ဆင်ဟွာ
ဖေဖေါ်ဝါရီ-၁၇
နအဖက နိင်ငံတော်ဘဏ်တွေမှာ စင်္ကပူဒေါ်လာနဲ ဘဏ်စာရင်းဖွင့်တာကိုခွင်ပြုတော့မယ်လို့ ဆိုပါတယ်။မြန်မာ နိင်ငံခြားကုန်သွယ်မှုဘဏ် - MFTB- နဲ့ မြန်မာ့ ရင်းနှီးမြုပ်နှံမှုဘဏ်- MICB - တွေမှာ စတင် လုပ်ဆောင် ပေးမယ်လို့ သိရတယ်။ အကဲခတ်တွေ ရဲ့ အဆိုရတော့ ဒီလိုခွင့် ပြုတာဟာ စင်္ကာပူနဲ့ မြန်မာ ကုန်သွယ်ရေးနဲ့ ဘဏ်ငွေစီးဆင်းမှုတွေကို စနစ်တကျ ဖြစ်လာအောင်ဆောင်ရွက်တာလို့ ဆိုတယ်။ အမေရိကန်ငွေ နဲ့ ဥရောပ ငွေတွေ ကိုဘဏ်တွေမှာ ထားခွင့်ပြုလာပြီးနောက်ပိုင်းမှာ စင်္ကာပူဒေါ်လာကိုလည်း အာဏာပိုင် တွေက ခွင့်ပြု လာခြင်းဖြစ်တယ်။
အမေရိကန်ဒေါ်လာ လွဲပြောင်းမှုကတော့ ၂၀၀၃ ခုနစ် အမေရိကန်စီးပွားရေးပိတ်ဆို့ မှု တွေလုပ်လာ ပြီးနောက်ပိုင်းမှာ အခက်ခဲတွေ ဖြစ်လာတာ ဖြစ်တယ်။ နအဖက စီးပွားရေးပြုပြင်ပြောင်းလဲမှုတွေ ကို လုပ်လာတဲ့ ၁၉၈၉ခုနစ် နောက်ပိုင်းကထည်း က မြန်မာစီးပွားရေးလုပ်ငန်းရှင်တွေအနေနဲ့  နိင်ငံခြားငွေ နဲ့  မြန်မာအစိုးရဘဏ်တွေ မှာ အပ်ခွင့်ပြုခဲပါတယ်။ မြန်မာနိင်ငံခြားကုန်သွယ်မှု ဘဏ်က တခြားဘဏ်တွေနဲ့ အတူ ငွေလွဲပြောင်းမှုတွေ ကိုလုပ်ပေးနေတဲ့အချိန်မှာ မြန်မာ့ ရင်းနှီးမြုပ်နှံမှု ဘဏ်က နိင်ငံခြားကရင်းနှီးမြုပ်နှံမှုတွေကို လုပ်ဆောင်နေပါတယ်။ အဓိပ္ပါယ်ကတော့ မြန်မာဟာ လူထုတွေ အတွက် ဘဏ်တခု ကိုဖွင့်နေပြီ ဆိုတဲ့ သ ဘောပါ။ လူတွေကို နိင်ငံခြား ရင်းနှီးမြုပ်နှံမှုတွေ ကို ဆောင်ရွက်နိင်အောင်လို့ ရည်ရွယ်ပြီး လုပ်ဆောင်ပေးနေ တာ ဖြစ်ပါတယ်။ ရေလုပ်ငန်းနဲ့  မွေးမြူရေး နဲ့ ရေလုပ်ငန်း ဘဏ်၊ လယ်ယာ စိုက်ပျိုးရေးဘဏ်၊ စက်မှုလက်မှု ဘဏ်တွေ ကိုလည်း တည်ထောင်ပေးထားပါတယ်။ အစိုးရက ပုဂ္ဂလိက ကုမ္ပဏီတွေ မှတ်ပုံတင်ထားတာက တစ် သောင်း ကျော်ရှိနေပါတယ်။ နိင်ငံခြားကုန်သွယ်မှုကို အားဖြည့် နိင်အောင်လို့ ပါ။ တရားဝင် စာရင်းဇယား တွေအရ မြန်မာနိင်ငံခြားကုန်သွယ်မှု က ၈ ဘီလံယံဒေါ်လာ ၂၀၀၆-၀၇ မှာဖြစ်ခဲ့ပါတယ်။ နိင်ငံခြားကုန်သွယ်မှု ထုပမာဏ က ၇ ဒသမ ၉၂ ဘီလီယံဒေါ်လာ ရှိခဲ့တယ်( မြန်မာ ကုန်သွယ်ရေးဝန်ကြီးဌာန စာရင်း ) ။ ဒါက ၁၈ နစ်အတွင်း မှာ စံချိန်တင်ခဲ့တာဖြစ်တယ်။
စာရင်းဇယား တွေအရ ၂၀၀၇-၂၀၀၈ ခုနစ် ပထမ ငါးလမှာ မြန်မာနိင်ငံခြားကုန်သွယ်မှုဟာ ၄ဒမသာ ၁၁ ဘီ လီယံဒေါ်လာရှိခဲတယ်။ ဒီထဲမှာ ပြည်ပပို့ ကုန်က က ၂ဒသမ ၈၈၆ ဘီလီယံဒေါ်လာ နဲ့  သွင်းကုန်က ၁ဒသမ ၂၂၄ ဘီလီယံ ဒေါ်လာရှိခဲ့ပါတယ်။
ဆင်ဟွာသတင်းအပေါ် သုံးသပ်ချက် - မိုးသီးဇွန်
အမေရိကန်ဒေါ်လာဈေးကျလာတဲ့အတွက် နအဖ စိုးရိမ်မှုရှိလာပုံရတယ်။ စင်္ကာပူဒေါ်လာကို စုဆောင်းထား ခြင်းအားဖြင့် အကျိုးရှိနိင်တယ်လို့ ယူဆလာပုံရတယ်။ နိင်ငံရေးမှာ စင်္ကပူက နအဖအတွက် အမာခံ ဆက်လက် ဖြစ်နေဦးမယ် လို့ ယူဆလို့ ရနိင်တယ်။
• နိင်ငံခြားငွေတွေကို လွတ်လပ်စွာ အပ်နိင်တာ ၊ ထုတ်ယူသုံးစွဲနိင်တာ နအဖ နဲ့ သူတို့ ဆွေမျိုး သားချင်းတွေ သာဖြစ်နေပါတယ်။ ပဲပြုသည်ကနေ စီးပွားရေးလုပ်ငန်းရှင်တိုင်းက ဘဏ်တွေမှာငွေအပ်နိင်ရမယ်။ ချေးငှား နိင်တဲ့အခွင့်အရေးတွေမရှိပါဘူး။
• ထိုင်းနိင်ငံမှာ နိင်ငံခြားက လာရောက်လုပ်ကိုင်တဲ့ ပုဂ္ဂလိကလုပ်ငန်းတွေအတွက် ဥပဒေနဲ့ အကာကွယ် တွေပေးထားပါတယ်။ မြန်မာပြည်မှာ အင်ဒိုနီးရှား ဆောက်လုပ်ရေးကုမ္ပဏီတခု ကို မောင်ဝိတ်က ခိုးယူခဲ့တာကို ဥပဒေ နဲ့ ကာကွယ်မပေးထားပါဘူး။
• ရင်းနှီးမြုပ်နှံမှုလုပ်သူတွေအတွက် - အခြေခံလိုအပ်ချက်တွေဖြစ်တဲ့ အင်တာနက်၊ လျပ်စစ်၊ ဆက်သွယ်ရေး ၊ တယ်လီဖုန်းတွေ အဆမတန်ဈေးကြီးနေတယ်။ Connection တွေက လုံးဝမကောင်းဘူး။
• ဒီသတင်းမှာဖေါ်ပြထားတဲ့ ရေလုပ်ငန်းနဲ့ မွေးမြူရေး၊ စိုက်ပျိုးရေး၊စက်မှုဘဏ်ဆိုတာတွေ ဟာ လုပ်ငန်းရှင် တွေကို အလုံအလောက်ငွေထုတ်ချေးနေတယ်ဆိုတာ တခါမှ မကြားဘူးဘူး။ ထိုင်းနိင်ငံမှာ ၀န်ကြီးချုပ် တပ်ဆင် အစိုးရလက်ထက်မှာ စီးပွားရေးလုပ်ငန်းလုပ်ခြင်တဲ့ လူတွေကိုငွေတွေထုတ်ချေးပေးခဲ့တယ်။ ပြည်တွင်း လုပ်ငန်းမှမကဘူး ထိုင်းတွေဟာ နိင်ငံခြားမှာ မင်းဆိုင်တွေ ဖွင့်ချင်ရင် တောင် ငွေထုတ်ချေးပေးခဲ့တယ်။ ထိုင်း ထမင်းဆိုင်တွေ ကမ္ဘာမှာအောင်မြင်လာတာ အစိုးရဆီက ထောက်ပံ့ငွေရခဲ့တာလည်းပါတယ်။
• ဆင်ဟွာ သတင်းဌာန ကတရုပ်အစိုးရ ထိမ်းချုပ်ထားတဲ့သတင်းအေဂျင်စီဆိုတော့ တရုပ် အစိုးရ အာဘော် တွေကို တင်ပြနေတာ ရှင်းပါတယ်။
1 comment :
some interesting points!! But letting public Singaporean dollar account has more significant meaning than US dollar 's rates going down.
Post a Comment