Wednesday, 6 February 2008

Message from Daw Aung San Suu Kyi

ဒေါ်အောင်ဆန်းစုကြည် နဲ့  ဦးအောင်ကြည်ဆွေးနွေးချက်များ
ဒေါ်စုရဲ့ အန်အဲလ်ဒီစီအီစီအပေါ်သဘောထား













ရန်ကုန်
ဖေဖေါ်ဝါရီ- ၎
ဒေါ်အောင်ဆန်းစုကြည်က ဒီချုပ်ကကိုယ်စားလှယ်နဲ့ တွေ့ တဲ့အခါမှာ နစ်ခုမှာခဲ့ပါတယ်။ တခုက အကောင်း ဆုံးကိုမျော်လင့်ပြီးအဆိုးဆုံးကိုပြင်ဆင်ထားဖို့ မှာကြားချက်ဖြစ်ပါတယ်။ ဒါကို ကျမတို့အားလုံး သိပြီးဖြစ်ပါတယ်။ ဒီလိုမှာကြားတာကတော့ တွေ့ ဆုံဆွေးနွေးမှုဟာ အဓိပ္ပါယ်ရှိတဲ့ တွေ့ ဆုံမှု ဖြစ်မလာလို့ ပဲဖြစ် ပါ တယ်။ နအဖ ကိုယ်စားလှယ် ဦးအောင်ကြည်နဲ့ ဒေါ်စုတွေ့ တဲ့အချိန်မှာ ဒေါ်စုက ဦးအောင်ကြည်ကို

၁- ပြည်သူတွေအကျိုးအတွက် Common Ground ရအောင်ဆွေးနွေးရအောင်
၂- ဆွေးနွေးပွဲ ကို ပြန်မဆုတ်စေချင်ဘူး
၃- Agenda တွေ တခုခြင်းအလိုက်ဆွေးနွေးမယ်။ မကျေလည်ရင်ကျော်လိုက်နောက်တခု
အသစ်ဆွေးနွေးမယ်။
၎- သဘောတူညီချက်တွေရ တဲ့အခါတိုင်း- တိုင်းပြည်ကိုသတင်းထုတ်ပြန်မယ်။
လို့  ဆွေးနွေးခဲ့ပါတယ်။

ဦးအောင်ကြည်က

၁- အမျိုးသား ညီလာခံကိုလက်ခံဖို့ 
၂- Road Map ကိုလက်ခံဖို့ ပြောပါတယ်။

ဒီအခါမှာဒေါ်အောင်ဆန်းစုကြည်က NLD မှာလည်း Road Map ရှိပါတယ်။ လက်ခံမလား
ပြည်သူ့ လွတ်တော် ကိုယ်စားပြုကော်မတီ လည်းရှိပါတယ် လက်ခံမလားလို့ ပြန်လည် ဆွေးနွေးခဲ့ပါတယ်။
အမျိုးသားဒီမိုကရေစီအဖွဲ့ ချုပ် စီအီးစီတွေနဲ့ ပတ်သက်လို့ ဒေါ်အောင်ဆန်းစုကြည် က အန်ကယ်လ်တို့  ပါတီကိုထိမ်းသိမ်းထားရုံ လေးနဲ့ တာဝန်ကြေ မလုပ်ပါနဲ့ ။ ရှေ့ ကိုတလှမ်းထွက်ပြီး ရဲရဲရင့်ရင့် ဦးဆောင်မှုပေးပါ။ ကျမ နောက်ကနေတာဝန်ယူလုပ်ပါမယ်။ တကယ်လို့  ရှေ့ ထွက်မလုပ်ခြင်ရင်လည်း လူငယ်တွေရှေ့ ကနေ ဦး ဆောင်ပါစေ ၊ အန်ကယ်တို့  နောက်ကနေ ပန့် ပိုးပေးပါလို့ တိုက်တွန်းလိုက်တယ်လို့ သိရပါတယ်။
ပြည်ချစ်မေ

4 comments :

democracy said...

mingalapa moe dee

pleas your translation in engl. is also needed,for our political work .
yuu thinai,ka?

happy

Burma Image said...

Daw Su has such a good wisdom and courage. She sees the weakness of her own people and honestly tells and recommends it. A good read. Please keep coming.

YeKyawAungMDY said...

အဲဒီလို ဖြစ်သင့်နေတာကြာပါပြီ၊ သိပ်ပြီးဖင့်လေးတဲ့ ပုံစံမျိုးနဲ့ ဦးဆောင်နေတာက ရာစုနှစ် နှစ်ခုနီးပါးရှိနေပါပြီ၊ ပြတ်သားရဲရင့်တဲ့ လူလတ်ပိုင်းအရွယ် ခေါင်းဆောင်ပိုင်းတွေကို နေရာပေးသင့်နေတာ ကြာပါပြီ။ ကျနော်ပြောချင်တာက သူတို့ကို လုံးဝပစ်ပယ်ရမယ်မဟုတ်ပါ။ နောက်ကနေ အဲဒီလူငယ်တွေကို အကြံဥာဏ်ပုံစံမျိုးပေးပြီးပံ့ပိုး သင့်ပါတယ်။

Unknown said...

What she said is absolutely true on the leaders of the party.She have great leadership skills and she really know how to do on that situation by promotion talented young leaders who can lead the party.She have good management skills.To compete and fight with them , we need to collect and cultivate eligible and talented young leaders as she said.