Tuesday 22 January 2008

ဆင်ဆာခေတ် နိဂုံး ချုပ်သွားပြီ ၊ ခေတ်သစ်မီဒီယာ နိဒါန်းကိုစပြီ

စာနယ်ဇင်းသမားတွေ နိုးထကြလော့
- မိုးသီးဇွန် -

မင်းတုန်းမင်းကြီးက ငါမကောင်းရင် ငါမကောင်းတဲ့ အကြောင်းကိုရေး၊ ငါမိဘုရားနဲ့ မင်းသား မင်းသမီး တွေမကောင်းရင် သူတို့ အကြောင်းကိုရေးကြလို့  သတင်းစာလွတ်လပ်ခွင့် ကို ဖွင့်ပေးခဲ့တယ်။ သက်ဦး ဆံပိုင် ပဒေသရာဇ်တဦးက သတင်းစာ လွတ်လပ်ခွင့် ပေါ်လစီ မျိုးစေ့ကိုချပေးခဲ့တယ်။ ဒါပေမဲ့ မြန်မာ့ သတင်းစာ လွတ်လပ်မှုဟာ အစကောင်းခဲ့ပေမဲ့  အာဏာရှင်စနစ်အောက်မှာ ဇာတ်သိမ်းမကောင်းဖြစ်နေတယ်။ မရူမလှ ဖြစ်နေတယ်။

မဆလ ကနေ န၀တ နအဖ စစ်အစိုးရတွေဟာသတင်စားလွတ်လပ်ခွင့် စာပေလွတ်လပ်ခွင့်ကို အပြင်းအထန် နိပ်ကွပ်ပိတ်ပင် ထားပါတယ်။ အနီ ဆိုတာကိုကဗျာမှာမသုံးရ၊ သွေးဆိုတာကို မရေးရ၊ အမေဆိုတာ ဘယ်သူ ကိုပြောတာလည်း ၊ နှင်းဆီဆိုတာဘာကိုဆိုလိုတာလည်း၊ ဆင်ဆာအဖွဲ့ က အဆက်မပြတ် မေးခွန်း ထုတ်တာတွေ ၊ ငွေမှင်သုတ်တာ ဆုတ်ဖြဲတာတွေကို ခေါင်းငုံခံနေခဲ့ကြရတယ်။


မွန်မြတ်တဲ့စကားလုံး တွေဖြစ်တဲ့အမှန်တရား၊ တရားမှု၊ သူရဲကောင်း၊ တော်လှန်ရေး၊ ပြည်သူအောင်ပွဲ ဆိုတဲ့ စကားလုံးတွေကတော့ကျောက်စာထဲကစကားလုံးတွေလို ပဲ မြန်မာ ဘာသာဗေဒနယ်ကနေ တစတစ တိမ်ကော ပျောက်ကွယ်ခဲ့။
မြန်မာတိုင်းမစ် ကျဉ်ပွေ့ ထိခြင်း

အခုတော့ နအဖ နဲ့ အတော်လေးကိုအလွမ်းသင့်လှတဲ့ မြန်မာတိုင်းစ်တောင်မှာ နာခေါင်းကို ကျဉ်ပွေ့ ထိလာပြီ။ မြန်မာဘာသာနဲ့ ထုတ်ဝေတဲ့ မြန်မာတိုင်းမ်းစ် သတင်းစာ ကို နအဖက ဆင်ဆာ လုပ်လိုက်တာ ခံလိုက်ရပြီလို့ နယူးယောက်တိုင်း သတင်းစာမှာ ဖေါ်ပြလာပါတယ်။ သတင်းမှာ နအဖ က မြန်မာတိုင်းမ်စ် မြန်မာ လို့ ထုတ်ဝေမှုကို တပတ် ရပ်ဆိုင်းဖို့ အမိန့် ထုတ်ခဲ့တယ်။ တနည်းအားဖြင့် မြန်မာ တိုင်းစ်ကို အပြစ်ပေးတာပေါ့။ မြန်မာတိုင်းစ် ဂြိုလ်တု စလောင်း ဈေးမြင့်လိုက်တာကို ဖေါ်ပြမိလို့  ဟု အယ်ဒီတာ ရိုစ် ဒန်ခင် ( Ross Dunkley ) က ပြောပါတယ်။ နအဖ က စလောင်းဈေးကို ဒေါ်လာ ၈၀၀ အထိမြင့်တင်ခဲ့တယ်။ဒါဟာ မြန်မာလူမျိုးတဦး တနစ်လုံး ၀င်ငွေရဲ့  သုံးဆအထိ မြင့်နေပါတယ်လို့  အေပီသတင်းကဆိုပါတယ်။ စလောင်းတွေကို ဈေးမြင့်တာနဲ့ ပတ်သက်လို့  ရန်ကုန်မြို့ ခံတွေက သုံးသပ်တာက စလောင်းတွေကနေ မြန်မာပြည်မှာ ဖြစ်နေတဲ့အခြေအနေကို ပြည်သူလူထုကမြင်လာတယ်။ အထူးသဖြင့်သံဃာတွေဦးဆောင်တဲ့ရွေဝါရောင်တော်လှန်ရေးတုံးက ဒီဗွီဘီနဲ့ လလ်ဂျာဇီးယား သတင်းအေဂျင်စီတွေက ထုတ်လွင့်မှုတွေကို ပြည်သူတွေက ကြည့်ရူခွင့်ရခဲ့တယ်။ ဒီတော့နအဖက စလောင်းတွေကို တန်ဖိုးမြင့်တင်ခြင်းအားဖြင့် ထိမ်းချုပ်ဖို့ ကြိုးစား လာတာကို သုံးသပ်ကြပါတယ်။

ဘာဖြစ်လို့ ဒီလို ထိန်းချုပ်တာလည်း

အာဏရှင်တွေက ဘာဖြစ်လို့  ဆင်ဆာဖွဲ့ ပြီးစာနယ်ဇင်းတွေကိုထိမ်းချုပ်တာလည်းအဖြေကတော့ရှင်းတယ်။ လူတွေကလွတ်လပ်မှု အကြောင်းကိုပြောလာမှာဆိုးလို ပါ။ အမှန်တရားကိုသိမြင်လာမှာဆိုးလို့ ပါ။ အီရန် အာဏာပိုင် တွေက အလွန် ကွန်ဆာဗေးတစ်ဆန်တဲ့ နေရှင်နယ်ဂျီအိုဂရပ်ဖ် မဂဇင်းကို (၂၀၀၆ခုနစ် ဖေဖေါ်ဝါ ရီလထုတ် )ဆင်ဆာဖြတ်ခဲ့ဘူးတယ်။ ရိုဒီရှားဟာရယ်လ်ဒ် သတင်းစာကို ရိုဒီးရှားအစိုးရ ဆင်ဆာဖြစ်ခဲ့တယ်။ စတာလင်လက်ထက်မှာဆင်ဆာဟာ ခေါင်းဖြတ်စက်တခုလို လူတွေရဲ့ ဆင်ခြင်ထုံတရားကိုသတ်ဖြတ်ခဲ့တယ်။ ဘာဖြစ်လို့ ခုလို သတင်းလွတ်လပ်ခွင့်ကိုအာဏာရှင်တွေ ထိမ်းချုပ်ဖို့ ကြိုးစားခဲ့ကြသလည်း အဖြေကတော့ရှင်းပါတယ်။



အမှန်းတရားကိုသွားရလမ်းမှာ မီဒီယာဟာ တံတားတချောင်း ဖြစ်နေတယ်။ သတင်း မီဒီယာကု တော်လှန်ရေး တရပ် အတွက်အလွန်အရေးကြီးတဲ့ ပြည်သူဆက်ဆံရေး နည်းစနစ်တရပ် အဖြစ်တည်ရှိလာတဲ့အတွက် နအဖက နေခုလို ထိမ်းချုပ် လာတာဖြစ်တယ်။ မြန်မာတိုင်းမ်းစ ကိုမှမဟုတ်ပါဘူး။ မြန်မာ စာ နယ် ဇင်း လောက တခုလုံးဆင်ဆာ နဲ့ ပိတ်ပင်တာကို ခံနေခဲ့ရ တာကြာပြီ။ တလောက အာအက်အေ က ဦးမောင်မောင် ငြိမ်း က နယ်စပ်ကို ရောက်လာတဲ့ မြန်မာစာနယ်ဇင်း က စာပေ အင်အားစုတွေနဲ့ တွေ့ ဆွေးနွေးပွဲ တခု လုပ်တာကို နားထောင်ခဲ့ရသေးတယ်။ ဆင်ဆာအဖွဲ့ ရဲ့  သိမ်းကြုံး ဆင်ဆာဖြတ်နေတာတွေကိုရင်ဖွင့် သွားတာကို မှတ်သားခဲ့ရတယ်။
ဆင်ဆာနိဂုံချုပ်ပြီ
ဆင်ဆာ နဲ့ နည်းမျိုးစုံ ပိတ်ပင်ထားလို့ ကျနော်တို့ ဘာမှရေးလို့ မရဘူးလို့ ငြီးတွားနေစရာမလိုတော့ ဘူး။ စစ်အစိုးရ က သူပိတ်စရာရှိတာပိတ်မှာပဲ ။ ပိတ်စို့ မှုတွေကို ဖွင့်ချရမှာက ကျနော်တို့ အလုပ်။ ဆင်ဆာခေတ် ဟာ နိဂုံးချုပ်သွားပါပြီလို့ ပြောလိုက်ပါရစေတော့။ ဘာဖြစ်လို့ လည်း အင်တာနက်မီဒီယာ ပေါ်လာတဲ့အခါမှာ တော့ ဆင်ဆာတည်းဟူသော တံတိုင်းဟာ ပြိုလဲသွားပါပြီ။ တရုပ်တက်ကြွလှုပ်ရှားသူတွေက ရေဒီယို ထက် အင်တာနက်ကို သုံးပြီး လူတွေကိုဆက်သွယ်လာတယ်။ တရုပ်ပြည်လူသန်း တထောင်ကျော်ရှိတယ်တဲ့အနက်
အင်တာနက်သုံးစွဲသူဟာ သန်း ၃၀၀ကျော်ရှိလာလို့ ပဲဖြစ်တယ်။ ခေတ်သစ်မီဒီယာမှာ အင်တာနက်၊ အီးမေးလ် ၊ ဘလောက်နဲ့ ယူဂျုဗ်တို့ က ဆင်ဆာတွေတံတိုင်းတွေကိုတခုခု ပြီးတခု ကျော်ဖြတ်လာနိင်ပါပြီ။
ဘလောက်ဂါတွေက သူတို့ ကိုယ်ပိုင်ဘလောက်တွေကို ရေးပြီး ဆင်ဆာဘုတ် ထိပ်ပုတ်ဆက်ဆံနေကြပါပြီ။
သံဃာတွေလှုပ်ရှားမှုကြီးအပြီးမှာ မြန်မာဘလောက်ဂါတွေက နအဖ ကို လက်သံပြောင်ပြောင် နဲ့  ထိုးနက်နိင်ခဲ့ကြတယ်။ ကိုထိုက်၊ ဆုံဆည်းရာ၊ နစ်နေမာန်း၊ မေငြိမ်း၊ ယောဟန်အောင်၊ လင်းလက်ကြယ်စင်၊
မျိုးချစ်မြန်မာ ၊ ဒီအိုင်ဒီ စတဲ့ ဘလောက်ဂါတွေက ရှေးတန်းရောက် ပြည်သူမီဒီယာတွေဖြစ်လာကြတယ်။ ၀မ်း နည်းစရာကောင်းတာကတော့ ၀ါရင့် စာပေပညာရှင်တွေရဲ့ စာမူပေတွေ ကိုလုံးဝမတွေ့ ရ သလောက်ဖြစ်နေတယ်။

စိန်ခေါ်မှု

စစ်အစိုးရက ပြည်တွင်း ဘလောက်ဂါတွေကို ပိတ်နိင်တယ်။ ဘလောက်တွေကို တည်ဆောက်တဲ့နည်းပညာ မသိတာရှိနိင်တယ်။ စစ်အစိုးရက အင်တာနက်ကိုပိတ်နိင်တယ်။ ဒါတွေက စစ်အစိုးရက ထိမ်းချုပ်လာနိင်တဲ့ အရာတွေ။ နောက်တခုက စာပေညာရှင်အများစုက ခေတ်သစ် အင်တာနက်မီဒီယာကို အလွန်စိမ်း နေကြတယ်။

နည်းလမ်း

ပိတ်တဲ့သူကပိတ်မှာပဲ အတားအဆီးအယံတားတွေကိုကျော်လွားရမှာက လည်းကျနော်တို့ အလုပ်ပဲ ။ သော့ခ လောက်တိုင်းဟာ မာစတာကီးကိုတော့ မပိတ်နိင်ပါဘူး။ ကြွက်လေးတကောင်က ပိတ်နေတဲ့လမ်းမှာ လမ်းမှန် ကိုရောက်အောင်သွားနိင်ရင် ကျနော်တို့ ကလူသားအရင့်မကြီး ပိတ်နေတာကို ကျော်နိင်တဲ့ နည်းလမ်း ကရှိကိုရှိတယ်။
၁- စာနယ်ဇင်းတခု မှာရေးလို့ မရ ရင် ဘလောက်တွေဆောက်ပြီးရေးနိင်ပါတယ်။ ကိုယ်ပိုင်ဘလောက်တွေက နေ မိမိရဲ့  အတွေးအမြင်တွေကိုရေးသားနိင်တယ်။ ကဗျာတွေ၊ ကာတွန်းတွေ၊ ဆောင်းပါးတွေ ၊ ပေါ်လစီ ဆိုင်ရာ သုံးသပ်ချက်တွေ စသဖြင့် အမျိုးစုံအောင်ရေးနိင်ပါတယ်။ (စာနယ်ဇင်းတခု ဟာစောင်ရေ တစ်သောင်း မကျော်ပါဘူး။ ဘာလောက်တွေမှာတော့ ဖတ်တဲ့သူဟာ သိန်းနဲ့ ချီပြီး ရှိလာတာကိုတွေ့ ရတယ်။ )

၂-ကိုယ်ပိုင်ဘလောက်ဆောက်ရတာအန္တရယ်များရင် အီးမေးလ်တွေကနေ ခင်ဗျားတို့ ရဲ့ စာမှုတွေကို ပြည်ပအခြေစိုက်တည်ဆောက်ထားတဲ့ ဘလောက်ဂါတွေက တဆင့် ၊ ကမ္ဘာလှည်ခရီးသွားတွေကတဆင့်၊ နယ်စပ်ကုန်သည်လမ်းကြောင်းတွေကတဆင့် စာမူတွေကို ပေးပို့ နိင်ပါတယ်။
၃- ကလောင်နာမည်ကိုပြောင်းပါ။ လုံခြုံရေးအတွက်ပြောတာပါ။
၎ - ပြည်တွင်းမြေအောက်ရဲ ဘော်တွေက စာပေပညာရှင်တွေကို ချဉ်းကပ်စည်းရုံးပြီး သူတို့ ရဲ စာမူတွေ ( ဆောင်းပါး၊ ကဗျာ၊ကာတွန်း၊ ဟာသ၊ သရောစာ၊ သုံးသပ်ချက် တွေ) ကို တောင်းယူပြီး ဘလောက်ဂါတွေဆီပို့ ပေးနိင်တယ်။

နိဂုံး -

ဆင်ဆာခေတ်ကုန်သွားပြီ။ ဆင်ဆာပိတ်ထားလို့ ကျနော်တို့ ဟာ ရေးခြင်သလောက်မရေးနိင်တော့ ဘူး ဆိုတဲ့ ဆင်ခြေဟာ လုံလောက်တဲ့ဆင်ခြေမဟုတ်တော့ပါဘူး။ ခေတ်သစ်မီဒီယာ တံခါးက သင်တို့ ရဲ့ တွေးမြင် သစ်တွေကို ပွေ့ ဖက်ကြိုဆိုနေတယ်။ ရင်ထဲရှိတာတွေ ရေးချလိုက်စမ်းပါ မိတ်ဆွေ။ မိတ်ဆွေကို ဧရာမ စာဖတ်ပရိတ်ဿတ် တွေ စောင့်ကြိုနေပါပြီ။ ရဲရဲ တွေးရဲရဲ ရေးကြပါစို့ ။

No comments :