Monday, 14 January 2008

မိုးပျံ ပိုစတာလုပ်နည်း Sky Poster Campaign

ဒီနေ့ မိတ်ဆွေတို့ ကိုဆွေးနွေးမှာကတော့ ပိုစတာကမ်ပိန်းကို နည်းသစ်တမျိုးတီထွင်ထားပါတယ်။ ဒါကတော့ လုပ်ရတာလွယ်တယ်။ လုံခြုံမှုရှိတယ်။ ပျော်စရာလည်းကောင်းပါတယ်။ လိုအပ်တဲ့ပစ္စည်းတွေကတော့

၁- ကျွတ်ကျွပ် အိပ် များ (ပလပ်စတိတ်အိပ်)။အမှိုက်ထည်ထဲ့ပလပ်စတိတ်အိပ်အမဲကြီးတွေဆိုရင်ပိုကောင်းတယ်။ )
၂- ကပ်ကြေးတလက်
၃- တိတ် ( Tape )
၎- ပါမင့်နင့် ဆော့ပင် ( Permanent Soft Pen) ( ကြိုက်ရာမင်ရောင် ကိုသုံးနိင်ပါတယ်။ )

လုပ်နည်း

၁- ကျွတ်ကျွတ် အိပ် ဆယ်လုံးခန့် ကို ဖင်ကနေ ဖေါက်လိုက်ပါ။ အပေါ်က လက်ကိုင် ကိုင်းကိုလည်း ဖြတ်ထုတ်လိုက်ပါ။ နစ်ဖက်စလုံးအနားညီညီတဲ့ အိပ်ဖြစ်သွားပါမယ်။ ပီး ရင် ဖေါက်ပြီးသား အိပ်တွေကို တခုနဲ့ တခု တိတ် ပါးပါး နဲ့  ဆက်လိုက်ပါ။ ဒါဆိုရင် ဒုလုံးပုံသဏန် အိပ်ရှည်ကြီး တခု ဖြစ်လာပါလိမ့်မယ်။ အရှည် ၄ လေ လောက်ဆိုရင်ကောင်းတယ်။

၂- ပြီးရင် အိပ်ရှည် ကြီးကို ဖင်ကနေပိတ်လိုက်ပါ။
၃- ထိပ်ဝကနေ လေတွေကို မှုတ်သွင်းပါ။ ဒါမှမဟုတ်ပန်ကန်နဲ့ မှုတ်သွင်းပါ။ လေကိုတင်းနေအောင်မှုတ်ထဲ့ပြီး အ၀ ကိုပြန်ပြီး ကြိုးနဲ့ ချီ ပြီးပြန်ပိတ်ပါ။ ဒီအခါမှာ လေတင်းနေအောင်သွင်းထားတဲ့ အိပ်ရှည် မျောမျောကြီးဖြစ်လာလိမ့်မယ်။
၎- ပြီးရင် လေသွင်းထားတဲ့အိပ်ကြီးကို နေပူမှာ ၃၀ မိနစ်လောက်လှမ်းထားပါ။ အိပ်ထဲက လေတွေက ပူလာတဲ့အတွက်အလွန် ကြွလာပြီး အပေါ်ကိုပျံတက် ဖို့ အဆင်သင့်ဖြစ်နေပါပြီ။

၅- အိပ် ဘေး မှာ ကိုယ်ရေးခြင်တဲ့ ကြွေးကြော်သံတွေ သိုမဟုတ် လူထုကို အသိပေးခြင်တဲ့ သတင်းအချက်အလက်တွေ ကိုရေးသားနိင်ပါတယ်။

ဥပမာ - ဒေါ်အောင်ဆန်းစုကြည် ကို ချက်ခြင်းလွတ်ပေး

အတုယောင် အခြေခံဥပဒေကို ကန်ကွက်ကြ

မင်းကိုနိင်နဲ့  ၈၈ လေးလုံးမျိုးဆက်တွေ လွတ်ပေး

စတဲ့ကြွေး ကြော်သံတွေကိုရေး နိင်ပါတယ်။

၆- ကြွေးကြော်သံတွေကိုရေးပြီးရင် လေပူတွေနဲ့ ပျံတက်ခြင်နေတဲ့အိပ်ကြီးကိုလွတ်တင်ပေးလိုက်ရုံပါပဲ။

လေပူတွေနဲ့ ပွထနေတဲ့အိပ်ကြီးက ပေ ၂၀ အမြင့်လောက်မြင့်တက်သွားပြီး လေထဲမှာ ပျံတက်သွားနေတာကို အားရစရာကောင်းလောက်အောင်တွေ့ ရပါလိမ့်မယ်။

အိပ်ကြီးက ကိုယ်ရေးထားတဲ့ကြွေးကြော်သံတွေကို သယ်ဆောင်ပြီးဟိုပျံဒီပျံဖြစ်နေလိမ့်မယ်။ လူစည်ကားတဲ့ဈေးတွေနားမှာဆိုရင်ပိုကောင်းတယ်။ ဒီလိုအိပ်မျိုး အလုံး ၂၀ လောက်လုပ်ပြီးလွတ်တင်လိုက်ရင် ကြံဖွတ်တွေ၊ စွမ်းအားရှင်တွေ သောက်လုပ်ရှုပ်နေတာကို ကို က ပျော်စရာအလွန်ကောင်းလှတာကိုတွေ့ ရပါလိမ့်မယ်။

သတိပြုရန်

တိုက်ခေါင်မိုးတွေ ပေါ်ကနေလုပ်ရင် ပိုပြီးကောင်းတယ်။ လုပ်နေစဉ်မှာ ကြံဖွတ်တွေ နအဖ သတင်းပေးတွေ မတွေ့ အောင် ဂရုစိုက်ဖို့ လိုတယ်။ ရဲဘော် ၂ ယောက်လောက်ဆိုရင် ဒီကန်ပိန်းကို ကောင်းကောင်းလုပ်နိင်ပါတယ်။

3 comments :

လော်စပီကာ said...
This comment has been removed by a blog administrator.
Unknown said...
This comment has been removed by a blog administrator.
Anonymous said...
This comment has been removed by a blog administrator.