ရန်ကုန် -။
ဖေဖေါ်ဝါရီ -၀၅
ဒေါ်ကြိုင်ကြိုင် ပန်း လှိုင် ဆေးရုံမှာ တက်နေတယ်လို့ သတင်းရတယ်။ Minor Stroke သဘောမျိုး ရထားပါ တယ်။ ရန်ကုန်တိုင်းမှုးလှဌေးဝင်းညတိုင်းသွားကြည့်နေပါတယ်။ သံဃာတွေသတ်ဖြတ်မှုကြောင့်စိတ်ဂ ယောင်ခြောက်ခြားဖြစ်နေတယ်လို့ ဆရာဝန်ကြီးတွေကပြောပါတယ်။ စိတ်ကြောင့်ဖြစ်တဲ့ ရောဂါလက္ခဏာ မျိုး ဖြစ်နေတယ်။ ခုထိတော့ ရန်ကုန်က စိတ်ရောဂါ ဆရာဝန်ကြီးတွေနဲ့ မပြသေးဘူး။ စိတ်ရောဂါဆရာဝန်ကြီး တွေနဲ့ ပြဖို့ လည်း အကြံမပေးရဲ ကြဘူး လို့ သိရပါတယ်။
ပန်းလှိုင်ဆေးရုံက တော့ လှိုင်မြစ်တဖက် ကမ်းမှာရှိပါတယ်။ အဖ်အမ်အိုင် အုပ်စု က ရင်းနှီးမတည်ထားတဲ့ ဆေး ရုံ သစ် ဖြစ်တယ်။ အလွန်ဈေးကြီးတဲ့ဆေးရုံဖြစ်ပြီး သာမာန်ပြည်သူတွေ တက်ရောက်ကုသနိင်စွမ်းမရှိပါဘူး။
ဆေးရုံအုပ်ကြီးက နိင်ငံခြားသားတဦးဖြစ်တယ်။ ထိုင်းဆရာဝန်တွေ ကိုလည်း ငှားရမ်းထားတယ်လို့ သိရပါတယ်။
သတင်းပေးပို့ သူ- Forest
No comments :
Post a Comment