Saturday, 22 March 2008

မောင်ဝိတ်နဲ့  ဒေ၀ါရွေယူတော့မယ်ဆိုပဲ

ပျဉ်းမနား - မတ် ၂၂။

မောင်ဝိတ် က သူမိန်းမ ယမင်းသီကိုကွာပြီး သန်းရွေသမီး အငယ်ဆုံး ဒေ၀ါရွေကို ယူတော့မယ်ဆိုတဲ့ သတင်းတွေထွက်ပေါ်လျက်ရှိပါသည်။ မောင်ဝိတ်ဆိုတာက အင်ဒိုနီးရှား ဆောက်လုပ်ရေး ကုမဏီ ( သံချောင်းတွေသွင်းတဲ့ကုမဏီ) ထံက ငွေတွေကို ဘုံးခဲ့တဲ့သူဖြစ်ပါတယ်။ အမေရိကန်အစိုးရ ပြစ်မှတ်ထားထားတဲ့ ၀ိသမစီးပွားရေးသမားစရင်းမှာပါဝင်သူတဦးဖြစ်ပါတယ်။ ယမင်းသီ ဆိုတာက တော့ ဗိုလ်မှုးသီဟ ရဲ သမီးဖြစ်ပါတယ်။ သူက ရေတပ်ဗိုလ်မှုးဖြစ်ပြီး ရေတပ်ထဲမှာ သူခိုးကြီးသီဟလို့ နာမည်ကြီးလှသူဖြစ်ပါတယ်။ မောင်ခိုစက်လှေတွေ ကိုဖမ်းပြီး လှေအစီးလိုက်အပြောက်ရိုက်ခဲ့တဲ့ ဗိုလ်မှုးဖြစ်ပါတယ်။ အခုတော့ မောင်ဝိတ်က ယမင်းသီကိုကွာရှင်းပြီး သန်းရွေသမီး အငယ်ဆုံး ဒေ၀ါရွေနဲ့ ယူတော့မယ်ဆိုတဲ့သတင်းက နေပြည်တော်မှာ ပြန့် နှံလျက်ရှိပါကြောင်း။

No comments :