Sunday, 10 February 2008

လွတ်မြောက်ရေးလမ်း

ဇန်န၀ါရီလ ၁၁၊၂၀၀၈
အမျိုးသားကွန်ကရက်ကို ဖွဲ့ စည်းကြ
ဘာကြောင့်ဖွဲ့  စည်းဖို့ လို လည်း

တပ်ပေါင်းစုမရှိတဲ့ အမျိုးသားလွတ်မြောက်ရေးလှုပ်ရှားမှုဟာ လက်နက်ကြီးမပါတဲ့ တပ်မတော်တရပ်နဲ့
ူ တယ်။တမျိုးသားလုံးလွတ်မြောက်ရေးအတွက်တမျိုးသားလုံးကိုကိုယ်စားပြုတဲ့ လှုပ်ရှားမှုနဲ့  တပ်ပေါင်း စု ရှိဖို့ လိုတယ်။နိင်ငံတကာလှုပ်ရှားမှုနဲ့ မြန်မာ သမိုင်းမှာ ဒီလို မျိုးရှိခဲ့တယ်။ လွတ်လပ်ရေးကြိုးပန်းစဉ်ကာလ က ဒိုဗမာအစည်းရုံး ရှိခဲ့တယ်။ ဖဆပလ ရှိခဲ့တယ်။ အိန္ဒိယ မှာ အိန္ဒယအမျိုးသားကွန်ကရက်။ တောင်အာဖရိက မှာ တောင်အာဖရိက အမျိုးသားကွန်ကရက် - African National Congress - ANC ရှိခဲ့တယ်။ အရှေ့ တိမော် လွတ်မြောက်ရေး လှုပ်ရှားမှု မှာ ဖရန်တလင် ဆိုတာရှိခဲ့တယ်။ မြန်မာ ပြည် မှာ ဒီမိုကရေစီလှုပ်ရှားမှု မှာ တမျိုး သား လုံးကိုကိုယ်စားပြုတဲ့ တပ်ပေါင်းစုကြီးတခုမရှိသေးဘူး။ ဒီတော့ အောင်ပွဲ ဟာဝေးကွာနေဆဲဖြစ်တယ်။ အမျိုးသား တပ်ပေါင်းစု တရပ်ကို ဖွဲ့ စည်း ဖို့ ဟာ သေရေးရှင်ရေးတမျှလိုအပ်လာတယ်။ ၈၈ လှုပ်ရှားမှု ကြီး နဲ့ ၂၀၀၇သံဃာတွေဦးဆောင်တဲ့လှုပ်ရှားမှုကြီးတွေ အောင်ပွဲခံသင့်ရဲ့ သားနဲ့ အောင်ပွဲမခံတာဟာ တပ်ပေါင်းစု တရပ် နဲ့ သေနင်္ဂဗျူဟာ တရပ်မရှိ ခဲ့လို ဖြစ်တယ်။

ဘယ်လိုဖွဲ့ စည်းမလည်း

နေရာအနှံမှာ လျှို့ဝှက်ပြီး ဖွဲ့ စည်းကြပါ။ သုံးယောက်တဖွဲ့ ရရင် သုံးယောက်တဖွဲ့ ဖွဲ့ စည်းရမယ်။ သုံးယောက် ထက် ပို တဲ့အစု အဖွဲ့ တွေရှိရင် လည်း သုံးယောက်ထက်ပိုနိင်တယ်။ အဓိကတော့ ကွန်ကရက်အဖွဲ့ ဝင်တိုင်းဟာ လျှိုဝှက်မှု ရှိကြဖို့ ပဲ။

ကွန်ကရက်ရဲ့ ပေါ်လစီ

- စစ်အာဏာရှင်စနစ် ဖျက်သိမ်းရေး
- ဒီမိုကရေစီ နဲ့ လူအခွင့်အရေး
- ပြည်တွင်း ငြိမ်းချမ်းရေး
- ဖယ်ဒရယ်ပြည်ထောင်စု တည်ဆောက်ရေး

• သေနင်္ဂဗျူဟာ

သေနင်္ဂဗျုဟာရည်မှန်းချက် မှာ လူထုတိုက်ပွဲများဖေါ်ထုတ်ပြီး လူထုအစိုးရတရပ်ကို ဖွဲ့ စည်းနိင်ရေးဖြစ်ပါတယ်။

၁- ပြည်တွင်းလုပ်ငန်းစဉ်

-လူထုလှုပ်ရှားမှု ကြီးကြပ်ရေးကော်မတီ ဖွဲ့ စည်းနိင်ရေး
-လူထုလှုပ်ရှားမှုများ ဖေါ်ထုတ်ရေး
- အထွေထွေလူထုလှုပ်ရှားမှုကြီးဖေါ်ထုတ်ရေး
- ကြားဖြတ်အစိုးရဖွဲ့ စည်းရေး

၂- သံတမာန်ရေးလုပ်ငန်းစဉ်

က- ကုလသမဂ မှ စစ်အစိုးရခေါင်းဆောင်များအား
ထိရောက်စွာ အရေးယူဆောင်ရွက်လာနိင်ရန်
ခ- အာဆီယံနိင်ငံများမှာ မြန်မာ စစ်အစိုးရ အရေးယူဆောင်ရွက်လာစေရန်
ဂ- ဥရောပ မှာ စစ်အစိုးရအား စီးပွာရေးနှင့် သံတမာန်ရေးအရေးယူဆောင်ရွက်မူများ ဖြစ်ပေါ်လာစေရန်
ဃ- အမေရိကန် မှာ စစ်အစိုးရ ခေါင်းဆောင်များအား စီးပွားရေး နှင့် စစ်ရေးအရ အရေးယူဆောင်ရွက်လာစေ ရန်

-ခ လူထုကို စာနပ်ရိက္ဒာ ၊လောင်စာ၊ ဆေးဝါးနှင့် လုံခြုံရေးအကူညီများ ကို နိင်ငံတကာမှရယူနိင်ရန်

စ -လူထုအုံကြွမှုဖြစ်ပေါ်လာပါက လူထုအစိုးရတရပ်ဖွဲ့ စည်းမယ်။ ဖွဲ့ လာတဲ့အခါမှာ နိင်ငံတကာက အဆော တလျင် ထောက်ခံရန် ဖို့ အတွက် ကြိုတင်ပြင်ဆင်ထားရန်။

၃- ကာကွယ်ရေးလုပ်ငန်းစဉ်

လူထုမှာ ကာကွယ်မှု မရှိသလောက်ဖြစ်နေပါတယ်။ လူထုအုံကြမှု အမြင့်ဆုံးဖြစ်လာတဲ့အခြေအနေမှာ လူထုကို အကာကွယ်ပေးနိင်ဖို့ အတွက် လိုအပ်တဲ့ လက်နက်ကိုင် စုဖွဲ မှု တွေကို ပြင်ဆင်စဉ်းစား ထားစေခြင်ပါတယ်။
စစ်တပ်မှာကွဲထွက်လာတဲ့အင်အားများ။ပုလိပ်များကိုပြန်လည်နေရာချထားပေးနိင်ရေးအစီအစဉ်များကို အခြေအနေနဲ့ အညီချက်ခြင်းအရေးယူဆောင်ရွက်မယ်ဆိုတဲ့ ပေါ်လစီကျနော်တို့ မှာရှိထားသင့်ပါတယ်။ လက်နက် တွေကို စုဆောင်းထားကြ။

ဘယ်သူတွေနဲ့ ဖွဲ့ သင့်လည်း

က- သံဃာတပ်ပေါင်းစု
ခ- ၈၈ မျိုးဆက်ကျောင်းသားများ
ဂ- တိုင်းရင်းသားခေါင်းဆောင်များ
ဃ- အနုပညာရှင်များ ၊ စာ ပေယဉ်ကျေးမှု မှ ပုဂိုလ်များ

င- မည်သူမဆို ကိုယ်ကိုကိုယ် ကွန်ကရက် အလုပ်တွေကို တက်ကြွစွာဆောင်ရွက် လိုသူတိုင်း
စ- တသီးပုဂလိက နိင်ငံရေး သမား၊ ပညာရှင် နှင့် လုပ်ငန်းရှင်များ
ဆ- အမျိုးသားဒီမိုကရေစီအဖွဲ့ ချုပ် အဖွဲ့ ဝင်များ
ဇ- လူဘောင်သစ်ဒီမိုကရက်တစ် ပါတီဝင်များ
ဈ - ဒီငြိမ်းအဖွဲ့ ဝင်များ
ည- ၀ါရင်နိင်ငံရေး သမားကြီးများ စသဖြင့် ဖွဲ့ စည်းသင့်ပါတယ်။

• ဦးဆောင်မှု

က-ဦးတင်ဦး နှင့် ဒေါ်အောင်ဆန်းစုကြည်အား တပ်ပေါင်းစု သဘာပတိ ခေါင်းဆောင်များအဖြစ်တင်မြောက်ရန်

ခ- မင်းကိုနိင်၊ ကိုကိုကြီး၊ ကို မင်းဇေယျာ၊ ကိုဌေးကြွယ်၊ ကိုမြအေး၊ကို ဂျင်မီ၊ ကိုဇေယျ ( လူဘောင်သစ်) စတဲ့ ၈၈ မျိုးဆက်ခေါင်းဆောင်များ နှင့် အခြားသော ခေါင်းဆောင်များ အား အလုပ်အမှုဆောင်များ အဖြစ်တင် မြောက်ရန်

ဂ- ပြည်တွင်း ရှိမြေအောက်ရဲ ဘော်များမှာ တပ်ပေါင်းစုလုပ်ငန်းများကို ဆက်လက်အကောင်ထည်ဖေါ်ရန်

ဃ- ပြည်ပတွင် တပ်ပေါင်းစု ကိုတိုးချဲ့ ဖွဲ့ စည်းရန်

• တပ်ပေါင်းစု ဖွဲ့  စည်း ပုံ

သဘာပတိအဖွဲ့ 
-
အလုပ်အမှုဆောင်အဖွဲ့ 
-
အတွင်းရေးမှုးအဖွဲ့ 

မြို့ နယ်ရပ်ကွက်အလိုက် မှ ကလပ်စည်းများ

အဖွဲ့ ဝင်များ

လူထုလှုပ်ရှားမှု
ကော်မတီ စည်းရုံးရေး
ကော်မတီ
ဘဏာရေး
ကော်မတီ ပြန်ကြားရေး
ကော်မတီ အခြားကော်မတီများကို လိုအပ်သလို ဖွဲ စည်းရန်

တင်မြောက်ပြီး အထက်ပါဖေါ်ပြပါကော်မတီတွေကို ဖွဲ့ စည်းသွားမယ်။ လောလောဆယ် လုံခြုံရေးအရ အဆင်မပြေသေးတဲ့အတွက် ကွန်ကရက် ကို လျိုလ်ဝှက်ဖွဲ့ စည်းပြီး လုပ်ဆောင်သွားရမယ်။

ငါတို့ ကိုင်ဆွဲ ရမည် သံမဏိ စိတ်ဓါတ် ၇ ချက် ။

၁-လူလူခြင်မေတ္တာထားရမည်။
၂- အပြန်အလှန်လေးစားရမည်။
၃- လူလူခြင်းခွဲခြားဆက်ဆံခြင်းနှိမ့်ချဆက်ဆံခြင်းမပြုရ
၎- ညီရင်းအကို စိတ်ဓါတ်ကိုမွေးမြုရမည်။
၅-အမျိုးသမီးများကိုခွဲ ခြားဆက်ဆံခြင်းမပြုရ
၆- တရိစာများကို ညင်းပန်းနှိပ်စက်ခြင်းမပြုရ
၇- သဘာဝပတ်ဝန်းကျင်ကို မဖျက်ဆီးရ

ဒီမိုကရေစီကျင့်စဉ် ၉ ရပ် ။

၁-အများဆန္ဒကို လိုက်နာပါ
၂-အများဆုံဖြတ်ချက်ကိုလိုက်နာပါ
၃-လူနည်းစုရဲ့ သဘောထားကိုလေးစားပါ
၎-လူတယောက်ရဲ့ ကိုယ်ရေးကိုယ်တာကို မစွက်ဖက်ပါနှင့်
၅-အာဏာရှင် ဆန်တဲ့ လုပ်ဟန်ကို မိသားစုအတွင်း ၊ မိတ်ဆွေများအတွင်း၊ အဖွဲ့ စည်းအတွင်း
မကျင့်သုံးပါစေနှင့်
၆-ပုလိကပိုင်ဆိုင်မှုကိုအသိမှတ်ပြုပါ
၇-တာဝန်ယူမှုနှင့်တာဝန်ခံနိင်မှုရှိပါစေ
၈- မိမိအရည်အချင်းကို မြင့်တင်ပါ။
၉- မိမိကိုယ်ကိုကိုယ်အားကိုးပါ။

ကိုယ်ကျင့်သိက္ခာ

အမှန်တရားကို ပြောပါ။
မတရားမှုကို လက်မခံပါနှင့် ။
လောင်းကစားကို ရှောင်ကျဉ်
မူးယစ်ဆေးဝါးကိုရှောင်ကျဉ်ပါ
မိမိ ချစ်သူ၊ သားမယားအပေါ်သစ္စာရှိပါ။
လပ်ပေးလပ်ယူမှုကို ဆန်ကျင့်ပါ။
သူတပါးပစ္စည်းကို မခိုးရ။ မယူရ။

လုံခြုံရေး ဆိုင်ရာ သတိပြုရန်များ

၁- မြေအောက်အဖွဲ့ စည်းခြင်း ၊ အစုအဖွဲ့ များ ခြင်း ဘေးတိုက်ဆက်သွယ်လှုပ်ရှားခြင်းမပြုရ။
၂- မိမိအရင်းနှီးဆုံးလူများကိုစတင်စည်းရုံးရန်
၃- အလုပ်ငန်းခွင်၊ကျောင်း တခုခုမှာ မိမိရှိနေစေရန်
၎- စာရွက်စာတန်းများကို မိမိကိုယ်မှာ မိမိအနီးနားမှာ လုံးဝမဖွက်ရ
၅- အများသိသာနိင်တဲ့ ပြောမှုဆိုမှုများကိုရှောင်ကျဉ်ပါ
၆- လှုပ်ရှားမှု ဆိုင်ရာ အစည်းဝေးမှတ်တမ်း ၊ မှတ်စု၊ ဒိုင်ယာယီများ မရေးရ။
၇- တဦးနှင့်တဦးမိတ်ဆက်လျင် နာမည်အရင်းမသုံးရ ။ မမေးရ။ လိပ်စာမမေးရ။
၈- မကြာခဏ အစည်းဝေးလုပ်ခြင်း မလုပ်ရ။
၉- လဘက်ရည်ဆိုင်မှာ နိင်ငံရေးစကားမပြောရ။
၁၀- မသင်္ကဖွယ်ခံစားရပါက ချက်ခြင်းခြေရာဖျောက်ပါ။ မိမိရဲဘော်ကိုအသိပေးပါ။
၁၁- လူမြင်ကွင်းမှာ တဦးကိုတဦးမဆက်သွယ်ရ။
၁၂- တဦးကိုတဦး သင်္ကေတပြဆက်သွယ်မှု နဲ့ တဦးကိုတဦးဆက်သွယ်ပါ။

လုံခြုံ ရေးဆိုင်ရာ ဆောင်ပုဒ်များ

က -မိမိမလုံခြုံလျင် တော်လှန်ရေးမလုံခြုံ
ခ- လျို့ ဝှက်ရေးကို မျက်လုံးအိမ်သဖွယ် ထိမ်းသိမ်းကြ။
ဂ- သင်ကို ရန်သူကြည့်နေသည်။

ဃ- သင့် မိုလ်ဘိုင်းဖုန်းကို ရန်သူနားထောင်နေသည်။
င- နစ်ယောက်ထက် ပိုသိသွားလျင် အန္တရာယ်ရှိ ပြီ။
စ- လုံခြုံရေး ကိုသိပ်ဂရုစိုက်လျင် - လှုပ်ရှားမှုမလုပ်နိင်
ဆ- လှုပ်ရှားမှု ကို သိပ်လုပ်လျင် - လုံခြုံမှုမရှိနိင်။
ဈ- လုံခြုံရေးနှင့် လှုပ်ရှားမှု ကို ဟန်ချက်ညီပါစေ။

ဆောင်ပုဒ်များ

စစ်အာဏာရှင်စနစ် မုချကျဆုံးရမည်။
ဒီမိုကရေစီ အရေးတော်ပုံအောင်ရမည်။
တပ်ပေါင်းစုနဲ့ အောင်ပွဲခံကြ
တပ်ပေါင်းစုအလံ ကိုအမြင့်မားဆုံးလွင့်ထူကြ
တပြည်လုံးတော်လှန် တပြည်လုံးအောင်ပွဲခံ
တော်လှန်ရေးသည် - ငါတို့ ကျောင်းငါတို့ တက္ကသိုလ်
We fight - We win
ဒီမိုကရေစီလိုလားသူမရှိပဲ ဒီမိုကရေစီမရှိနိင်။

ကွန်ကရက်အဖွဲ့ ဝင်တိုင်း အောက်ပါ့ လှုပ်ရှားမှုများ ကိုလုပ်ဆောင်ရမည်။

၁- ကျေးရွာရပ်ကွက်တိုင်း မြို့ တိုင်းနယ်တိုင်းတွင် သုံးယောက်တဖွဲ့ ကိုလျို့ ဝှက်စွာဖွဲ့ စည်းရမည်။

၂- ဒုက္ဒရောက်နေတဲ့ လူတိုင်းကိုကူညီပါ။

၃- လူထုကိုဒုက္ဒပေးနေတဲ့ ကြွံဖွတ်နဲ့ စွမ်းအားရှင် များကို ဆုံးမ ရန်

၎- ပိုစတာ တိုက်ပွဲများဆင်နွဲရန်

၅-ရပ်ကွက်အသီးသီးမှာရှိတဲ့ နအဖ နဲ့ လက်ပါးစေတွေရဲ့ လုပ်ရပ်တွေကို လျိုဝှ့က်သတင်း ထုတ်ပြန်မှု များ ပြုလုပ်ပေးရန်

၆- နအဖ နဲ့  လက်ပါးစေတွေရဲ့ လှုပ်ရှားမှု မှန်သမျှကို သတင်းထုတ်ပြန် ပေးနေရန် စာမျက်နာ တမျက်နာပါ သတင်းစာ ကွန်ကရက် သတင်းစာ ကို ကိုယ်နည်းကိုယ်ဟန်ဖြင့်ထုတ်ဝေရမည်။ ဥပမာ ကွန်ကရက်သတင်းစာ ပုံစံမှာအောက်ပါအတိုင်းဖြစ်ရမည်။ သတင်းစာကို ကိုယ်မြို့ နယ်လိုက်ကိုယ်အဖွဲ့ လိုက်ထုတ်ဝေခွင့်ရှိတယ်။

ကွန်ကရက်သတင်းစာ
ပုခုက္ကူ မြို့ နယ်
နေစွဲ
အမှတ်စဉ်-
-------------------------------------------------------------------------------------------------
ဒီနေ့ ခေါင်းကြီးသတင်း - - စွမ်းအားရှင်အဖွဲ့  ၀င်တယောက် လူထုကို နိပ်စက်သွားခြင်း
--------------------------------------------------------------------------------------------------
ဇန်န၀ါရီ ၁-၂၀၀၈ နေတွင် ပုခုက္ကူ မြို့ နယ် မ၀ တ ဥက္ကဌ ဦးသန်းရွေ နှင့် စွမ်းအားရှင်အမည်ခံ သောင်း ကျန်းတစု သည် ဘုန်းတော်ကြီးကျောင်းများအား လိုက်လံ စစ်ဆေးလျက်ရှိပါသည်။ မင်္ဂလာရာမ ကျောင်းမ ကျောင်းထိုင် ဆရာတော်ကြီးအား ဖမ်းဆီးသွားပြီး စာရွက်စာတန်းများကိုသိမ်းဆည်းသွားပါသည်။
ဦးသန်းရွေ သည် ။ အမှတ် ၁ရပ်ကွက်တွင်နေထိုင်ပါသည်။ သူသည် ချဲ ထီရောင်းဆိုင်များ အရက်ပုန်းဆိုင်များ၊ ဓါတ်ဆီရောင်းစားသူုများထံမှ လစဉ်ဆက်ကြေးကောက်ခံလေ့ရှိသည်။ သူရဲ့ ဆိုင်ကယ်နံပတ်မှာ - က ၉၉ ဖြစ်ပါ သည်။ သူသည် ညဖက်တွင် နိက်ကလပ်များသို့ သွားလေ့ရှိသည်။ အရက်ကို မူးအောင်သောက်ပြီး ကာရာ အိုကေ ဘားများတွင်သီချင်းဆိုလေ့ရှိသည်။

--------------------------------------------------------------------------------------------------
၇- နအဖ ကို စီးပွားရေးအရ ၊ လူမှုအရေးအရ သပိတ်မှောက်လာရန်။ ကိုယ်အနီးဆုံးလူများကို စတင်စည်းရုံး ဟောပြောကြရန်။

၈- စစ်အစိုးရဲ့  ပိုင်ပစ္စည်းများကို နည်းမျိုးစုံဖြင့် နှောက်ယှက်ဖျက်ဆီးပေးရန် ။

စတဲ့လုပ်ငန်းစဉ်တွေကို ချမှတ်နိင်ပါတယ်။ သင့်တော်တဲ့လုပ်ငန်းစဉ်တွေကိုလည်း ထုတ်ပြန်နိင်ပါတယ်။


တပ်ပေါင်းစုနဲ့ အောင်ပွဲခံကြ

မိုးသီးဇွန်

No comments :