Tuesday, 19 February 2008

ကက်စထရို သမတရာထူးက အနားယူ ပြီ

ဟာဗားနား (ရိုက်တာ )
ဖေဖေါ်ဝါရီ- ၁၉
နာမကျန်းဖြစ်နေတဲ့ ကျူးဘားသမတ ဖီဒရယ်လ်ကက်စ်ထရို (၈၁-နစ်) ဟာ သမတအဖြစ်ကနေ အနားယူလိုက်ပြီ ကြောင်းကြေညာ လိုက်ပါတယ်။ သူဟာ ၄၉ နစ်ကြာသမတ အဖြစ်ကျူးဘားကို အုပ်ချုပ် ခဲ့ပါတယ်။ သူဟာ ၁၈ လနီးပါး မြင်ကွင်း ကနေ ပျောက်ကွယ် နေခဲ့ပါတယ်။ အစာအိမ်ရောဂါ ခွဲစိတ်ကုသမှုခံယူနေတယ်။ ဖေဖေါ်ဝါရီလ ၂၄ ရက်နေ့  မှကျင်းပတဲ့အမျိုးသားညီလာခံမှာ အနားယူ တော့မယ် ဖြစ်ကြောင်းကြေညာလိုက်ခြင်းဖြစ်ပါတယ်။ ချစ်စွာသော ရဲဘော် အပေါင်း တို့ ခင်ဗျား ကျနော်ကို သမတအဖြစ် ပြန်လည် ရွေးချယ်တဲ့အတွက် ကျေးဇူးတင်ပါတယ်။ ကျနော်ဟာ သမတ အဖြစ်ရော ၊ တပ်မတော် သေနာပတိရာထူး ကိုပါတင် မြောက်ခြင်း အတွက် ၀မ်းမြောက်စွာလက်ခံခြင်းပြု တော့မည်မဟုတ်ပါ။

ကျနော် ထပ်မံဆိုပါရစေဦး- ၀မ်းမြောက်စွာနဲ့ လက်ခံခြင်းပြုတော့မှာမဟုတ်ပါဘူး။ ကျနော် အနားယူ ပါရစေ တော့ လို့ ကွန်မြူနစ်ပါတီ ဂရန်မာသတင်းစာမှာဆိုပါတယ်။ အမျိုးသားညီလာခံက ကက်စရိုရဲ့ ညီ ရောလ် ကက်စထရိုကို ၇၆ နစ်ကို သမတအဖြစ်ရွေးချယ်တင်မြောက်ကြမယ်လို့ ခန့် မှန်းရပါတယ်။ ရော်လ်က နိင်ငံတောကိုအုပ်ချုပ်နေတာ ၂၀၀၆ ခုနစ် ဇူလိုင်လ ၂၃ ရက် နေ့  ကက်စထရို အသည်းအသည်ခွဲစိတ်မှုကိုခံယူစဉ်ကထည်းကဖြစ်ပါတယ်။ ကက်စထရိုအနားယူတဲ့ကြေညာချက်ထွက်လာချိန်မှာ ကျူးဘားနိင်ငံကလမ်းမတွေပေါ်မှာတော့ လူသူ လေးပါး ရှင်းလင်းလျက်ရှိနေတာက တော့ အံအားသင့်စရာတော့မဟုတ်ပါဘူး။ သူဟာ လူထုမြင်ကွင်းကို ပြန်မလာ နိင်တော့ဘူးဆိုတာ ကိုလူတွေကသိပါတယ်။ သူဒီလို ပေါ်လိုက်ပျောက်လိုက်ဖြစ်နေတာကို အသား ကျနေပြီဖြစ်တယ်လို့  ရိုဘက်တို လို့ ခေါ်တဲ့ အမည်အပြည့်အစုံကို မဖေါ်လို တဲ့ သူကပြောပါတယ်။ ဘာပြောရမလည်းမသိဘူးဗျာ၊ ဒီစနစ်ကတော့ဆက်သွားလို့ မရတော့ပါဘူးလို့  အဲလစ်လို့ ခေါ်တဲ့အမှိုက်သိမ်းတဲ့ အလုပ်သမားကလည်းဆိုပါတယ်။ ကက်စထရိုရဲ့ အနားယူမှုကတော့ စစ်အေးတိုက်ပွဲ ကာလတလျောက်လုံး အသုံးတော်ခံခဲ့တာ တွေ အမေရိကန်ရဲ့ အမုန်းတရားတွေကို ခံယူခဲ့တာတွေ စီအိုင်အေက လုပ်ကြံသတ်ဖြတ် ဖို့ ကြံစည်ခဲ့တဲ့ ဇတ်လမ်းတွေ ဒါတွေအားလုံးကိုကန် လန့် ကာချခဲ့လေပြီတကား။

No comments :