မိုက်ကယ် ကေစီ
ဘန်ကောက်( အေပီ) -
ဘန်ကောက်( အေပီ) -
ကမ္ဘာမှာအလွန်ရှားပါးလှတဲ့ နှုပ်သီးပြား ဆန်းပိုက်ပါ - Sandpiper လို့ ခေါ်တဲ့ငှက်လေးတမျိုးကို မြန်မာပြည် ကမ်းရိုးတန်းတလျောက်မှာ တွေ့ ရှိတယ်လို့  သဘ၀ပတ်ဝန်းကျင်လေ့လာရေးအုပ်စုတခုကဆိုပါတယ်။ ဒီငှက်ကလေးတွေက မြန်မာပြည်မှာ ၈၄ ကောင်ပဲရှိတော့တယ်လို့ ဆိုတယ်။ ရုရှားသုတေသီတွေရဲ့ သတင်း ပေးပို့ ချက်အပြီးမှာ လေ့လာရေးအုပ်စုကရှာဖွေတွေ့ ရှိခဲ့တာဖြစ်တယ်။
ကိုယ်လုံးက အလွန်တောက်ပတဲ့အစက်အပြောက်လေးတွေပါရှိတယ်။ ၇၀ ရာခိုင်နှုန်းလောက်ကတော့ မျိုးတုန်း ပျောက်ကွယ်လုဖြစ်နေပြီ။ သူတို့ ဟာသား ပေါက်တဲ့အရပ်ဒေသကတော့ဆိုက်ဘေးရီယားဖြစ်တယ်။ ဒီနစ်မှာ တော့ ဆိုက်ဘေးရီးယားကို တကောင်မှ အရောက်မပြန်နိင်ခဲ့ကြဘူးလေ။ ဆောင်းရောက်ပြီဆိုရင်တော့ တော့ သူတို့ ဟာ ဆိုက်ဘေးရီးယားကနေ ဂျပန်၊ ကိုးရီးယားကျွန်းဆွယ်၊ တရုပ်နဲ့  အရှေ့ တောင်အာရှ ဒေသ တွေဆီကိုစုန်ဆင်းလာကြတယ်။ ဒါပေမဲ့ ငှက်လေးတွေဟာ ဒီနှုန်းအတိုင်း မျိုးပွားမှုကျဆင်းနေမယ်ဆိုရင်တော့ နစ်အနည်းငယ်အတွင်းမှာပဲ မျိုးတုန်းတော့မှာပဲလို့  သဘ၀ပတ်ဝန်းကျင်လေ့လာရေးပညာရှင် ဆင်ဘာချမ်းက ဆိုပါတယ်။ သူတို့ ကိုမျိုးတုန်းမှုအန္တရယ်က ကာကွယ်ခြင်တယ်ဆိုရင်တော့ ဆိုက်ဘေးရီးယားနဲ့ အရှေ့ တောင်အာရှဒေသတွေကို ပါကွင်းဆင်းသုတေသနပြုလုပ်မှုတွေ သူက လုပ်သင့်တယ်လို့ အကြံပြုထားပါတယ်။

No comments :
Post a Comment