Wednesday 30 January 2008

ရွေဝါရောင်တော်လှန်ရေး အထူးကြေညာချက် - အမှတ် ( ၃ )

နေစွဲ - ဇန်န၀ါရီလ ၃၁ ရက် ၊ ၂၀၀၈။

ရွေဝါရောင်တော်လှန်ရေး အထူးကြေညာချက် - အမှတ် ( ၃ )

ချစ်စွာသော တိုက်ပွဲ ၀င်ညီအကိုတော်
အပေါင်းတို့ 

ဖေါက်ပြန်တဲ့ သန်းရွေစစ်အုပ်စု ဟာအမိုက်မဲဆုံးလမ်းဆုံးကိုသွားနေပြီ။ ဒါဟာ သူတို့ ရဲ့ နိဂုံး လမ်း ဆုံး ဖြစ် တယ်။ ငရဲ သား သန်းရွေနဲ့ တကွ ဗိုလ်ချုပ်တွေ အတွက် နောက်ဆုံးနေ့ တွေပဲဖြစ်တယ် ။ မင်္ဂလာ တရား၊ တိုး တက်ကြီးပွားမှု ၊ မေတ္တာတရား ၊ ငြိမ်းချမ်းမှု တရားဥပဒေ ဆိုတဲ့ လောကပါလ တရားဓမ္မတွေ ကို ငရဲ သားတွေ က တအိမ်တက် တအိမ်ဆင်း လိုက်လံ တိုက်ခိုက်ခံနေပြီ ။ ရိုက်ချိုးဖျက်ဆီးနေပြီ။

မြန်မာ ပြည်ဟာ အမှောင်ထု အောက်ကို လုံးဝကြရောက်သွားပြီ။ ငါတို့ရဲ့  ဘာသာသာသနာ ။ ငါ့တို့ရဲ့ သမိုင်း အ မွေအနစ်။ ငါတို့ ရဲ့  ယဉ်ကျေးမှု တွေအားလုံး မြေမြုပ်င်္သဂြိုလ်ခံနေရပြီ။

ဒါဟာ မတော်ဆမှားယွင်းမှု မဟုတ်ဘူး ။ ဒါဟာ စနစ်တကျလုပ်ကြံမှုကြီးတခုဖြစ်တယ်။ စကားပြော ကြည့်ဦးမယ်။ ဖြောင့်ဖြနားချလို့ ရဦးမှာပဲ ဆိုတာတွေဟာ ပူးပေါင်းကြံစည်မှုတွေလို ငါဆိုပါရစေတော့။

ဒီတော့ ငါတို့ ဘာလုပ်ရမလည်း
ငါတို့ တိုက်ရမယ်။

၁- ငါတို လူ၊ လက်နက်၊ ဆက်သွယ်ရေးပစ္စည်း တွေ စုဆောင်းရမယ်။
၂- ငါတို့  ပြည်တွင်းပြည်ပ ဟန်ချက်ညီတိုက်ပွဲဝင်ရမယ်။
၃- ငါတို့  လုံးဝအဖမ်းမခံရအောင်လှုပ်ရှားရမယ်။
၎- စစ်အစိုးရဒေါက်တိုင်တွေကို ချေမှုန်းပြစ်ရမယ်။ တိုက်ခိုက်ရမယ်။
၅- စစ်အစိုးရ စီးပွားရေး၊ အုပ်ချုပ်ရေး၊ စစ်ရေးပြစ်မှတ်တွေကို
တိုက်ခိုက်ရမယ်။
၆- ပြည်သူလူထုကို ငါတို့ အကာကွယ်ပေးရမယ်။

ဒါကြောင့်

ညီအကိုတို့ ရဲ့ ပူးပေါင်းမှု
ညီအကိုတို့ ရဲ့ လက်တွဲ မှု
ညီအကိုတို့ ရဲ့  ဆက်သွယ်မှု
ညီအကိုတို့ ရဲ့ ကူညီမှု တွေ ငါတို့ လိုချင်ပါတယ်။
ညီအကိုတို့  ကို ရွေဝါရောင်တော်လှန်ရေးက အလိုရှိနေပါပြီ။
အဖွဲ့ ဝင်များ ကို ကြိုဆိုနေပါပြီ။
ဆက်သွယ်ရန် - wefightwewin@gmail.com

No comments :