Friday 1 February 2008

သန်းရွေနားတော့မယ်လို့ သတင်းထွက်နေတယ်။

အဖ အသိုင်းဝိုင်းမှာ ထွက်နေတဲ့သတင်းကတော့ သန်းရွေ၊မောင်အေး နဲ့  ရွေမန်းတို့မကြာ ခင်တပ်က နေ အနားယူမယ် ဆိုတဲ့ကောလဟာဌဖြစ်နေပါတယ်။ မြန်မာပြည်မှာက ကောလဟာလ တွေက တကယ် ဖြစ်လာလေ့ရှိတာကိုတွေ့ရပါတယ်။ သန်းရွေ၊ မောင်အေးနဲ့ရွေမန်းတို့တပ်ကနေ အနားယူခြင်တယ် ဆိုတာ ဖြစ်နိင်ပါတယ်။ ဘာဖြစ်လို့ လည်း ဆိုတော့ သူတို့ အနေနဲ့ ခိုးထားတာဝှက်ထားကာလည်း အထုတ်နဲ့ အထည်နဲ့ ဖြစ်နေပြီ။ စုဆောင်းထားသမျတွေကို စိုးရိမ်ကြမှာအမှန်ပါ။ ဒီတော့အာဏာရှိနေတုံးမှာ သူတို့အတွက် အာမ ခံချက်လည်းရှိ။ လူတွေကိုလည်း မျက်စိလည် သွားနိင်တဲ့နည်းတွေကို စဉ်းစားမိကြမှာ အမှန်ပါပဲ။
ဗိုလ်ချုပ်နေ ၀င်း က ယူနီဖေါင်းချွတ့် ပြီး တိုက်ပုံအင်္ကျီ ၀တ်ထားတဲ့ ဦးနေ၀င်းကို အာဏာလွဲပေးခဲ့ ဘူးပါတယ်။

ဒီတော့ သူတို့ က အာဏာ အပြောင်းလဲကို လုပ်တော့ပြမယ် ။ သူတို့ အတွက်အမြဲတမ်း လုံခြုံ မှုရှိနေတဲ့  ပုံစံမျိုး ကို သူတို့ ဖန်တီးနိင်ဖို့ ကြိုးစားမယ်ဆိုတာဖြစ်နိင်ပါတယ်။ အာဏာကို ဖြတ်လမ်းနည်းနဲ့ ပြန်လည် ရယူခြင်း ဖြစ်ပါတယ်။ သူတို့ နေရာမှာ သိန်းစိန်၊ တင်အောင်မြင့်ဦးတို့ ကိုထားခဲ့မယ်။ သူတို့ ကတော့စစ်ကောင်စီလို ဟာ မျိုး ဖွဲ့ ပြီး အပေါ်ကနေ တပ်ကိုကိုင်ထားဦးမယ် လို့ ကြံနေပါတယ်။ သိန်းစိန်တို့ တင်အောင်မြင့် ဦး တို့ ဆိုတာက လူငယ်တန်းတွေ ဖြစ်ကြပေမဲ့  သုံးစားလို့ ရတဲ့ သူတွေမဟုတ်ပါဘူး။ လူငယ်ပေမဲ့ အတွေးအခေါ်က အလွန်တုံးတဲ့ သူ တွေပါ။ ကွန်ဆာဗေးတစ်တွေ အစွန်းရောက် မြန်မာ့ရှေးရိုးစွဲ ၀ါဒသမားတွေဖြစ်ပါတယ်။ ဒါပေ မဲ့ မြန်မာ တပ်မတော် ရဲ့ အစဉ်အလာသဘောကတော့ ယူနီဖေါင်း ၀တ်ထားတုံးနဲ့  နေရာရနေတုံး တခဏသာ ဗိုလ်ချုပ်တွေဟာ မီခိုးမှိုင်းဝနေတဲ့ မိုးပျံဘူဘောင်းတခုလို ဖြစ်နေတာပါ။ သူတို့ ဟာ လကမ္ဘာကိုရောက်နိင် တယ် လို့ စိတ်ကူးရင်နေသူတွေပါ။ ကိုယ်ပိုင်အရည်အချင်းမရှိကြပါဘူး။

ယူနီဖေါင်းများတော့ယောင်လို့ မချွတ်လိုက်နဲ့ ဗိုလ်ချုပ်တွေဟာ ခွေးကျ ၀က်ကျ ကျဆုံးခဲ့ရတဲ့သဓကတွေကို မြန်မာ့တပ်မတော်သမိုင်းမှာ တွေ့ ခဲ့ပြီးပါပြီ။ သမိုင်းအမိုက်ပုံထဲမှာ သံဝေဂ ရစရာ တွေပါ။ ကြည့် ပါ- တင်ဦး ၊ ဘိုနီ၊ စောဖြူ၊ စောမြင့်၊ နေ၀င်း၊ စောမောင်၊ ခင်ညွန့် တို့ ဟာ အာဏာလက်လွတ်သွား တဲ့အချိန်မှာ ဇာတ် သိမ်းကောင်းတာ တယောက်မှမတွေ့ ဘူးသေးပါဘူး။ တချိန်က နေ၀င်းတံခိုးထွားတုံးကသူတို့ စစ်တပ်ထဲမှာ အဖေကြီးလို့ ခေါ်ကြပါတယ်။ နေ၀င်းဓါတ်ပုံ ကို အစိုးရရုံးနဲ့  စစ်တပ်ထဲမှာ နေရာအနှံမှာ ချိတ်ခဲ့ကြပါတယ်။ ခုတော့ စစ်သမိုင်းပြတိုက်မှာတောင် နေ၀င်းဓါတ်ပုံကိုမတွေ့ ရတော့ပါဘူး။ စောမောင်လည်း ဒီလိုပဲ ဇာတ်သိမ်း မလှခဲ့ပါဘူး။ ခုတော့သန်းရွေအလှည့် နေ၀င်ချိန်က ရောက်လာခဲ့ပါပြီ။ သူဟာ နေ၀င်းကို အမဲဖျက်ခဲ့သလို ဖျက် ခဲ့ တယ်။ သန်းရွေကို အမဲဖျက်မဲ့သူကတော့ တခြားသူတွေမဟုတ်ပါဘူး။ သူကို မှန်ပါ့ဘုရား မထူးရုံ တမယ်ရိုသေကိုင်ညွတ်ပြနေတဲ့ စစ်ဗိုလ်တွေကလွဲ လို့ ဘယ်သူဖြစ်နိင်ပါဦးမည်နည်း။ မကြာခင်မှာ မြောက်သစ် ကိုင်းလွတ်ဖြစ် လာမဲ့ သန်းရွေ ကို သမိုင်းအမိုက်ပုံထဲမှာ တွေ့ ရမှာမဝေးတော့ပါဘူး ။

No comments :