ဆင်ဟွာ
ဖေဖေါ်ဝါရီ - ၁၄ ။
ကုလသမဂ္ဂ အတွင်းရေးမှုးရဲ့ အထူးကိုယ်စားလှယ် အေဗရီဟင် ဂန်ဘာရီ တရုတ်နိင်ငံသို့  သွားရောက်မည်ဟု ဆင်ဟွာသတင်းဌာနကဆိုပါတယ်။ သူက တရုတ်နိင်ငံကို ဖေဖေါ်ဝါရီလ ၁၈ ရက်နဲ့  ၁၉ ရက်မှာ သွားရောက်မှာဖြစ်ပါတယ်လို့  တရုတ်အစိုးရ နိင်ငံခြားရေးဝန်ကြီးဌာန ပြောရေးဆိုခွင့်ရှိသူ လီချိန်ချောင်က ကြာသာပတေးနေက ပြောဆိုပါတယ်။ ကုလသမဂ္ဂအတွင်းရေးမှုး ဘန်ကီမွန်းနဲ့  နိင်ငံခြားရေးဝန်ကြီး ယန်ချီချီ တို့  တယ်လီဖုန်းမှတဆင့် မြန်မာပြည်အရေး နှင့် ဂန်ဘန်ရီရဲ့ တရုပ်ပြည်ခရီးစဉ်တွေကို ဆွေးနွေးခဲ့ ကြတယ်လို့  သူကဆိုပါတယ်။ နစ်ဦးစလုံးက ကုလသမဂ္ဂအတွင်းရေးမှုးအနေနဲ့ မြန်မာပြည် အရေးကိစ္စ ကိုဖြန်ဖြေပေးသူ အဖြစ်နဲ့ဆက်လက်တည်ရှိနေတဲ့အချက်ကိုသဘောတူညီကြတယ်လို့ ဆိုပါတယ်။ ဂန်ဘာရီ တရုပ်နိုင်ငံကိုလာရောက်တဲ့အခါမှာ နိင်ငံခြားရေးဝန်ကြီးနဲ့ အတူ ဒုနိင်ခြားရေးဝန်ကြီးပါ တွေ့ ဆုံ လိမ့်မယ်လို့ ဆိုပါတယ်။ တရုပ်ကတော့ မြန်မာပြည်က နိင်ငံရေးအခြေအနေတွေက တိုးတက်မှုရှိနေတယ်လို့ ဆိုပါတယ်။ အမျိုးသားပြန်လည်သင့်မြတ်ရေး၊ ဒီမိုကရေစီအရေးနဲ့ ဖွင့်ဖြိုးရေးတွေကို လက်ရှိအခြေအနေကဖေါ်ဆောင်လာလိမ့်မယ်လို့ တရုတ်တို့ ကမျှော်လင့်နေကြပါတယ်။

1 comment :
ဂန်ဘာရီ တရုပ်နိင်ငံသွားရင်သူ့အတွက်
OK မှာပါ။ဟိုကသူ့ကို Tea ကောင်းကောင်းနဲ့
ဧည့်ခံလိမ့်မယ်။ သူက Tea ကြိုက်တယ်ဗျ။
ဗမာပြည်လာတုန်းကတော့ MOFA ကလူတွေက
coffee နဲ့ဧည့်ခံတာကို၊ ဂန်ဘာရီက I prefer tea
ထလုပ်လို့ ၊ MOFA ကလူတွေတော်တော်အလုပ်ရှုပ်
သွားသေးတယ်။ MOFA တစ်ဌာနလုံး Tea မရှိဘူးဗျ၊
ဒါနဲ့ အဲဒီကကောင်လေးက အိပ်ထဲကပိုက်ဆံစိုက်ပြီး
လမ်းဘေးလက်ဖက်ရည်ဆိုင်က Royal Tea Mix
လေးတစ်ထုပ်ရှာပြီးဝယ်တိုက်လိုက်ရတယ်။
တော်သေးတာ ပေါ့ Royal Tea Mix လေးရလိုက်လို့။
ဒီအကြောင်း ကို လျောက်မပြောနဲ့နော်...ကိုမိုးသီး
ကျတော်တို့တတွေကိုသိပ်စပ်စုတာဘဲလို့
နအဖကပြောနေဦးမယ်။
ရှူး.....တိုးတိုး...
Post a Comment