Wednesday, 12 March 2008

လှုပ်ရှားမှုတွေပြန်ဖြစ်လာ ပြီ


မတ်လ ၁၁ ရက်နေ့ 

ဒဂုံတက္ကသိုလ်မှာ လှုပ်ရှားမှုတွေ စဖြစ်တယ်။ စာဝေတာတွေ စာကပ်တာတွေ ဖြစ်ပွားခဲ့တယ်လို့ သိရတယ်။ ဆန္ဒခံယူပွဲအလိုမရှိ လို့  စာတန်းကြီးကိုကပ်သွားတယ်။ စာတွေမှာ က လက်ရှိဖြစ်ပေါ်နေတဲ့ ကုန်ဈေးနှုန်း၊ လျပ်စစ်မီးမလာမှုများ နဲ့  ဆန္ဒခံယူပွဲကိုလက်မခံတဲ့အကြောင်းတွေကို မီးမောင်းထိုးပြထားတယ်လို့ ဆိုတယ်။ စာဝေလှုပ်ရှားမှုဖြစ်ပြီး မကြာခင်မှာ စစ်ဒေသကလူတွေ တော်တော်များများ ၀င်လာတယ်။
ဘယ်အချိန်က နေလည်တနာရီခွဲ ခန့် မှာ ၀င်ရောက်ရှာဖွေကြတယ်။ ကျောင်းသားတွေရင်ဆိုင်နေရတဲ့ နောက်ပြသာနာတခုကတော့ ကားပြသာနာ ဖြစ်တယ်။ ကျောင်းကား တွေနည်းတွေတယ်။ ခ ကွေးလိုင်စင် နဲ့  ဃ လိုင် စင် မှဆွဲလို့ ရတယ်။ ကျောင်းကားတွေ မလုံလောက်တဲ့အတွက် ကျောင်းသားတွေက ကျောင်းလုံခြုံရေးနဲ့ ညိပြီး ၀င်ဆွဲပေးတယ်။ ဒါပေမဲ့  စစ်ဒေသအာဏာ ပိုင်တွေက ဃ လိုင်စင်မရှိတဲ့ သူကားမဆွဲရဘူး ဆိုတဲ့အတွက် ကား ဆွဲ ပေးနေတဲ့ ကျောင်းသားတွေ ရပ်လိုက်ရတယ်။
ကျောင်းသားတွေရဲ့ မကျေနပ်မှုများ ကတစတစတိုးပွားလျက်ရှိတယ်လို့ သိရတယ်။ ဒါပေမဲ့ ကျောင်းသားအများ စု က ၈၈ လေးလုံးနောက်ပိုင်းမျိုးဆက်တွေဖြစ်နေကြတယ်။ နိင်ငံရေးလှုပ်ရှားမှုအတွေ့ အကြုံ နည်းတာရယ်၊ ရံပုံငွေချို့ တဲ့မှုများကိုရင်ဆိုင်နေကြရတယ်လို့ သိရတယ်။

No comments :