ဖေဖေါ်ဝါရီ- ၃ ။
လွန်ခဲ့တဲ့ နစ်လခန့် ကတည်းက ချော်လဲသဖြင့် ပေါင်ကျိုးသွားတယ်လို့  သတင်းကြီးလှတဲ့ ဒေါ်ကြိုင်ကြိုင်ဟာ ရောဂါ မသက်သာဘူးလို့ နေပြည်တော် စစ်တပ်အသိုင်းဝိုင်းက ပြောနေပါတယ်။ ဖြောက်ဆိတ်ကြယ်တွေ လို သတင်းစာမှာ မကြာခဏ တွေ့ ရတဲ့ ဒေါ်ကြိုင်ကြိုင်ဟာ အခုဆို ရင် နစ်စီးတွဲ ကားရထား လို သတင်း မီဒီယာတွေမှာပျောက်နေတာကြာပြီဖြစ်ပါတယ်။
အခု ဆိုရင် လေဖြတ်တဲ့ရောဂါကို ပါ အပြင်းအထန်ခံစားနေရတယ်လို့ ဆိုပါတယ်။ တပ်မတော်အတွင်း ရှိအ ပြောင်း လဲလို လားတဲ့ တပ်မတော်အရာရှိများ နှင့် ဇနီးများက က တော့ ဒါ ဘုရား ရိုက်တာဟု ရွေဝါရောင် တော်လှန်ရေး ကွန်ယက်ကိုသတင်းပို့ လာပါတယ်။ သံဃာ လှုပ်ရှားမှုတွေဖြစ်ပွားချိန်မှာ သံဃာ တွေ၊ကျောင်းသားတွေ ၊ ပြည်သူတွေကို သတ်ဖြတ်မှု တွေလုပ်ခဲ့တာ၊ မသေမရှင်ဖြစ်နေတဲ့သူတွေကို မီးသဂြိုလ် စက်တွေမှာ အစုအလိုက် အပြုံလိုက်ဖျောက်ဖျက်မှုတွေက သူကို ခြောက်လှန့် နေပြီပေါ့ဗျာ လို့ အမည် မဖေါ်လို တဲ့ တပ်မတော်အရာရှိတဦး က ဆက်လက်ပြောဆိုပါတယ်။
-----------------------------------------------------------------------------------------------------------------
ကြံခတ်ဝိုင်း ဖုန်းကြီး ဂယောက်ခြောက်ခြား အော်ဟစ်နေခြင်း
ရန်ကုန်
ဖေဖေါ်ဝါရီ - ၃ ရက်။
ပြည်သူတွေကို သတ်ဖြတ်ဖို့ ၊ ဒေါ်အောင်ဆန်းစုကြည်ကို အပျောက်ရှင်းဖို့  နအဖ စစ်ခေါင်းဆောင်တွေကို တိုက်တွန်းခဲ့တဲ့ ကြံခတ်ဝိုင်းဖုန်းကြီးဟာ ဂယောက်ခြောက်ခြား အော်ဟစ်နေတဲ့အတွက် မင်္ဂလာဒုံစစ်ဆေးရုံကို မနေ့ က ပို့ ဆောင်လိုက်ရတယ်လို့ သိရပါတယ်။ မင်္ဂလာဒုံစစ်ဆေးရုံမှာ တပ်မတော်ဆရာဝန် တဦးက ရွေဝါရောင်တော်လှန်ရေးကွန်ယက်ကို သတင်းပို့ လာပါတယ်။
စစ်အစိုးရမှ သံဃာ တွေကို သတ်ခတ်နိမ်နင်းနေတဲ့ကာလမှာ ဖုန်းကြီးက ဟိုကောင်မက ချတော့မယ်။ ဟို ကောင် မ ဆိုတာ သိတယ်မဟုတ်လား။ ကြခတ်ဝိုင်း ဘုန်းကြီး ဆိုလိုတဲ့ ဟိုကောင်မ ဆိုတာ ဒေါ်အောင်ဆန်း စုကြည်ကို ရည်ညွန်းပြောဆိုခြင်းဖြစ်ပါတယ်။ ဒေါ်အောင်ဆန်းစုကြည်ကို တိုက်ခိုက်ဖို့ နအဖကို တိုက်တွန်း နေခြင်းဖြစ်ပါတယ်။ ရန်ကြွင်း၊မီးကြွင်း၊ ကြွေးကြွင်း ဆိုရင် တခုမှမထားနဲ့  အပြတ်ရှင်းရမယ် လို့ တိုက်တွန်း ခဲ့သူဖြစ်ပါတယ်။ သူပြောတဲ့ အကြွင်းသုံးပါး ကို မထားပဲ အပြတ်ရှင်းရမယ် ဆိုတဲ့ တရားကို ပြောခဲ့သူက လွန်ခဲ့ တဲ့နစ်ပေါင်း ၂၃၀၀ ခန့် က ဟင် ဒီ ဒသနိက ပညာရှင် စဏိကျ ရဲ့  တရားများကို အယူမှားယွင်းစွာ ဟောကြား ခဲ့သူဖြစ်ပါတယ်။ စဏကျတရားများဟာ သွေးသံဝါဒ (လက်စားချေဝါဒ) များလို့ အိနယ ခေတ်သစ် ဒဿနိက ပညာရှင် များက သတ်မှတ်ထားကြပါတယ်။
ဘုန်းကြီးဟာ စိတ်ဝေဒနာကို အကြီးအကျယ်ခံစားနေရပုံရတယ်လို့  မင်္ဂလာဒုံစစ်ဆေးရုံမှ အမည်မဖေါ်လို တဲ့ ဆရာဝန်တဦးကပြောပါတယ်။ ဘုန်းကြီးပြောတာမဟုတ်ပါဘူး၊ ဘုန်းကြီးပြောတာမဟုတ်ပါဘူး ။ ခွေးမဲကြီး လိုက်နေပြီဟဲ့ ဟဲ့ မောင်လှ ( ဘုန်းကြီး ရဲ့ ကားဒရိုင်ပါ၊ ကြံဖွတ်အဖွဲ့ ဝင်တဦး ) ဆွဲ ကြပါဦး ဆွဲ ကြပါဦးလို့  ညဖက်ဆိုရင် အော်ဟစ်နေတယ်ဟု သိရပါတယ်။ ဘုန်းကြီး ပြောတာမဟုတ်ပါဘူး ဆိုတာ နဲ့ ပတ်သက်လို့  ကြခတ်ဝိုင်းကျောင်း တွဲဖက်ဆရာတော်က စက်တင်ဘာသံဃာ အရေးအခင်းအပြီးမှာထွက်ပေါ်လာတဲ့ တိတ် ခွေကို ဟာ သူပြောတာမဟုတ်ဘူးလို့  ငြင်းနေတာကို ပြောတာဖြစ်ပါတယ်လို့ ဒကာ၊ဒကာမတွေကို ပြန်ပြောပြ ပါတယ်။

4 comments :
ဒေါ်ကြိုင်ကြိုင် ယတြာစူးပြီ။ ရတနာသုံးပါကို အတုံးလိုက် အတစ်လိုက် ပစ်မှား။ သံဃာကို သတ်တာကို အားမရလို့ .. ရွှေတိဂုံဘုရားပေါ်ကို တတ် ခွေးတွေဝက်တွေကို ကြိုးချည်ပြီးဆွဲသေးတယ်။ ဒီအပြစ်တွေ.....
ကြက်ခတ်ဝိုင်းဆရာတော်ကတော့ စာတွေအများကြီးတတ်ထားတယ်။ ပြောရင် မသိဘဲဆင်ကန်းတောတိုးမိုက် တဲ့ လူထက် .. သိရက်နဲ့ မိုက် တဲ့ လူက ကိုယ်မိုက်ပစ်ပေါ်မှာ ယူကျုံးမရအဖြစ်ဆုံးပဲ။ သူဆိုရင် အများကြီးသိထားတော့ သံသယာကို တခြားလူတွေထက် ပိုပြီးကြောက် လိမ့် မယ်။ ဒီလို ဂယောင်ခြောက် ခြားဖြစ်သွားတယ် ဆိုတာ စိတ်ပညာရ အရလည်း ဖြစ်နိုင်ခြေ အများဆုံးပဲ။

He looked very much abnormal even in his first tape. None of monks would say such stupid things.
As time goes on, his mental health worsen after the September uprising(bad karma).
P.S if he hears the voices and seeing things means that he definitely has schizophrenia.
Post a Comment