Sunday, 13 January 2008

ဒီမိုကရေစီဖက် သို့ ကူးပြောင်း

မြန်မာသံရုံး ပထမ အတွင်းဝန် ဒီမိုကရေစီဖက် သို့ ကူးပြောင်းရပ်တည်လာခြင်း

ဘယ်လဂျီယံနိင်ငံဆိုင်ရာ မြန်မာသံရုံး ပထမအတွင်းဝင် ဦးရဲ ထွတ် ၊ အသက် ၄၈ နစ် ဟာ ဇန်န၀ါရီလ ၁၀ရက်နေ့ မှာဘယ်လ်ဂျီယံနိင်ငံမှာ နိင်ငံရေးခို လုံလိုက်ပါတယ်။ သံရုံးမှာ သံအမတ်အဆင့် မရှိတဲ့အတွက်
သူဟာ သံအမတ်တာဝန်ကို ပူးတွဲ တာဝန်ယူနေရသူဖြစ်ပါတယ်။ သူ နိင်ငံရေးခိုလှုံခဲ့ရတဲ့ အကြောင်းကတော့  ဗိုလ်ချုပ်သန်းရွှေနဲ့ မိသားစုက တပ်မတော်ကို ခုတုံးလုပ်ပြီး ကိုယ်ကျိုးစီးပွားရေနေမှု ၊ လာဘ်စားမှု ၊ အကျင့်ပျက်မှု တွေကြောင့်လို့ သိရပါတယ်။ သူဟာ နိင်ငံခြားရေးဝန်ကြီးဌာန မှာ နစ်ပေါင်း ၂၇ နစ်ခန့် တာဝန် ထမ်းဆောင်ခဲ့ပါတယ်။ ဟောင်ကောင်နှင့် ဂျနီဖာမှာ သံတမန်အဖြစ် ၈နှစ်ခန့် အမူထမ်းခဲ့ပါတယ်။သူမိသားစုက သံတမန် အသိုင်းဝိုင်းမှ ဖြစ်ပြီး ငယ်စဉ်က အင်္ဂလန်နိုင်ငံမှာ ပညာသင်ကြားခဲ့တယ်။ ပညာထူးချွန်သူတဦးလို့ သိရပါတယ်။ သံရုံးအမှုထမ်းတိုင်းရဲ့ နိင်ငံကူးလက်မှတ်တွေကို သံရုံးမှာ သိမ်းဆည်းထားလေ့ ရှိတယ်လို့ သိရတယ်။

နိုင်ငံခြားရေး ၀န်ကြီးဌာနမှာ အင်္ဂလိပ်စာ အကောင်းဆုံး သူတဦး ဖြစ်တယ်လို့  အမည်မဖေါ်လို တဲ့ လုပ်ဖေါ်ကိုင်ဖက် တဦးက ဆိုပါတယ်။ ဗိုလ်ချုပ်ခင်ညွန်နှင့်ဗိုလ်ချုပ်ရွေမန်းတို့အတွက် ဘာသာပြန် လုပ်ကိုင် ပေးခဲ့ဘူးတယ်။ လွန်ခဲ့နစ်များက မြန်မာနိင်ငံမှာ ကျင်းပခဲ့တဲ့ ဗုဒ္ဓဘာသာညီလာခံမှာ သူဟာ အခန်းအနားမှုး အဖြစ် တာဝန်ထမ်းဆောင်ခဲ့ ပါတယ်။ သူနဲ့ အတူ ဇနီး အတူ သားတယောက် သမီး တယောက် တို့ ဟာ နိင်ငံရေးခိုလှုံခဲ့ ခြင်းဖြစ်ပါတယ်။

သတင်း ပေးပို့ သူ
ရန်မျိုးအောင် ဒီအက်ဖ်ဘီ
ဘယ်လ်ဂျီယံ

3 comments :

Khin said...

စကားပြောကြရင်လဲ တိုင်းပြည်အတွက်
ချက်ချင်းအဖြေပေါ်မှာကိုပြောကြရင်
သိပ်အကျိုးရှိမှာပါဘဲ
နိုင်ငံရေးခိုလှုံတာကတော့တိုင်းပြည်ကိုလုံးဝ
စိတ်ကုန်ပြီးစွန့် လွတ်တာပါ
လက်မလျော့သင့်ပါ
ငြိမ်းချမ်းမှုကိုရှေးရှုကြပါလို့ မှာပါရစေ။

Anonymous said...

ကိုယ့်မိသားစု ကောင်းစားဖို့သက်သက် နိုင်ငံရေးခိုလှုံတာဆိုတာထက် အရေးကြီးတဲ့ သတင်းတွေကို ပြည်သူတွေကို ပေးဖို့ ပို အရေးကြီးပတယ်

အဲဒါမှမဟုတ်ဘူးဆိုရင်တော့ အလကားပါဘဲ မထူးခြားပါဘူး
ကြိုဆိုစရာလဲမလိုပါဘူး

Yahtay said...

Congratulation to U Ye Htut for his right decision!

All the very best wishes to U Ye Htut & his family for their future,

Ya