေးနဲ့ အလံတိုင်ထိပ်ကို တလူလူ လွင့်လျက် ပျံတက်လာတယ်။ ဒေါနတောင်ပေါ်မှာ ကရင် တော်လှန်ရေး အသံ လွင့်ပျံလို့ လာခဲ့တယ် ။ ကျနော်တို့ အားလုံး အလံတော်ကိုအလေးပြုပြီး ကြတယ်။ ဆရာကြီး ဦးထွန်းအောင်ချိန် ကို လှည့်ကြည့်လိုက်တော့ သူဟာ ကရင့်အမျိုးသား သီချင်းသံ ကို အားပါးတရ လိုက်ဆို နေတယ်။ သူမျက်ရည်ဝဲနေတယ်။

4 comments :

TTT said...

very interesting. Most people who live inside Burma did not know what happened to ABSDF and its related matter. Please write more.

yarzar said...

want to read more about that, please ko Moethee, younger generation of burma are starving of that kind of real experience and histore, please write more for the sake of young and old Burmese.
many thanks, UK

KeithWin said...

U look like Bob Marley Ko Moe Thee LOL

boke said...

he lives inside, seems faithful to government, is definitely for his people. He never betrays to his people though he is good citizen of Burma as a royal man to government. He knows what is right and wrong and who is too.