AEC is poised to prosecute Thaksin for the EX-IM BankBurma deal:
MS
ထိုင်းနိုင်ငံမှာ ပိုင်ဆိုင်မူ တွေကို လေ့လာ စုံစမ်းစစ်ဆေး အရေးယူနေသောအဖွဲ့က ထိုင်းနိုင်ငံဝန် ကြီးချုပ်ဟောင်း တပ်ဆင် ရှင်နာဝပ်ထရာဟာ သူ၏ အာဏာကို အသုံးချ ပြုလုပ်ခဲ့ ပြီး ဘတ်ငွေ (၄) ဘီယံကို ထိုင်း သွင်းကုန် ထုတ်ကုန် ဘဏ် ( EX-IM Bank) မှ မြန်မာနိုင်ငံစစ်ခေါင်းဆောင်တွေကို ငွေချေးခွင့် ပြုလုပ်ခဲ့ကြောင်း တွေ့ရှိရ ၍ တနင်္လာနေ့မှာဒီကိစ္စနဲ့ ပက်သက်ပြီး တရားစွဲဆိုမူ ပြုလုပ်ရန် စီစဉ်လျှက်ရှိပါတယ်။
ထိုင်း ပိုင်ဆိုင်မူ့ လေ့လာစုံစမ်းစစ်ဆေးအရေးယူရေးအဖွဲ့ အလှည့်ကျ ဥက္ကဌဆတ်ခွန်စပ်ဂရောင် က ဒီငွေချေးမူ မှာ ထိုင်းနိုင်ငံ ၀န်ကြီးချုပ်ဟောင်း တပ်ဆင် က ဘတ်ငွေ (၃) ဘီလီယံ ထက် တိုးပြီး ပိုမိုချေးဌားမူ ပြုလုပ်ခဲ့ပြီး၊ ဒီလိုပြုလုပ်တာဟာ သူနှင့် သူ့မိသားစု ပိုင်ဆိုင်သော ရှင်ဂြိုလ်တု ကုပ္မဏီ က စီးပွာရေးလုပ်ငန်း အကျိုးနဲ့ ပတ်သက်နေတာကြောင့် ထိုင်းနိုင်ငံ ၀န်ကြီးချုပ်ဟောင်း တပ်ဆင်ဟာ ဒီအမူမှာ အဓိကတရားခံ ဖြစ်တယ် လို့ဆိုပါတယ်။
ဒီလို ပြုလုပ်ခဲ့မူ့ကြောင့် အတိုး ဘတ်ငွေ (၉၉) သန်းကျော်နှစ်နာဆုံးရှုံး ခဲ့ရတယ်လို့ဆိုပါတယ်။
လက်ရှိ ထိုင်းဝန်ကြီးချုပ် ဆမတ်ဆွန်ဒရာဝပ်ခ်ျ ဟာ မြန်မာနိင်ငံ စစ်အစိုးရအတွက် ခုခံ ကာကွယ်ပေးနေမှု တွေ ပြုလုပ်နိုင်ခဲ့ပေမဲ့ အခုအခါမှာတော့ သူ့ရဲ့ပါတီခေါင်းဆောင်ဟောင်း ဖြစ်ခဲ့ဘူးတဲ့ ၀န်ကြီးချုပ်ဟောင်း တပ်ဆင် ရဲ့  ကိုယ်ကျိုး စီးပွား အတွက် အာဏာ အလွဲသုံးစားပြုလုပ်မူ တွေ ကို တော့ ဒီမိုကရေစီနဲ့ သတင်း လွတ်လပ်မူ ရှိတဲ့ ထိုင်းနိုင်ငံမှာတော့ ခုခံ ကာကွယ်ပေးနိုင်မှာ မဟုတ်ပါဘူး။
ထိုင်းနိုင်ငံ၊ မလေးရှားနိုင်ငံ၊ စင်္ကာပူနိုင်ငံ စတဲ့ အိမ်နီးချင်း နိုင်ငံတွေမှာတော့ အစိုးရ ခေါင်းဆောင်တွေဟာ သူ တို့ရဲ့ ပိုင်ဆိုင်မူ့ တွေကို အစိုးရတာဝန်မထမ်းဆောင်ခင်မှာ တရားဝင်ကျေညာမှုတွေ ပြုလုပ်ရပါတယ်။ နောက် ပိုင်းမှာ သူတို့ရဲ့ ပိုင်ဆိုင်မူ့ တွေကို လေ့လာ စုံစမ်းစစ်ဆေးပြီး၊ ကိုယ်ကျိုး စီးပွား အတွက် အာဏာ အလွဲသုံး စား ပြုလုပ်ခဲ့မူ ရှိမရှိ တွေကို တရားမျှတမူရှိအောင် ဥပဒေကြောင်းအရ ခုခံခွင့်၊ ဖော်ထုတ်ခွင့်၊ အရေးယူ နိုင်ခွင့် တွေရှိကြ၊ ပြုလုပ်နေကြတာကို နေ့စဉ်နှင့်အမျှ သတင်းတွေထဲမှာ တွေ့နေရပါတယ်။
မြန်မာနိုင်ငံမှာ စစ်အုပ်စုခေါင်းဆောင်တွေနှင့် သူတို့ရဲ့မိသားစုဝင်တွေရဲ့ ပိုင်ဆိုင်မူ့ တွေ၊ ကိုယ်ကျိုး စီးပွား အ တွက်အာဏာ အလွဲသုံးစားပြုလုပ်ခဲ့မူတွေ ကို တရား မျှတမှု ရှိအောင် ဥပဒေကြောင်းအရ လေ့လာ စုံစမ်း စစ် ဆေးမူ ပြုလုပ်ရင်တော့ အာဏာရှင်ကြီး မောင်သန်းရွှေ နှင့် မိသားစုဟာ အဓိကတရာခံတွေဖြစ်နေကြပြီ။ တိုင်း ပြည်ကိုရောင်းစား အာဏာယူပြီး ချစ်သမီးတော်အတွက် အစိုးရ အခန်းအနား နဲ့ မင်္ဂလာဆောင်ကျင်းပပေးခဲ့တဲ့ အာဏာရှင်ကြီး မောင်သန်းရွှေ နှင့် မိသားစုဝင်တွေရဲ့ ပိုင်ဆိုင်မူတွေ ကိုမကြာခင်မှာ ဖော်ထုတ်နိုင်ကြပါစေ လို့။
The Assets Examination Committee has scheduled Monday to rule on the prosecution of former prime minister Thaksin Shinawatra for abuse of power relating to his involvement in the extending of Bt 4 billion by the EX-IM Bank to Burma.
AEC panel chairman Sak Korsaengruang said he would recommend for the trial of Thaksin as the sole defendant for increasing the loan from Bt3 billion in order to finance a telecom deal with Shin Satellite, seen as linked to his family.
The deal caused Bt99 million in damages computed from the interest subsidy paid by the Finance Ministry to make the soft loan available.
The Nation
No comments :
Post a Comment