Tuesday, 12 February 2008

ဒါတွေကို လုပ်ဆောင်ကြ

၁- ၀ါရင့်နိင်ငံရေးသမားကြီးတွေက ဆန္ဒခံယူပွဲကို အဆင့်အတန်းမီတဲ့ ဆန္ဒခံယူပွဲဖြစ်အောင် လုပ်ခိုင်းသင့်တယ်
၂- အခြေခံဥပဒေမှာပါတဲ့ ဒီမိုကရေစီ မကျတဲ့အချက်၊ အားနည်းချက်တွေကို ဥပဒေပညာရှင်တွေ၊ နိုင်ငံရေး သမားကြီးတွေက ထောက်ပြသင့်တယ်။
၃- အောက်ခြေရဲဘော်တွေက ဆန္ဒခံယူပွဲ ဒို လက်မခံ၊ နိုးကမ်ပိန်း (No Campaign) ကို လုပ် သင့်ပါတယ်။
၎- ပြည်ပမှာရှိတဲ့ ဒီမိုကရေစီအင်အားစုတွေ၊ ရဲဘော်တွေက ကုသလမဂ္ဂက ကြီးကြပ်စောင့်ကြည့်မှု ရရှိလာအောင် လုပ်ခိုင်းသင့်ပါတယ်။
၅- လူအခွင့်အရေး စောင့်ကြည့်တဲ့သူတွေက ဆန္ဒခံယူပွဲကို မိမိဘာသာစောင့်ကြည့်လေ့လာတဲ့
referndum watch ကိုလုပ်သင့်တယ်။
၆-သူတို့က မဲရုံရှေ့ကနေ လာသူတွေကို ရေတွက် နေသင့်တယ်။
၇-မဲရုံ တွေကို မိမိတို့ ကူညီပေးခွင့်တောင်းဆိုသင့်တယ်။
၈-မဲပေးတဲ့သူတွေကို ဘာပေးခဲ့သလည်းလို့၊ ထောက်ခံတယ်-မထောက်ခံဘူး ဆိုတာကို စစ်တမ်းကောက်ယူသင့်ပါတယ်။
၉- အန်အဲလ်ဒီ က ဒီပြည်သူ့ဆန္ဒခံယူပွဲကိစ္စကို သမာသမတ် ဖြစ်အောင် တောင်းဆိုသင့်တယ်။
လူထုက အကယ်၍ ဒီဆန္ဒခံယူပွဲမှာ ဖွဲ့စည်းပုံကို မထောက်ခံကြောင်း ပြတ်ပြတ်သားသား တွေ့ရှိလာခဲ့ရင် တွေ့ဆုံဆွေးနွေးမှု ပီပြင် လာအောင် လုပ်ရမယ်ဆိုတဲ့ တောင်းဆိုချက်မျိုး စစ်အစိုးရအပေါ် ထားရှိသင့်တယ်။

၁၀- ဆန္ဒ ခံယူပွဲပုံစံကို လျှို့ဝှက်မဲပေးတဲ့စနစ် မဟုတ်ဘဲ ဖြစ်လာရင်၊ ကြံဖွတ် စွမ်းအားရှင်အုပ်စုတွေနဲ့ လူစုလူဝေး ထောက်ခံခိုင်းတဲ့ ပုံစံမျိုး လုပ်လာရင် အပြတ် ဆန့်ကျင်ရမယ်။

ရွေ ၀ါ ရောင်တော်လှန်ရေး
ဖေဖေါ်ဝါရီ ၁၂၊ ၂၀၀၈ ။

1 comment :

Unknown said...

I accept we need a new constitution but when we draw that constitution every citizen (political parties/the military/the ethnic minorites and ordinary citizens)must be allowed to participate.Hold a referendum for that new constitution.After approving that new constitution,1990 genernal elections winning party The NLD must be allowed to run the country by that Constitution.