Saturday, 22 March 2008
သူ့ထက်ကဲ ဖြစ်လာမှာလား
AFP, WASHINGTON
21 March
ကျော်သိင်္ခ
ထိုင်းနိုင်ငံအနေနဲ့ မြန်မာနိုင်ငံမှာ ဒီမိုကရေစီ ပြုပြင်ပြောင်းလဲ ရေး အတွက် ပျော့ပြောင်းတဲ့ သံတမန်နည်းကိုသာ သုံးမယ်လို့ ထိုင်းနိုင် ငံခြားရေးဝန်ကြီးသစ် နော့ပဒန် ပတ္တမာ က ကြာသပတေးနေ့က ပြော ကြားလိုက်ပါ တယ်။ ပြီးတော့ မြန်မာနိုင်ငံတွင်း ပြုပြင် ပြောင်းလဲရေး ကို ပြည်တွင်းကသာ ပြုလုပ်နိုင်ပြီး၊ အနောက်နိုင်ငံတွေရဲ့ စီးပွားရေးပိတ်ဆို့ မှုတွေဟာ ထိုင်းနိုင်ငံ ရဲ့ အိမ်နီးချင်းဖြစ်တဲ့ မြန်မာနိုင်ငံကို အပြောင်း အလဲတွေ ဖြစ်အောင် မလုပ်နိုင်ပါဘူးလို့လည်း သူက ဆိုပါတယ်။
ထိုင်းနိုင်ငံခြားရေးဝန်ကြီး နော့ပဒန် ပတ္တမာ က ထိုင်းနိုင်ငံအ နေနဲ့ မြန်မာနိုင်ငံမှာ ကျင်းပပြုလုပ်မယ့် ရွေးကောက်ပွဲအကြို ပြည်သူ့ဆန္ဒ ခံယူပွဲမှာ အဖွဲ့အစည်းအားလုံးပါဝင်ပြီ၊ မှန်ကန်တဲ့ မဲပေးစနစ်ဖြစ်ဖို့ မြန်မာ စစ်အစိုးရကို စည်းရုံးပါမယ် လို့လည်း ပြောပါသေးတယ်။
“အခုလို ကျနော်တို့အနေနဲ့ ဖြေးဖြေးနဲ့ ပုံမှန် ဆက်ဆံရေးဟာ မြန်မာနိုင်ငံသားတွေအတွက် အခွင့်အလမ်းတွေကို လက်တွေ့ကျကျ ဖန်တီးပေးဖို့ ရည်ရွယ်ပါတယ်” လို့ ၀ါရှင်တန်းအခြေစိုက် နည်းဗျူဟာ နှင့် နိုင်ငံတကာလေ့လာရေး စင်တာမှာ ပြောသွားခဲ့ပါတတယ်။
အမေရိကန်နိုင်ငံ အထွေထွေအတွင်းရေးမှူး ကွန်ဒိုလီဇာရိုက် နဲ့ မြန်မာ့အရေးဆွေးနွေးကြတဲ့အခါ နော့ပဒန် က မြန်မာနိုင်ငံ အရေးကိစ္စ ကြောင့် အမေရိကန်နဲ့ အာဆီယံ ဆက်ဆံရေးကို အတားအဆီး မဖြစ် စေချင်ဘူး လို့လည်း ဆိုပါတယ်။ “အခုကနေစပြီးတော့ မြန်မာနိုင်ငံအရေး ကိစ္စကို အာဆီယံ-အမေရိကန်တို့ ပူးပေါင်းဆောင်ရွက်ပြီး အလားအလာ ကောင်းတွေ အပြည့်အ၀ရရှိလာဖို့ ကျနော်တို့အနေနဲ့ ပွင့်လင်းကြဖို့ လိုပါတယ်” လို့ ထိုင်းနိုင်ငံခြားရေးဝန်ကြီးသစ်က ဆိုပါတယ်။
“တကယ်တော့ မြန်မာအရေးကိစ္စက ထိုင်း-အမေရိကန် ဆက် ဆံရေးကိစ္စဆွေးနွေးရမှာထက် တောင်ပိုများနေပြီ။ ကျနော်မေးချင်တာက တော့ မြန်မာ့အရေးကိစ္စဟာ ကျနော်တို့နှစ်နိုင်ငံလုံးအတွက် ဘာများ တန်ဖိုးရှိလို့လဲ?” လို့ ၎င်း ကဆိုခဲ့ပါတယ်။
နော့ပဒန်က မြန်မာနိုင်ငံအပေါ် ပိတ်ဆို့ဒဏ်ခတ်မှုတွေ၊ ဖိအား ပေးမှုတွေနဲ့ ပက်သက်ပြီး “အဲဒါတွေဟာ ဘာမှာ အလုပ်မဖြစ်ပါဘူး။ မြန်မာနိုင်ငံနဲ့ စီးပွားရေးပူးပေါင်းဆောင်ရွက်ဖို့နဲ့ နည်းပညာအထောက်အ ပံ့ တွေ၊ တိုးတက်ဖွံ့ဖြိုးရေးလုပ်ငန်းတွေမှာ ပူးပေါင်းဆောင်ရွက်မှသာ ဒီမိုကရေစီအတွက် အောင်မြင်တဲ့ အခြေခံ အုတ်မြစ်ကို ချနိုင်မှာ” လို့ ပြောပါတယ်။
အိမ်နီးချင်းကောင်းအနေနဲ့ရော၊ မိတ်ဆွေကောင်းတစ်ယောက် အနေနဲ့ပါ ထိုင်းနိုင်ငံဟာ မြန်မာနိုင်ငံမှာ ဒီမိုကရေစီထွန်းကားရေး နဲ့ လူ့အခွင့်အရေး နဲ့ ဥပဒေကို လေးစားလိုက်နာလာအောင် ပြုပြင်ပေးနိုင် ပါတယ်လို့ဆိုပါတယ်။
“တကယ်တော့ ထိုင်းနိုင်ငံ၊ အင်ဒိုနီးရှား နဲ့ ဖိလစ်ပိုင်နိုင်ငံတို့ကို ဥပမာယူတတ်မယ်ဆိုရင်၊ ဒီမိုကရေစီပြောင်းလဲရေးဟာ ပြည်တွင်းနဲ့သာ သက်ဆိုင်ပါတယ်။ ပြည်ပနဲ့ မသက်ဆိုင်ဘူးဆိုတာ သိမှာပါ” လို့ သူရဲ့ယူ ဆချက်ကို ပြောသွားပါတယ်။
မြန်မာစစ်အစိုးရဟာ ပြီးခဲ့တဲ့နှစ် စက်တင်ဘာလအတွင်းက ငြိမ်းချမ်းစွာ ဆန္ဒပြသူတွေအပေါ် အကြမ်းဖက်နှိမ်နှင်းခဲ့တာတွေနဲ့ ပက် သက်ပြီး တစ်ကမ္ဘာလုံးက ဖိအားပေးခြင်းကို ခံနေရတာဖြစ်ပါတယ်။
ကုလသမဂ္ဂရဲ့ ထုတ်ပြန်ချက်ထဲမှာတော့ ဆန္ဒပြပွဲမှာ အသတ်ခံ ရသူ အနည်းဆုံး ၃၁ ယောက်ရှိတယ်လို့ဖော်ပြထားပြီး၊ လူ့အခွင့်အရေး စောင့်ကြည့်လေ့လာရေးအဖွဲ့က ဆန္ဒုပြပွဲမှာ သတ်ဖြတ်ခံရသူ အရေအ တွက်ဟာ တစ်ရာကျော်တယ်လို့ ဆိုပါတယ်။
နော့ပဒန် က သူ့အနေနဲ့ မြန်မာစစ်အစိုးရကို ဒီမိုကရေစီဖော် ဆောင်ရေးနဲ့ အမျိုးသားပြန်လည် သင့်မြတ်ရေး ကို အရှိန်အဟုန် မြင့်မြင့် လုပ်ဆောင်ဖို့၊ မှန်ကန်ပြီး အဖွဲအစည်းအားလုံးပါဝင်တဲ့ ပြည်သူ့ ဆန္ဒခံယူ ပွဲဖြစ်ဖို့ နဲ့ မြန်မာနိုင်ငံအနေနဲ့ ကုလသမဂ္ဂနဲ့ ဆက်လက်ပြီးပူးပေါင်းဆောင် ရွက်ဖို့တို့ကို မြန်မာစစ်အစိုးရကို ပြောကြားပြီးပြီ ဖြစ်ကြောင်း ဆိုပါတယ်။
“ပထမဆုံးအဆင့်အနေနဲ့ကတော့ ထိုင်းနိုင်ငံရဲ့ ဖွဲ့စည်းပုံအ ခြေခံဥပဒေအပေါ် လူထုဆန္ဒခံယူပွဲ ကျင်းပတဲ့အတွေ့ အကြုံတွေကို ကျနော်တို့က မြန်မာစစ်အစိုးရကို ပြောပြခဲ့ပြီးပါပြီ” လို့ သူကပြောပါ တယ်။
မြန်မာစစ်အစိုးရရဲ့ ပြည်သူ့ဆန္ဒခံယူပွဲဟာ ၂၀၁၀ ရွေး ကောက် ပွဲမတိုင်မီအကြို လမ်းခင်းထားတာဖြစ်ပါတယ်။
ဒါပေမယ့် စစ်ခေါင်းဆောင်များဟာ ၁၉၉၀ ရွေးကောက်ပွဲ ရလာဒ်ကို အသိအမှတ်မပြုခဲ့သလို၊ ဒေါ်အောင်ဆန်းစုကြည်ကို နိုင်ငံခြား သားနဲ့ လက်ထပ်လို့ဆိုတဲ့ အကြောင်းပြချက်နဲ့ ၂၀၁၀ ရွေးကောက်ပွဲမှာ ပါဝင်ခွင့်မပြုပါဘူး။ နိုဘယ်လ်ငြိမ်းချမ်းရေးဆုရှင် ဒေါ်အောင်ဆန်းစု ကြည်ဟာ ပြီးခဲ့တဲ့ ၁၈ နှစ်တာကာလအတွင်း ၁၂ နှစ်လုံးလုံး နေအိမ်မှာ ဖမ်းဆီး၊ ထိန်းသိမ်းခြင် ခံထားရတာဖြစ်ပါတယ်။
ထိုင်းနိုင်ငံခြားရေးဝန်ကြီးက အာဆီယံအဖွဲ့ဝင်နိုင်ငံတွေဟာ တစ်နိုင်ငံရဲ့ပြည်တွင်းရေးကို အခြားတစ်နိုင်ငံက ၀င်ရောက်စွက်ဖက်ခွင့် မရှိဘူးလို့ ပြောပါတယ်။
“ဒါကတော့ အာဆီယံအထဲက ကျနော်တို့ ဖြတ်ကျော်လို့မရ တဲ့ စည်းတစ်ခုပါ။ ဒါပေမယ့် အာဆီယံရဲ့ ဥက္ကဋ္ဌ အသစ်အနေနဲ့ ထိုင်းနိုင်ငံဟာ မြန်မာနိုင်ငံအရေးမှာ တက်ကြွစွာပါဝင်ဆောင်ရွက် သွားမှာပါ။ ကျနော့်သဘောထားကတော့ မြန်မာနိုင်ငံအပေါ်မှာ တသတ်မတ်တည်းရှိပြီး၊ အကောင်းမြင်တဲ့ဝါဒပါ။ တစ်နေ့မှာ မြန်မာနိုင်ငံ အတွင်းမှာ အပြောင်းအလဲတွေ ဖြစ်လာလိမ့်မယ်လို့ ကျနော် မျှော်လင့်ပါ တယ်” လို့ ပြောသွားပါတယ်။
ထိုင်းနိုင်ငံအနေနဲ့ ဒီနှစ်နွေမှာ အာဆီယံရဲ့ ဥက္ကဋ္ဌ နိုင်ငံအဖြစ် စင်္ကာပူနိုင်ငံဆီက လွှဲပြောင်းယူတော့မှာ ဖြစ်ပါတယ်။
Rest of your post
at 11:58
Subscribe to:
Post Comments
(
Atom
)
1 comment :
မထိဘူးလို. အော်နေတာက အတော်ထိနေလို.....
တကယ် မထိရင် sanction ကို ဂရုတောင်စိုက်ကြမှာ မဟုတ်ပါဘူး.....
Post a Comment