ရမ္ဘို ရုပ်ရှင် သို့ မဟုတ် မြန်မာတပ်မတော် ရဲ့ ကြောက်စိတ်နဲ့အခြောက်စိတ် များကို ဖေါ်ပြ သွားခြင်း
" မင်းတို့ နိင်ငံတော် အမေရိကန် ၀င်တော့မယ်ကွ" လို့  အိန္ဒိယ သံတမာန်တဦးက လွန်ခဲ့တဲ့ နစ်နစ်ခန့် က ကျနော်ကိုပြောပါတယ်။ ကျနော်က ဘာဖြစ်လို့ လည်း လို့ မေးတော့ အမေရိကန် က နိင်ငံတခု ကိုဝင်တော့မယ် ဆိုရင် သံတမာန် ဖိအားပေးမှု၊ စီးပွားရေးပိတ်ဆို့မှု နောက်တော့ ဟောလီဝုဒ်ရုပ်ရှင် နောက်တော့ကုလသမဂ္ဂ ဖေါ်မြူလာ အတိုင်း လုပ်လေ့ရှိကြတယ်ကွ လို့ သူက ပြောပါသည်။ ကျနော်က ကောင်းတာပေါ့ကွ။ ငါတို့ က ၀င်စေခြင်နေတာဟုသူကိုပြန်ပြောလိုက်ပါသည်။ ရမ်ဘိုကားကို အခုရုံတင်လာပါပြီ။ ရမ်ဘိုကားတွင်း ရည် ရွယ်ချက် ရှိသည်။ ဒါကတော့ မြန်မာတပ်မတော်
၁- မြန်မာ တပ်မတော်ရဲ့ မူလစိတ်ကို ပြသရန်
၂- မြန်မာ့ တပ်မတော် မြန်မာ့လ လူအဖွဲ့ စည်းမှာ မရှိသင့်တော့ သောအဖွဲ့ စည်း ။
လူအဖွဲ့ စည်းရဲ့ မကောင်းဆိုးဝါး တခု ဆိုတာကို ပရိတ်ဿတ်ကို ပြောပြရန်သာဖြစ်သည်။ ဒါကြောင့် မြန်မာ ပြည်ကို နိင်ငံတကာမိသားစု ကမေ့မထားကြနဲ့  ၊ ကူညီကြပါလို့ သူက ပြောလိုရင်းဖြစ်သည်။ လွန်ခဲ့တဲ့ နစ်ပေါင်း ၂၅ နစ်ခန့် က ရမ်ဘို က ဂျာနယ်တခု နှင့် အင်တာဗျူး လုပ်ထားတာကို ကျနော် ဖတ်ဘူးသည်။ မှတ်မိသေး သည်။ သူအဖေက သူကို ပြောတာကို သူက ပြန်ပြောပြတာ။ သူအဖေက ငါ့ သား မင်းက သိပ်ညဏ် ရှိ တဲ့ကောင်မဟုတ်ဘူး။ မင်းဗလသာကြီးအောင်လုပ်ပေတော့ ဟူ ဆိုတသည်။ သူက အဖေစကားကို နား ထောင်တယ် ။ဗလကြီးအောင်လုပ်ခဲ့တယ်ဟုဆိုသည်။
သူဗလာကြီးကိုအခြေတည်သော ဇာတ်ကားများကို ရိုက်ခဲ့ရာ အောင်မြင်ပြီး ငွေသောက်သောက်လဲဝင်ခဲ့သည်။ ဟောလီဝုဒ်ထိပ်တန်းမင်းသာ။ ကမ္ဘာကျော်မင်းသားဖြစ်ခဲ့သည်။ သူရမ်ဘိုးကားရိုက်တော့မယ်ဆိုတော့ နိင်ငံတကာ ပရိပက္ခ လေ့လာရေး အသင်းကို လှမ်းပြီး ကမ္ဘာမှာ အခြေအနေ အဆိုးဆုံးနိင်ငံ တခုအကြောင်းကို ပြောစမ်းပါဟုလှမ်းမေးသည်။ ထိုအသင်းက မြန်မာပြည်လို့ ပြောလိုက်တယ်။ ဒီတော့ မြန်မာပြည်အကြောင်းကို အခြေခံပြီးရုပ်ရှင်ရိုက်တော့တယ်။ ဒီဇာတ်ကားရိုက်တော့ရမ်ဘိုဟာ ရေရှည်ဝေးဝေး စဉ်းစား နေပုံမရဘူး။ သူနဲ့  ဖိုက်ရ။ မိုက်ရမဲ့  မြန်မာ တပ်မတော်ကို သူရုပ်ခွဲ ရတော့တယ်။ စရိုက်မှန်ကို ပြနိင်ရမယ်။ လိုရင်း တိုရှင်းလည်းဖြစ်ရမယ်။ မြန်မာတပ်မတော် ရဲ့ မူလစာရိုက် ကို မှန်ကန်စွာ သူ ဖေါ်ပြပေးလိုက်တာကတော့
၁- သူရဲဘောကြောင်တဲ့စိတ် ဓါတ်
၂- အခြောက်စိတ် (Gay များကို စောကားခြင်းမဟုတ်ပါ ။ )
ဆိုတာပဲဖြစ်ပါတယ်။ ရမ်ဘိုကားမှာ ဟစ်ခ်ျကော့် ကားတွေလို အလှည့်အပြောင်းတွေမရှိ။ စတီဗင်စဗီးလ်ဘတ်ခ်ျ ရုပ်ရှင်တွေလို Theme and Touch ကိုသိပ်ဇောင်းမပေး။ ခြုံယူ စဉ်းစားခန်းတွေ ဘာတွေ ခေါင်းကိုက်စရာ ကောင်း ၏တာတွေလုပ်မနေတော့ဘူး။ သူနဲ့ ချမဲ့ မြန်မာ့တပ်မတော်ဆို တာ ဘာလည်း ဆိုတဲ့ စရိုက်မှန်တွေကို ပြပြီး ဇာတ်ကို တည်ဆောက်လိုက်တော့တယ်။ မြန်မာစစ်သားများသည် သူရဲဘောကြောင်သူများ အခြောက်များ လို့ သူပုံဖေါ်ပေးခဲ့လေသည်။
ပုံရိပ် ၁
သူရဲဘော်ကြောင်တဲ့ မြန်မာ့တပ်မတော်
ကျနော် ၀ါဒဖြန့် တာမဟုတ်။ စိတ်ပညာကို အနည်းကျဉ်းလေ့လာဘူးသည်။ အဖွဲ့ စည်းတခုဟာရဲ့ စရိုက် လက္ဒဏာဟာခေါင်းဆောင်ရဲ့ စရိုက်ပေါ်မှာ အများကြီး မူတည်နေသည်။ အဖွဲ့ စည်းက ဒီမိုကရေစီ မရှိလေ ခေါင်းဆောင် ရဲ့ စရိုက်တွေ ဟာ အဖွဲ့ စည်းပေါ်မှာ ထင်ဟတ်နေလေဖြစ်သည်။
ပြည်သူရဲ ဘော်ကို ဗိုလ်ချုပ်အောင်ဆန်းက ဦးဆောင်သည်။ ရဲ ဘော်တွေဟာ ဗိုလ်ချုပ် ကို သူရဲ ကောင်းလို ထား တဲ့အတွက် ရဲဘော်တွေက ဗိုလ်ချုပ်လို တုခဲ့ကြတယ်လို့  ဗိုလ်စက်ရောင်က မသေခင်ကကျနော်ကို ပြောဘူးသည်။ ကေအင်ယူမှာ တပ်မဟာ ၅ ကိုဖျက်သိမ်းခဲ့ရသည်။ ဘာဖြစ်လို့ လည်း တပ်မဟာ တခုလုံးရဲ့ ခေါင်းဆောင်က ဗိုလ်လင်းထင်။ သူကို မိန်းမလိုက်စားသည်။ မူးသည်။ယမ်းသည်။ သူရဲ ဘော်တွေကလည်း သူပုံအတိုင်းထွက်ခဲ့သည်။ တပ်မဟာ ၅ နဲ့ အနီးကပ်ဆက်ဆံခဲ့ရတဲ့ ဗိုလ်မှုးကြီးခေးနီက ကျနော် ကိုပြော ဘူးသည်။
ဦးနေ၀င်းကိုတွေ့ ဘူးတဲ့သူတိုင်းကို သူဟာဘယ်လို လူလည်းလို့ ကျနော်မေးခဲ့ဘူးသည်။ အားလုံး ကတညီတညွတ်တည်း အလွန်ကြောက်တတ်တယ်လို့ ပြောခဲ့ကြတယ်။ ဦးရဲ ထွန်းကျနော်ကိုပြောဘူးသည်။ သူငယ်စဉ်က တပ်မတော်ဦးစီးချုပ် ဗိုလ်ချုပ်ကြီး နေ၀င်း သူတို့ အိမ်ကိုလာသည်။ သူတို့ အိမ်တွင် သူဖခင်၊ ဦးဗဆွေနှင့် ဦးကျော်ငြိမ်းတို့  အဲဒီခန်း ထဲတွင် စကားပြောနေကြသည်။
အခြေအတင်အပြင်းအထန် ပြောနေကြရာ နေ၀င်းသည် အိမ်ခန်းထဲသို့ ပင်မ၀င်ရဲတော့ပဲ အိမ်ပြင်တွင် ကုတ်ကုတ်ကလေး ၀ပ်နေသည်။ သူတို့ ကလေးတွေ နှင့် ( ဦးရဲထွန်း နှင့် ) လာပြီးဆော့နေသည်ဟု သူက ပြန်ပြောပြသည်။ သူရဲ့ ကြောက်စိတ်ကို တပ်မတော်ဦးစီးချုပ်ဖြစ်လာသော်လည်း မပြေပျောက်ခဲ့။ သူမွေးတဲ့တပ် တွင် သူဗီဇ ပါသွားတော့သည်။ နိင်ငံခြားသားများကို အကြောင်းမဲ့ကြောက်နေကြတော့သည်။
အဝေးရောက်သံတမာန်ဦးနဲ့ အင်္ဂလန်မှာတွေ့ တော့ သံရုံးထဲမှာ ဒေါသကြီး ၀ုန်းဒိုင်းကျဲနေလို့ သံအမူထမ်း တွေဘယ်သူမှမကပ်ရဲဘူး၊ သူထမင်းချက် ရာဂျူးကချော့မှ ပျော့သွားတယ်လို့ ပြောတယ်။ ကြောက်စိတ်ရှိသူများ က ဒေါသဖြင့် ကြောက်စိတ်ကိုဖုန်းကွယ်ထားခဲ့ကြသည်။
ဦးနေ၀င်း ပုံလောင်းပေးတဲ့ တပ်သည် နေ၀င်း ဗီဇ များ ကို အစွမ်းကုန်ပြသကြသည်။ မြန်မာတပ်မတော်သား များကို စစ်သားစုဆောင်းရေးလုပ်စဉ်၊ ဒီအက်စ်အေ သတင်းတက်ရောက်စဉ်များ တွင် ဦးနေ၀င်း သည် သူလို ဖြစ်အောင်ပုံသွန်းလောင်းတော့သည်။ စစ်သားအများစုမှာ လူအဖွဲ့ စည်းအောက်လွာမှ လူများဖြစ်ရာ ဘ၀ ဒဏ်ရာကိုယ်စီပါလာကြသည်။ ဆင်းရဲသည်။ စားမေးပွဲကြသည်။ ရီးစား သူထက်သာသောကောင် နောက်လိုက်သွားသည်။ ဗိုလ်ကျတာခံရသည်။ အမေကနောက်လင်နေသည်။ အပေါင်းသင်းများထဲတွင် ရပ် ကွက် ထဲတွင် အလွန်မျက်နာမွဲလှသည်။ အနိမ်ခံရသည်။ စသဖြင့် ဖြစ်ရပ်ပေါင်းစုံ၊ ဒဏ်ရာပေါင်းစုံရှိကြသည်။ သူတို့ အား ဦးနေ၀င်း က နေရာပေးခဲ့သည်။ ထိုနေရာက တပ်မတော်။
တပ်မတော်ထဲ ကိုဝင်သည်မှာ တိုင်းပြည်ကို ကာကွယ်ဖို့  မျိုးချစ်စိတ်၊ မဟာဗမာနိင်ငံတော်ကြီးတည်ဆောက်ဖို့ စသည့် အကြောင်းပြချက်များသည် စစ်သားများရဲ့  သိမ်ငယ်စိတ်ကို ဖုံးကွယ်ရန် ဇာထိုးပန်းထိုး အဆင်တန်ဆာမျှသာ။ တကယ်တော့ ကျနော်တို့ သည် စိတ်ဝေဒနာရှင်များစုဝေးနေရာ။ ယဉ်ယဉ်လေးနှင့် ရူးနေသောသူများ နှင့် တိုက်ပွဲဝင်နေကြရခြင်းသာဖြစ်သည်။
ဒါကို ရမ်ဘိုက ကောင်းကောင်းပုံဖေါ်ပေးလိုက်သည်။ ရွာတွေကို မီးရှို့ သည်။ ရွာသားများကိုသတ်သည်။ မကြုံဘူး သူများကရမ်ဘို ပိုတာဟုထင်နိင်သည်။ ရမ္ဘိုမပို။ လိုတောင်လိုသည်။ ပမာဆိုသော်။ ၁၉၈၈ မတ်လ တံတားနီဖြစ်ရပ်။ လုံထမ်းများက ကျောင်းသူများကို အသေရိုက်သတ်ကြသည်ပွဲ မတ်လ ၁၆ ရက်နေ့ တွင်ဖြစ်ခဲ့သည်။ တပ်မတော်သားဆိုသော သူများ ငုတ်တုတ်ထိုင်ကြည့် နေကြသည်။
သူတို့ နှမသားခြင်းများ ခုလို မတော်တရောစောကားနေသည်ကို လက်ပိတ်ကြည့်နေနိင်သည်မှာ တော်ရုံတန်ရုံ သူရဲ ဘောကြောင်လို့ မရ ။ တော်ရံတန်ရုံ သိမ်ငယ်စိတ် သို့ မဟုတ် ကြောက်စိတ်မရှိလို့ မရ အလွန်ရှိမှရသည်။
ဒါကို ရန်ဘိုရုပ်ရှင်တွင် ပြချက်များမှာ အလွန်ရက် စက်တဲ့လုပ်ရပ်များကျူးလွန်းနေသော ခလရ ၃၆၀ တပ်သားများ က ရွာသားများကိုမီးရှို့ သတ်ဖြတ်မှုဖြင့် ပုံဖေါ်ပေးခဲ့လေသည်။ မြန်မာ တပ်မတော်ရဲ့  ရွာများကိုမီးရှို့ ဓမြတိုက် မုဒိန်းကျင့်လုပ်ရပ်များကို တန်းစီရိုက်ပြပေးပါက ပွဲကြည့်ပရိတ်သတ်များ ခုံများ ကိုရိုက်ချိုး ပိတ်ကားကို ပင်မီးနှင့်တင်ရှို တဲ့အထိဖြစ်နိင်ပါသည်။
မြန်မာ စစ်သားများအား အခြောက် ( Gay Tendency )
ရှိသည် ကိုရမ်ဘိုက ပြသည် ။
ပြချက်မှာ ယောက်ကျားလေးတဦးအား ဗိုလ်မူးလုပ်သူက လိင်ဆက်ဆံပုံကိုပြသည်။ ဘာကြောင့် ရမ်ဘိုက မြန်မာစစ်သားတွေကို အခြောက် စိတ် ရှိနေတယ်လို့ ယူဆပါသလည်း။ ဒါကအကြောင်းရှိသည်။ မြန်မာစစ်ဗိုလ်လောင်းများသည် သူတို့ ကိုယ်သူတို့ တိုင်းပြည် အတွက်ကယ်တင်ရှင် သဖွယ် ထင်နေသည်။စစ်ဗိုလ်မှသာတိုင်းပြည်ကိုအုပ်ချုပ်တတ်သည် ဟု ထင်နေသည်။စစ်သားဆိုသည်မှာ အလွန်ယောက်ကျားပီသသည်ဟု ထင်လေ့ရှိကြသည်။ ကြာလာတော့တခြားသူများကို ပျော့စိပျောဖတ်များ ဟုထင်သည်။ မိန်းမများကို အားနွဲ့ သူများ။ မစွမ်းဆောင်နိင်သူများဟု သူတို့ ထင်လေ့ရှိသည်။
သူတို့ သည် မိန်းမများကို ဂရုစိုက်ယောင်ပြလေ့ရှိသည်။ အထုတ်အပိုးများကို ဆွဲပေးလေ့ရှိသည်။ တကယ်က သူကယောက်ကျားပီသကြောင်းမသိမသာပြလေ့ရှိကြသည်။
တပ်မတော်အတွင်း ။ အစိုးရအဖွဲ့ စည်းအတွင်း ။ မြန်မာလူအဖွဲ့ စည်း အတွင်းမည်သသည့်အရေးကြီးတာဝန်မျိုးကိုမဆို အမျိုးသမီးများမှာ ဖယ်ထုတ်ခံရတော့သည်။ မိန်းမများအားတပ်မတော်တွင်နေရာမရှိတော့ပေ။ ရာထူးမရှိတော့ပေ။ သူတို့ သည် ယောက်ကျားများကိုသာနေ့စဉ်မြင်တွေ့ လာရတော့သည်။ တကယ်က စစ်သားများသည် စစ်သားများအချင်းအချင်း တိတ်တခိုးချစ်မြတ်နိုးခြင်းဖြစ်သည်။ သူတို့ တွင် မိန်းမရှိသည်။ ခလေးရှိသည်။ တကယ်က အခြောက်ဇတ် သို့ မသိမသာသူတို့ ကြရောက်နေကြခြင်းဖြစ်သည်။
စိတ်ပညာရှင်များ တညီတညွတ်တည်းရူဆထားသည့်အချက်တခုရှိသည်။ ယောက်ျား ပီသကြောင်းသိပ်ပြတဲ့သူဟာ အခြောက်ဖြစ်လေ့ရှိတယ်ဆိုတဲ့အချက်ပါပဲ။ ဗလမောင်တွေ ခြောက်တောက် တောက်ဖြစ်သွားလေ့ရှိသည်ကို ကျနော်တို့ ပတ်ဝန်းကျင်တွင်တွေ့ ခဲ့မြင်ခဲ့ဘူးသည်။ ပွင့်ပွင့်လင်း အခြောက်ဖြစ်သူများကို ကျနော်တို့ ခွဲခြားမဆက်ဆံပါ။ မနိမ်ပါ။ ပြသာနာတခုလို့ လည်းမမြင်ပါ။ ပြသာ နာကခြောက်ခြင်ခြောက်ပါ လူတော့ မသတ်ပါနဲ့ ။ မြန်မာ တပ်မတော် အုံပုံဖြစ်နေတာကို ရမ်ဘိုက ထောက်ပြလိုက်ခြင်းဖြစ်ပါသည်။ အဖြစ်မှန်ကို ကမ္ဘာပြည်သူများသိခြင်ပုံရသည်။ ဒီအတွက် မြန်မာ့တပ်မတော် သားတွေမှာ အခြောက်စိတ်ရှိနေတယ်ဆိုတာကို မသိမသာဖေါ်ပြသွားခဲ့ခြင်းဖြစ်ပါတယ်။
မြန်မာ့တပ်မတော် ပုံရိပ် ပျက်ဆီးသွားခြင်း
Damaging Image
အမေရိကန်ကို တခြားနိင်ငံတွေယဉ်ပြိုင်လို့ မရတဲ့အချက် ၄ ချက်ရှိသည်။
၁- စစ်အင်အား၊
၂- စီးပွားရေး အင်အား
၃-နည်းပညာ
၎- ဟောလီဝုဒ် ရှုပ်ရှင်တို့ ဖြစ်ကြသည် လို့ နိင်ငံရေးသုတေသီတွေကဆိုကြတယ်။
ဟောလီဟုဒ်က ရုပ်ရှင်တွေ အရည်အသွေးညံတယ်ဆိုဦး ပရိပ်သတ်အပေါ်သြဇာလွမ်းမိုးမှုက အလွန်ကြီးမားလာသည်။ ဒီထဲမှာ နိင်ငံရေးဇတ်ကားတွေပါလာသည်။
တချိန်က ကမ္ဘောဒီယားတွင် ပိုပေါ့ ( တရုပ်ကွန်မြူနစ်လိုင်း ) နှင့် သူစစ်တပ် ခနာနီတပ်တို့ ကြီးဆိုးခဲ့သည်။ ဟောလီဝုဒ်မှာ - Killing Field ဇတ်ကားကိုတင်ဆက်ပြလိုက်ရာ
ခနာနီတို့ ပုံရိပ် အစစ်အမှန်ကို ကမ္ဘာပြည်သူများမြင်တွေ့ သွားတော့သည် ။ အလွန်စက်ဆုတ်ရွံရှာစရာ အစိုးရ ။ လူ ၄ သန်းခန့် ကိုသတ်ခဲ့တဲ့လူသတ်အစိုးရအဖြစ်သတ်မှတ်တာကိုခံလိုက်ရသည်။ ကုလသမဂ မနေနိင်တော့
နောက်တော့ ခမာနီတပ်ပျက်သွားသည်။ ပိုပေါ့ ဇတ်သိမ်းမကောင်း။ ခမာနီခေါင်းဆောင်များ ဇတ်သိမ်းမကောင်းကျတော့။ ထိုစဉ်က ခမာနီ ခေါင်းဆောင်များကို ကွန်မြူနစ်အစွန်းရောက်များ။ လူသတ်သမားဟု ဟောလီဝုဒ်ကပုံဖေါ်ပေးခဲ့သည်။

ယခု ဗိုလ်ချုပ်သန်းရွေနှင့် မြန်မာ့ တပ်မတော်အလှည့် ကျရောက်လာသည်။ ပိုပြီး ဇာတ်နာလှသည်။ မြန်မာ တပ်မတော် ညီမျှခြင်း သူရဲဘော်ကြောင်သူ ၊ အခြောက်စိတ် အခြေခံရှိသူ ဟု သတ်မှတ်ပေးလိုက်ခြေပြီ။
အမေရိကန် ဘယ်တော့ဝင်မလည်း ကျနော်မသိ။ မြန်မာ့တပ်မတော်ရဲ့ ပုံရိပ်ကတော့ ခနာနီထက်တခုပို သွားပေတော့သည်။ ခမာနီတို့ လူသတ်သည်။ သို့ သော် မခြောက်ကြ။ မြန်မာတပ်မတော်သည် လူသတ်သည်။ ထို့ အပြင် ခြောက်သည်။

ပျက်ယွင်းနေတဲ့ ပုံရိပ်က အမေရိကန် များရဲ့ ဦးခေါင်းထဲကိုဝင်ရောက်သွားပြီ။ ဒီပုံရိပ်ကို ၈၈ အာဏာ သိမ်းပြီးကာစ နံရံတွေကိုထုံးသုတ်သလို လိုက်သုတ် ပြီး ဖျက်လို့ တော့ရအံ ဟုကျနော်မထင်။
4 comments :
ဟိတ်ကောင်မိုးသီး(စောက်တလွဲ)
မင်းမှတ်ထားဖို့
၇.၆၂ ကျည်၊ ၅.၅၆ ကျည်နဲ့ ၉မမကျည်တို့ က
ဇတ်လိုက်၊လူကြမ်း မရွေးဘူး
ထိလို့ရှိရင်သေတာပဲ ၇.၆၂ ကျည် ဆိုရင် မှန်လိုရှိရင် စအိုပါ ပွင့်ထွက်ပြီး သေသွားမယ်။
ရမ်ဘို က ၇.၆၂ ကျည်လောက်မစွမ်းပါဘူး
မယုံရင် ရွှေကုက္ကို လောက်ကို ၀င်ပြီး ရုပ်ရှင်ရိုက်ကြည့်ပါလားလို့
မင်းတို့ အဖေ အမေရိကန်ကြီး ရမ်ဘိုကို ပြောလိုက်
သာဂိနွား...
ကိုယ့်ဘလော့ခ်မှာ မဟုတ်တာတွေရေးပြီး ဒီမှာဘာလာ ဟောင်နေတာလဲ။ မင်းပထွေးတွေကျွေးတဲ့ အရိုးကိုက်ပြီး ကိုယ့်ဘလော့ခ် မှာ ကိုယ်ဟောင်။ ဒီမှာ လာမဟောင်နဲ့။ အေး... မင်းဖင်ပွင့်ဖို့ကတော့ ၇.၆၂ ကျည် တောင်မလိုဘူး။ အလောင်းမင်းတရားကြီး သုံးခဲ့တဲ့ ၀ါးရင်းတုတ်အဖျားချွန်လေးနဲ့တင် ကိစ္စပြီးသွားမယ်။
အမေရိကန်သာမကပါကမ္ဘကြီးတခုလုံးကပြည်သူတွေသိသွားပြီ
Tharkinwe has such a class!! I wonder how he looks like and what is his position!!
What he should get is the boiling water from the balcony of Kyi Kyi Shwe and her sisters. (These sisters are very infamous at throwing boiling from their balcony over some army officers)
Post a Comment