Friday, 28 March 2008

ပထွေးထိရင် မချိ့ အောင်နာ -



AP, Yangon
27 March
ကျော်သိင်္ခ

မြန်မာစစ်အစိုးရက တိဘက်မှာ မကြားသေးမီက ဖြစ်ပွားတဲ့ ဘေဂျင်းအိုလံပစ် ဆန့်ကျင် သပိတ်မှောက်ပွဲ တွေနဲ့ ပက်သက်ပြီး ဆန့်ကျငက န့်ကွက်ကြောင်း ကြာသပတေးနေ့က နိုင်ငံပိုင် သတင်းစာတွေမှာ ဖော်ပြခဲ့ပါတယ်။
မြန်မာ့အလင်းသတင်းစာမှာ ရေးသားဖော်ပြခဲ့တဲ့ နိုင်ငံခြားရေးဝန်ကြီးဋ္ဌာနရဲ့ ထုတ်ပြန်ချက် ထဲမှာ တိဘက် ဆူပူအုံကြွမှုဟာ တရုတ်ပြည်ရဲ့ ပြည်တွင်းရေး သက်သက်သာ ဖြစ်တယ် လို့ လည်း ရေးသားထားပါ တယ်။

“တရုတ်အစိုးရက သူ့အသိဥာဏ်နှင့်သူ စိန်ခေါ်မှုတွေကို အောင်မြင်စွာကျော်လွှားနိုင်မည်ဖြစ်ကြောင်း နှင့် ပြည်တွင်း ငြိမ်းချမ်းမှု နှင့် တည်ငြိမ်မှု ကိုလည်း ပြုပြင်ထိန်းသိမ်းသွားနိုင်လိမ့်မည် ဖြစ်ကြောင်း” ဟူ၍ မြန်မာ့အ လင်းသတင်းစာ မှာ ရေးသား ထားပါတယ်။ မြန်မာ အစိုးရအနေ နဲ့ တရုတ် နိုင်ငံမှာ ကျင်းပမယ့် ဘေဂျင်း အိုလံ ပစ်ကိုတိဘက်တွေက သပိတ်မှောက်ဖို့ ကြိုးစားခြင်းအပေါ်ကိုလည်း ဆန့်ကျင်ကြောင်း သတင်းစာမှာ ဖော်ပြ ထားပါတယ်။

တိဘက်အပေါ် ရာစုနှစ်နှစ်ခုနီးပါး အုပ်ချုပ်ခဲ့တဲ့ တရုတ်အစိုးရရဲ့ ဥပဒေကို တိဘက်တွေက ဆန်ု့ကျင်တဲ့ အပေါ်ကို တရုတ် အစိုးရက အကြမ်းဖက်ပြီးနှိမ်နှင်းခဲ့ပါတယ်။ အဲဒီလို အကြမ်းဖက်နှိမ်နှင်းမှုများကြောင့် တရုတ် နိုင်ငံရဲ့ လူ့အခွင့်အရေး မှတ်တမ်းအပေါ်မှာ နိုင်ငံတကာက အာရုံစိုက်လာခဲ့ပါတယ်။ ထို့ပြင် အိုလံ ပစ်ပွဲ တော်ကြီးကို ချောချောမွေ့မွေ့ ကျင်းပဖို့ မျှော်လင့်ထားတဲ့ တရုတ်ကွန်မြူနစ်ခေါင်းဆောင်တွေရဲ့ အခုလို လုပ်ရပ်ဟာ နိုင်ငံတကာအတွက် စိတ်အနှောင့်အယှက် ဖြစ်စေပြီး၊ တရုတ်နဲ့ ဆက်ဆံရေးမှာ စိတ်ပျက် စရာ ဖြစ်နေပါတယ်။

အမေရိကန်၊ ဗြိတိန် နဲ့ ဂျာမနီ နိုင်ငံတို့က တိဘက်ဆန္ဒပြပွဲတွေအပေါ် တရုတ်အစိုးရရဲ့ ရက်ရက်စက်စက် တုံ့ပြန်မှု ကို ဆန့်ကျင်ရှုံ့ချပြီးပါပြီ။ ဒါပေမယ့် အဲဒီနိုင်ငံတွေအနေနဲ့ သြဂုတ်လ ၈ ရက်နေ့မှာ ကျင်းပပြုလုပ်မယ့် ဘေဂျင်း အိုလံပစ်ဖွင့်ပွဲ သို့မဟုတ် အိုလံပစ်အားကစားပွဲတွေ ကို သပိတ်မှောက်မယ်လို့ ကြေငြာထား တဲ့အချက်အပေါ် ကို တော့ သဘောမတူကြပါ ဘူး။ ပြင်သစ်သမ္မတ နီကိုးလတ်စ် ဆာကိုဇီ ကတော့ အဲဒီကိစ္စနဲ့ ပက်သက်ပြီး ဘာမှပြောဆိုခြင်းမရှိပါဘူး။

တရုတ်အစိုးရကတော့ တိဘက်ဒေသရဲ့ မြို့တော် လာဆာမှာ မတ်လ ၁၄ ရက်နေ့က ဖြစ်ပွားခဲ့တဲ့ ဆန္ဒပြပွဲ တွေကို အဓိကရုဏ်းနဲ့ အကြမ်းဖက်တဲ့ ရာဇ၀တ်မှုလို့ ပြောဆိုခဲ့ပြီး၊ ဆန္ဒပြပွဲတွေအပေါ်ကို အကြမ်းဖက် နှိမ်နှင်းခဲ့တဲ့ သူတို့ရဲ့ လုပ်ရပ်ကိုတော့ ဖုံးဖိထားပါတယ်။ တရုတ်နိုင်ငံဟာ မြန်မာစစ်အစိုးရရဲ့ အရေးကြီးဆုံး မဟာမိတ်ဖြစ်ပါတယ်။ ဘာကြောင့် လဲဆိုတော့ မြန်မာစစ်အစိုးရဟာ တရုတ်ဆီက စီးပွားရေးထောက်အပံ့တွေ၊ စစ်လက်နက် နဲ့ အခြားအကူအညီတွေကို ရနေတဲ့ အတွက်ကြောင့်ဖြစ်ပါတယ်။ အနောက် နိုင်ငံ အုပ်စု တွေကတော့ မြန်မာစစ်အစိုးရရဲ့ ဆိုးဝါးလှတဲ့ လူ့အခွင့်အရေးချိုး ဖောက်မှုတွေနဲ့ နိုင်ငံအတွင်း ဒီမိုကရေစီဖော်ဆောင်ဖို့ ပျက်ကွက်တဲ့အတွက်ကြောင့်း မြန်မာစစ်အစိုးရကို အရေးလုပ်ပြီး တော့ မဆက်ဆံဘဲ၊ ရှောင်ကျဉ်နေခဲ့ကြတာ ဖြစ်ပါတယ်။

တရုတ်အစိုးရကတော့ အနောက်နိုင်ငံတွေရဲ့ မြန်မာစစ်အစိုးရပေါ် ဝေဖန်မှုတွေကို ကန့်ကွက်ပါတယ်။ ၎င်းအ နေနဲ့လည်း ပြီးခဲ့တဲ့နှစ်စက်တင်ဘာလ က စစ်အစိုးရက ဆန္ဒပြသူတွေအပေါ် အကြမ်းဖက်နှိမ်နှင်းကတည်းက မြန်မာနိုင်ငံရဲ့ အခြေအနေဟာ အရှေ့တောင်အာရှမှာ တဖြည်းဖြည်းနဲ့ တိုးတက်လာပါတယ် လို့ ပြောခဲ့ပါတယ်။

No comments :