ဖေဖေါ်ဝါရီ ၁၅ ရက်နေ့ ကလာတဲ့ အေပီသတင်းတပုဒ် အရ ရုရှားကုမ္ပဏီတခု က စစ်အစိုးရနဲ့  မြန်မာပြည် မှာ ရွှေတူးဖို့ စာချုပ်ချုပ် ဆိုလိုက်ပြီ လို့ သိရတယ်။ မြန်မာပြည် အနောက်မြောက်ဒေသမှာ တူးမှာဖြစ်တယ်။ ကျနော် အတော့ကို စိုးရိမ်သွားပါတယ်။ တိုင်းပြည်ဖွံ့ ဖြိုးရေး လုပ်နိင်တဲ့ ရွှေတွေဟာ လူထုတွေ မစားရပဲ ခဏ အတွင်း ကုန်သွားမယ်။ တတိုင်းပြည်လုံး ကတော့ သဘာဝ ပတ်ဝန်းကျင်တွေ ပျက်ဆီးတဲ့ဒဏ်ကိုဘဲ ခံစားရမှာ ဖြစ်ပါတယ်။
Russia's Victorious Glory International Pte.Ltd ကုမ္မဏီ က ၀င်ရောက်တူးဖေါ်မှာဖြစ်တယ်။ ဥရုမြစ် ကြောင်း တလျောက်မှာရွှေရှာခွင့်ကို ဒီ ကုမ္ပဏီက ရရှိမှာဖြစ်ပါတယ်။ စစ်အစိုးရနဲ့ ကုမ္ပဏီ သဘောတူညီချက် အသေးစိတ်ကို မထုတ်ပြန်သေးပါဘူး။ ရုရှား နဲ့တရုပ် ကတော့မြန်မာပြည်ကို အမဲဖျက် သလို ဖျက်နေကြတယ်။ မြန်မာတွေ ဘေးဒုက္ဒပေါင်းစုံကိုရင်ဆိုင်နေကြရတဲ့အချိန်မှာ ကူညီရမဲ့အစား သဘာဝ သံယံဇာတ တွေကို ဈေးပေါပေါ နဲ့ ရယူနေကြတယ်။ ရုရှားက သံယံဇာတ တွေယူတယ်။ တရုပ်က ဓါတ်ငွေ့ ဈေးပေါပေါ နဲ့ ယူနေ တယ်။ အပေးအယူကတော့ ကုလသမဂ္ဂ လုံခြုံရေးကောင်စီ မှာ ရုရှားနဲ့ တရုပ်က နအဖကို ကာကွယ်ပေးထား တယ်။ မြန်မာ့အရေးဟာ ပြည်တွင်းရေးလို့ ဆင်ခြေပေးကြတယ်။ ရုရှားတွေဟာ မြန်မာစစ် အစိုးရကို စစ် လက် နက်ပစ္စည်း တွေကို ထောက်ပံပေးနေကြတယ်။ ရုရှား အနုမြူအေဂျင်စီ နဲ့ မြန်မာစစ်အစိုးရက ပြီးခဲ့ တဲ့မေလက တည်းက စာချုပ်ချုပ်ထားတယ်။ ဒီမိုကရေစီနိင်ငံတွေက နအဖ ရဲ့  လူအခွင့်အရေး ချိုးဖေါက်မှုတွေကို ရူံ့ ချနေ တဲ့ အချိန်မှာ မြန်မာစစ်အစိုးရ ကို နယူကလီးယား သုတေသန ဌာနတခုဖွင့်လှစ်ပေးဖို့ ဖြစ်တယ်။
သုံးသပ်ချက်
• အစိုးရတွေအနေနဲ့ သေးစိတ်ကို ပြည်သူလူထုကို ထုတ်ပြန်ရမှာဖြစ်ပါတယ်။
• ဥရုမြစ်ကြောင်းတလျောက် ၊ စစ်ကိုင်းတိုင်း နဲ့ ချင်းပြည်နယ်ဟာ သဘာဝ သံယံဇာတတွေအလွန်ပေါများတဲ့ ဒေသကြီးဖြစ်တယ်။ ဒီကုမ္ပဏီကို စည်းကမ်းမရှိ လွတ်ပေးလိုက်ရင်တော့ သဘာဝပတ်ဝန်းကျင်တွေ လုံးဝပျက် စီးသွားနိင်တယ်။
• စစ်အစိုးရ တက်လာပြီးတဲ့နောက်မှာ တေဇ ပိုင် ထူးထရိတ်ဒင်း ကုမ္ပဏီ ကို သစ်ခုတ်ခွင့်ပေးလိုက်တဲ့အတွက် သစ်ပင်တွေ ကို အမြစ်ကနေ တူးပြီး ထိုင်း၊ တရုပ်ကို ရောင်းစားခဲ့တဲ့အတွက် သစ်တောတွေ ကုန်သလောက် ဖြစ်သွားပါပြီ။ သဘ၀ပတ်ဝန်းကျင်တွေ ဖေါက်ပြန်ပြီး ရေကြီးတာ မိုးခေါင်တဲ့ဒဏ်ကို တပြည်လုံးက ခံစား နေရပါပြီ။
• ကေအိုင်အို ( ကချင်အမျိုးသား အစည်းအရုံး ) နဲ့  နအဖ အပြစ်အခတ်ရပ်စဲရေးလုပ်ပြီးတဲ့အခါမှာ သစ်တွေကို နစ်ဖက်စလုံးက တက်ညီလက်ညီ ခုတ်ရောင်းစားခဲ့ကြတယ်။ ကျောက်စိမ်းတွေကို စည်းမရှိကမ်းမရှိ တူးဖေါ် ခဲ့ကြတယ်။ ကချင်ပြည်နယ်မှာ သစ်တောတွေကုန်သလောက်ဖြစ်နေပြီ။ Google Earth ကနေကြည့်ပါ။ ကချင် ခေါင်းဆောင်တွေနဲ့  နအဖက အနာဂတ် မျိုးဆက် လူသားတွေ အတွက် စားသောက်ရမဲ့  သဘာဝအရင်းအ မြစ်တွေကို ကိုယ်ကျိုး အတွက် စားသုံးခဲ့ကြပြီ ဖြစ်တယ်။
ဆိုးဝါးတဲ့ ရာသီဥတု ဖေါက်ပြန်မှုကို ဒီနေ့ လူတွေပါ ခံစားကုန်ရပြီ။ မိုးရွာတဲ့အခါမှာ ရေတွေကို တောင် ကြီးတွေ မှာ ထိမ်းသိမ်းထားနိင်ဖို့ သစ်ပင်တွေမရှိတော့ဘူး။ ကျောက်တွင်းတွေကို တူးဖေါ်ကြတဲ့ အတွက် မြစ်ရေထဲ မှာ နွံတွေ ပို့ ချလာတယ်။ ရလာဒ်က ဧရာဝတီမြစ်ကြီး ဟာ ကောလာတော့တယ်။ ဧရာဝတီမြစ်ကြီး ကော လာတာ ကို Google Earth မှာ ကြည့်ရင် တွေ့ နိင်တယ်။
( မိုးသီးဇွန် )
No comments :
Post a Comment