စစ်အစိုးရက ဆန္ဒခံယူပွဲ ကို မေမှာလုပ်မယ်လို့ ကြေညာလိုက်ပြီ။ ဒါဟာ -တပြည်လုံးကို စစ်ကြေညာလိုက်တာဖြစ်တယ်။ ဒီစစ်ပွဲက သခင် နဲ့ ကျွန်တို့ ရဲ့ စစ်ပွဲ ဖြစ်တယ်။ ဒီစစ်ပွဲမှာ ငါဒို့ သာအရှင်သခင်ဖြစ်တယ်။ ငါတို့ ဒီစစ်ပွဲကို အနိင်တိုက်ရမယ်။ တပြည်လုံးတော်လှန် တပြည်လုံးအောင်ပွဲခံကြ- ဒါဟာ ငါ့ရဲ့ မက်ဆော့ခ်ျပဲ။ သတင်းစကားပဲ။
စစ်တပ်က လုပ်နေတာက ဘာလည်း-
စစ်တပ်ဆိုတာ ထာဝရ အရှင်သခင် - တိုင်းရင်းသား၊ ကုန်သည်၊ ပညာတတ်၊ လယ်သမား၊အလုပ်သမား ၊ ကျောင်းသား တွေ ၊ ဘုန်းကြီးတွေက ကျွန် လူတန်းစား ဖြစ်တယ်။ တိုင်းရေး ပြည်ရေးဆိုတာ အင်မတန် မှာ လေးနက်တဲ့အချင်းအရာတွေ။ အရေးကြီးတဲ့ ကိစ္စတွေ၊ ကြက်ဥအရောင် တိမ်တောင်သဖွယ်မင်းရေးကြယ်ဆိုသလို - နိင်ငံတော်ရဲ့ အရေးအရာ တွေဟာ ကြီးမြတ်တဲ့သူတွေကမှ စွမ်းဆောင်နိင်တာ၊ ပြည်သူတွေဆိုတာက မလောက်လေးမလောက်စား ဘာမှနားလည်းတာမဟုတ်ဘူး ။ ခင်ဗျားတို့ ဘ၀တွေကောင်းစားရေးအတွက် တပါးသူက အစောကားမခံ ရရေး အတွက် တပ်မတော်က သာ တာဝန်ယူပေးနေရတာ။
ဒါကြောင့် တပ်မတော်သာလျင် မမှားနိင်တဲ့အရာ၊ ထ၀ရ ယုံကြည်ဆည်းကပ်ကိုးကွယ်ရာ အရှင်သခင် ဖြစ်တယ်။ ဒီအရှင်သခင်ရဲ့ အုပ်ချုပ်မှု ကိုထောက်ခံတယ်ဆိုတာကို ခင်ဗျားတို့ က ပြ၀ကြိုးနွံစွပြရမယ်။
ဒီပြသတဲ့ ပွဲ ။ ဒါကို ဆန္ဒခံယူပွဲ လို့  ခေါ်တယ်။
ဒီတော့ သူတို့ က ဘာတွေလုပ်လာမလဲ
သူတို့ လုပ်လာမှာတွေက -
၁ ရန်ကုန်မြို့ မှာ သန်းခေါင်းစာရင်းတွေ ပြန်စစ်နေပြီ။ သန်းခေါင်းစရင်းမရှိတဲ့သူတွေကို ချက်ခြင်းထုတ်ပေးနေတယ်။ အဓိပါယ်ကတော့ ဆန္ဒခံယူပွဲ အတွက် နအဖက ထောက်ခံမဲတွေရအောင်ပြင်ဆင်နေပြီဆိုတဲ့သဘောပဲ ။ ၁၉၇၄ ခုနစ်တုံးက အခြေခံဥပဒေရေးဆွဲတုံးက သူတို့ ဘာလုပ်ခဲ့သလည်း
၂- မဲ ရုံတွေလုပ်တယ်။
၃- မဲ ရုံတွေကို စစ်တပ်၊ ကောင်စီတွေက ကြီးကြပ်ထားတယ်။
၎- မဲ ပုံမှာ ကန်ကွက်မဲ ပုံနဲ့ ထောက်ခံမဲ ပုံ နစ်ပုံးထားတယ်။
၅- ကန်ကွက်မဲ ပုံကို မဲ ရုံချောင် မှာချထားတယ်။
၆- ကန် ကွက်မဲ ပုံ ကို သွားထည့် ရင်လည်း ခြေထောက်တွေကို မြင်နိင်အောင်လုပ်ထားတယ်။
၇--မဲရေတွက်တဲ့အခါမှာ ကန်ကွက်မဲ တွေကို ထောက်ခံမဲ တွေ ဆို ပြီးမဲခိုး ကြတယ်။
၈- ပြီးရင် ၉၉ ဒသမ ၉၉ ရာခိုင်နှုန်းက အခြေခံဥပဒေကိုထောက်ခံတယ်ဆိုပြီးလုပ်ခဲ့တယ်။
အခုတော့ ဒီထက် ကို ပို ဆိုးလာနိင်တယ်။
ကြံဖွတ်တွေ စွမ်းအားရှင်တွေကို စုပြီး ထောက်ခံတယ်လို့ လုပ်ခိုင်းမှာပေါ့။ နောက် သုံးလအတွင်း မှာ အခြေခံဥပဒေကို လူထုတွေ အကျယ်အပြန့်  ဘယ်လို လုပ်ပြီးလေ့လာကြမလည်း။
အဖြေကတော့ရှင့်တယ်။ အခြေခံဥပဒေကို ဒို့ ရေးပြီးပြီ ဘာမှပြောမနေနဲ့ ထောက်ခံကြဆိုတာပဲ။
ကျားသေကိုအသက်သွင်းနေတဲ့ နအဖ
၁၉၈၈ခုနစ် ဇူလှိုင် ၂၃ ရက်နေ့ က ကျိုက်က္ကဆံကွင်းမှာ မဆလ ပါတီ အရေးပေါ်ညီလာခံမှာ ဦးနေ၀င်း က တပါတီစနစ်ကို သွားရင်ကောင်းမလား ၊ ပါတီစုံ စနစ်ကိုသွားရင်ကောင်းမလား ပြည်သူဆန္ဒခံယူ ပွဲ လုပ်ပေးမယ်လို့ ပြောခဲ့တယ်။ ဆန္ဒခံယူပွဲတောင်မလုပ်လိုက်ရဘူး။ ဦးနေ၀င်း၊မဆလပါတီ၊ မဆလအစိုးရတို့ဟာသမိုင်းဇတ်ခုံပေါ်ကဇောက်ထိုးမိုးမျော်ပြုတ်ကျရင်း နိဂုံးချုပ်ခဲ့ရတယ်။ ၂၀၀၈ခုနစ် မေ ၁၀ ရက်နေ့ မှာ သန်းရွေက့  စစ်အာဏာရှင်နစ်ကို သက်ဇိုးရှည်အောင် ဖန်တီးထားတဲ့  အခြေခံဥပဒေ ကို မေလ မှာ ပြည်သူ့ ဆန္ဒခံယူပွဲ လုပ်မယ်လို့  သွေးရူးသွေးတန်းပြောလာပြန်ပြီ။ ဆန္ဒခံယူပွဲအထိတောင် ခံနိင်ပါ့မလား။ မြန်မာပြည်မှာပြသာနာပေါင်းစုံကိုရင်ဆိုင်နေရတယ်။ဒီပြသနာတွေကိုဖန်တီးထားတာစစ်အစိုးရဖြစ်တယ်။
စစ်အစိုးရရဲ့ ကြေညာချက်အပေါ်မှာ ငါဒို့ ရဲ့ အဖြေကတော့
လူထု တိုက်ပွဲ ပဲ - ။ လူထုတိုက်ပွဲတွေကို ငါဒို့ ဖေါ်ထုတ်ရမယ်။
၁- လူထုတိုက်ပွဲတွေ ကို ပြန်လည်ဖေါ်ထုတ်ရမယ်။
၂- တညီတညာတည်း တချိန်တည်း တပြိုင်နက်ထလည်းလုပ်ရမယ်။
၃- ဒါဟာ အပြီးသတ်ရမဲ့ အောင်ပွဲဖြစ်တယ်။
ဒီကြေညာချက်အပေါ်မှာ ဘာမှာ စိတ်ပျက်အားငယ်နေစရာ အကြောင်းမရှိဘူး ။
မိုးသီးဇွန်
ဖေဖေါ်ဝါရီလ ၁၁၊ ၂၀၀၈
1 comment :
Urgent Urgent Urgent
Public opinion is much more important than the US and outside world opinion. What you all are prepared for against Na Ah Fa referendum. Have you all united as one and only organization in overseas? Why not all organization united with NCGUB and strategically plan for against referendum. We need Yes or No answer from NLD. If they say no, quickly encourage public to stay at home on Referendum Day. otherwise, we all are loser
Post a Comment