အမေရိကန်ရဲ့ နောက်ထပ်ပိတ်ဆို့မှုအသစ်
ဝါရှင်တန်၊ ၂၆ ဖေဖော်ဝါရီ (DPA)
အမေရိကန်က မြန်မာနိုင်ငံအတွင်းမှာ ဒီမိုကရေစီလှုပ်ရှားသူတွေကို ဖမ်းဆီးထောင်ချပြီး ညှင်းပန်းနှိပ်စက်မှုတွေ ဆက်လက်ပြုလုပ်နေတဲ့ မြန်မာစစ်အစိုးရကို အထောက်ပံ့တွေပေးနေတဲ့ စစ်အစိုးရနဲ့ ပက်သက်သူတွေရဲ့ စီးပွားရေး လုပ်ငန်းတွေကို ပိတ်ဆို့ကြောင်း ယနေ့ ထပ်မံကြေငြာလိုက်ပါတယ်။ မနေ့ကထုတ်ပြန်ခဲ့တဲ့ အမေရိကန်ဘဏ္ဍာရေးဝန် ကြီးဋ္ဌာနရဲ့ ဒဏ်ခတ်အရေးယူမှု စာရင်းထဲမှာ လော်စစ်ဟန်၊ သူ့ရဲ့သားဖြစ်သူ စတီဗင်လော၊ စတီဗင်လောရဲ့ ဇနီးဖြစ်သူ စီစီလီယာလော နဲ့ သူတို့တွေ ပါဝင်လုပ်ဆောင်နေတဲ့ ကုမ္ပဏီတွေပါဝင်ပါတယ်။ အမေရိကန် ဘဏ္ဍာရေးဝန်ကြီးဋ္ဌာနရဲ့ ကြေငြာချက်ထဲမှာလည်း ၎င်းတို့ အား “ဗမာစစ်အစိုးရကို အဓိက ငွေကြေးထောက်ပံ့သူများ” လို့ ဖော်ပြထားပါတယ်။
ထို့အပြင် အမေရိကန်အစိုးရအနေနဲ့ စစ်လက်နက်အရောင်းအ၀ယ်လုပ်နေတဲ့ မြန်မာ့စီးပွားရေး ၀ိသမလောဘသား တေဇ နဲ့ သူ့နဲ့ ဆက်နွှယ်မှုရှိနေတဲ့ လုပ်ငန်းတွေကိုလည်း ပိတ်ဆို့ အရေးယူမှုတွေ လုပ်ခဲ့ပါတယ်။
အမေရိကန်သမ္မတ ဂျော့ဒဗလျူ ဘွတ်ရှ် က “မြန်မာနိုင်ငံရဲ့ အခြေအနေဟာ စိတ်မကောင်းစရာပါဘဲ” လို့ပြောသွားခဲ့ ပါတယ်။ ပြီးတော့ ပြီးခဲ့တဲ့ စက်တင်ဘာလက သံဃာတော်တွေ နဲ့ ဒီမိုကရေစီလှုပ်ရှားသူတွေကို စစ်အစိုးရက ရက်ရက်စက်စက် နှိမ်နှင်းတဲ့အပေါ်ကို ရှုံ့ချပြီး ဗမာပြည်အတွက် ဒီမိုကရေစီပေးရန် စစ်အစိုးရကို တောင်းဆိုလိုက်ပါ တယ်။
“ဗမာပြည်မှာ စစ်မှန်တဲ့ဒီမိုကရေစီစနစ်တစ်ခု ပေါ်ထွန်းဖို့အတွက် ကျနော်တို့ရဲ့ မူဝါဒတွေထဲက တစ်ခုကတော့၊ စစ်အစိုးရ နဲ့ ပက်သက်နေသူတွေရဲ့ စီးပွားရေးနဲ့ ၎င်းတို့ရဲ့ ပိုင်ဆိုင်မှုတွေကို ပစ်မှတ်ထားပြီး အရေးယူဖို့ ပါဘဲ။ စစ်အာဏာရှင် အုပ်ချုပ်မှုအောက်မှာ စစ်အစိုးရနဲ့ သူတို့ရဲ့ အပေါင်းအပါတွေကတော့ ချမ်းသာပြီး ဗမာပြည်သူလူထုမှာတော့ ဒုက္ခတွေ ခံစားနေကြရတယ်” လို့ သမ္မတ ဘွတ်ရှ်က ထုတ်ပြန်ချက်တစ်စောင်မှာ ဖော်ပြထားပါတယ်။
အမေရိကန်ဘဏ္ဍာရေးဝန်ကြီးဋ္ဌာနက ပြောဆိုရာမှာ အေးရှားဝေါလ် ကုမ္ပဏီဟာ လော်စစ်ဟန်ရဲ့ သား စတီဗင်လော ပိုင်ဆိုင်တဲ့ ကုမ္ပဏီဖြစ်ပြီး၊ အဲဒီကုမ္ပဏီ နဲ့ ၎င်းရဲ့လက်အောက်ခံကုမ္ပဏီတွေက စစ်အစိုးရနဲ့ ဆိပ်ကမ်းဆောက်လုပ်ရေး၊ ဟိုင်းဝေးလမ်းဖောက်လုပ်ရေး နဲ့ စစ်အစိုးရနဲ့ပက်သက်တဲ့ အဆောက်အဦးတွေ ဆောက်လုပ်ရေး အတွက် စာချုပ်တွေ ချုပ်ဆိုထားပါတယ်။ အမေရိကန် ဘဏ္ဍာရေးဝန်ကြီးဋ္ဌာနက ဖော်ပြရာမှာ လော်စစ်ဟန်ဟာ ၁၉၆၀ ခုနှစ်ကတည်းက ဘိန်းဖြူအရောင်း အ၀ယ်လုပ်ခဲ့တာပါ။
တေဇ ရဲ့ အောက်ရီယမ် ပဲလေ့စ် (
အဲဒီလို စစ်အစိုးရနဲ့ ပက်သက်နေသူတွေရဲ့ စီးပွားရေးလုပ်ငန်းတွေကို ဒဏ်ခတ်အရေးယူမှုတွေ ပြုလုပ်တာကတော့ အမေရိကန်တရားစီရင်ရေး အဖွဲ့ အစည်းတွေဖြစ်ပြီး၊ အမေရိကန်နိုင်ငံသားတွေကိုလည်း ဒဏ်ခတ်တဲ့စာရင်းထဲမှာ ပါဝင်သူတွေနဲ့ စီးပွားရေးအရ အဆက်အသွယ် မလုပ်ဖို့ တားမြစ်ထားပါတယ်။
အိမ်ဖြူတော်က ၂၀၀၃ ခုနှစ်ကတည်းက နေအိမ်မှာ ဖမ်းဆီးခံထားရဆဲဖြစ်တဲ့ ငြိမ်းချမ်းရေးနိုဘယ်ဆုရှင်၊ အမျိုးသားဒီမိုကရေစီ ခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည် နှင့် အခြားဒီမိုကရေစီလှုပ်ရှားသူတွေကိုပြန်လွှတ်ပေးဖို့ နဲ့ တိုင်းရင်းသားလူမျိုးစုတွေအပေါ် လူ့အခွင့် အရေးချိုးဖောက်မှုများ နဲ့ တိုက်ခိုက်မှုများကို အဆုံးသတ်ဖို့ ဗမာစစ်အစိုးရကို တောင်းဆိုလိုက်ပါတယ်။
ပြီးခဲ့တဲ့ တနင်္လာနေ့က ပိတ်ဆို့အရေးယူမှုစာရင်းထဲမှာ နောက်ထပ် ၃၃ ယောက်ကိုထပ်မံ ထည့်သွင်းပြီး မနှစ်က ကတည်းက ပိတ်ဆို့ အရေးယူထားတဲ့ကုမ္ပဏီတွေအပါအ၀င် အခုဆိုရင် ကုမ္ပဏီပေါင်း ၁၁ ခု ရှိပြီဖြစ်ကြောင်း လည်း ကြေငြာခဲ့ပါတယ်။ ထို့အပြင် အိမ်ဖြူတော်ရဲ့ ကြေငြာချက်ထဲမှာ ဗမာအရာရှိ ၉၀၀ နီပါးနဲ့ ၎င်းတို့ရဲ့ မိသားစုဝင်တွေကိုပါ ပြည်ဝင်ခွင့်ဗီဇာ ပိတ်ပင်ထားပြီးဖြစ်ပါတယ်။်
No comments :
Post a Comment