Thursday, 20 March 2008
ပထွေး ထိလို့ ဆတ်ဆတ်ခါ နာကုန်ကြပြီ
Xinhua, Yangon
19 March
ဘာသာပြန် - ကျော်သိင်္ခ
မြန်မာစစ်အစိုးရက ထိုင်ဝမ်မှာ မကြာခင်ကျင်းပတော့မယ့် ရွေးကောက်ပွဲအကြို ကျင်းပပြုလုပ်မယ့် ပြည်သူ့ဆန္ဒ ခံယူပွဲမှာ ကုလသမဂ္ဂက လာရောက်ကြီးကြပ်ပေးဖို့ ထိုင်ဝမ်အာဏာပိုင်တွေကတောင်းဆိုမှုအပေါ်ကို ဝေဖန်တာ တွေကို ကြာသပတေးနေ့က မြန်မာ့ရုပ်မြင်သံကြားမှာ ထုတ်ဖော်ပြောကြားလိုက်ပါတယ်။ မြန်မာ့ရုပ်မြင်သံကြား ညပိုင်းထုတ်လွှင့်မှု အစီအစဉ်မှာ မြန်မာနိုင်ငံခြားရေးဝန်ကြီးဋ္ဌာနရဲ့ ထုတ်ပြန်ချက်ကို ကိုကားပြီးပြောကြားခဲ့တာ ဖြစ်ပါတယ်။
“ထိုင်ဝမ်ရဲ့အခုလို လုပ်ရပ်ဟာ မြန်မာနိုင်ငံမှာ မလိုလားအပ်တဲ့ တင်းမာမှုတွေကိုတိုးပွားစေပြီး၊ ဒေသတွင်းငြိမ်း ချမ်းမှုနဲ့ တည်ငြိမ်မှုတွေကို ထိခိုက်စေတယ်” လို့ နိုင်ငံခြားရေးဝန်ကြီးဋ္ဌာနရဲ့ ထုတ်ပြန်ချက်ထဲမှာ ရေးသားထားပါတယ်။ ပြီးတော့ “ထိုင်ဝမ်နိုင်ငံရဲ့ လူထုဆန္ဒခံယူပွဲအတွက် ကုလသမဂ္ဂနဲ့ ပူးပေါင်းပြီး လုပ်ဆောင်တာတွေ အပါအ၀င်၊ ထိုင်ဝမ်အာဏာပိုင်တွေရဲ့ ထိုင်ဝမ်လွတ်လပ်ရေးလှုပ်ရှားမှု အဆင့်တိုင်းဟာ မြန်မာအစိုးရကို အတိုက်အခံပြုတာဘဲ” လို့ ဖော်ပြထားပါသေးတယ်။
“တရုတ်ပြည်သူ့သမ္မတနိုင်ငံနှင့် မိတ်ဆွေကောင်း၊ အိမ်နီးချင်းကောင်းပီသစွာ မြန်မာနိုင်ငံဟာလည်းဘဲ “တရုတ်ပြည်ရဲ့ မူဝါဒတစ်ခုတည်းလမ်းစဉ်” ကို ခိုင်မာစွာထောက်ခံကြောင်း နှင့် ထိုင်ဝမ်ကိုလည်း အမြဲတမ်း တရုတ်ပြည်သူ့သမ္မတနိုင်ငံရဲ့ အစိတ်အပိုင်းတစ်ခုတည်းလို့ သတ်မှတ်ကြောင်း” ဟူ၍ ထုတ်ပြန်ချက်ထဲမှာ ဖော်ပြထားတာဖြစ်ပါတယ်။
at 08:27
Subscribe to:
Post Comments
(
Atom
)
No comments :
Post a Comment