အထူးဆောင်းပါး
လွင်ကို
နောက်ခံအကျဉ်း
တိဗက်ဟာလွတ်လပ်တဲ့နိင်ငံတခုဖြစ်ခဲ့တယ်။ ၁၉၅၁ ခုနစ်မှာ တရုပ်စစ်တပ်က မတရားကျူးကျော် သိမ်း လိုက်တယ်။ ၁၉၅၉ မတ်လမှာ တိဗက်တနိင်ငံလုံးက မတ ရားကျူးကျော်မှု ကို ကန့် ကွက် ဆန္ဒပြခဲ့ကြတယ်။ တရုပ်အစိုးရ က မာရှယ်လော ကြေညာပြီး ရက်ရက် စက်စက် ချေမှုန်းတာ ခံခဲ့ကြရတယ်။
တိဗက်ပြည်သူ နဲ့  ဘုန်းကြီး တသောင်းကျော် အသတ်ခံခဲ့ရတယ်။ တိဗက်ခေါင်းဆောင် ဒလိုင်လားမားအပါအ၀င် လူ၈သောင်း တိဗက်ကနေ ထွက်ပြေးလာခဲ့ကြရတယ်။ အဖမ်းခံရတဲ့ တိဗက်ဘုန်းတော်ကြီးတွေနဲ့  လူတွေရဲ့  သတင်းကတော့ ဘာ အစအနမှ မကြားရတော့ဘူး။ နောက် အနစ် သုံးဆယ်ကြာ- ၁၉၈၉ ခုနစ်မှာ တိဗက် ဘုန်းကြီးတွေ နဲ့ ပြည်သူတွေက ဒုတိယအကြိမ် တနိင်ငံလုံးမှာ ဆန္ဒပြခဲ့ကြပြန်တယ်။
အကြောင်းရင်းက ဒလိုင်လားမားနေရာကိုဆက်ခံမဲ့  ဆယ်ဦးမြောက် ပန်ချင်လားမား သံသယဖြစ်ဘွယ် သေဆုံး သွားခဲ့လို့ ဖြစ်တယ်။ တိဗက်တွေက ဒီသေဆုံးမှုမှာ တရုပ်အစိုးရ ပါဝင်ပတ်သက်တယ်လို့  ယူဆကြတယ်။ ဒါကြောင့်ဆန္ဒပြကြတယ်။ ဒီအချိန်က တိဗက်ဒေသ ကွန်မြုနစ်ပါတီ အကြီးအကဲကတော့ တခြားသူမဟုတ်ပါဘူး အခုသမတတာဝန်ယူထားတဲ့ ဟုချင်းတောင်ပါပဲ။ ဟူချင်းတောင်က မာရှယ်လောကြေညာပြီး စစ်တပ်နဲ့  ပုန်ကုန်မှုကို နိမ်နင်းလိုက်တယ်။ တိဗက်ဘုန်းကြီး နဲ့ ပြည်သူ ၄၅၀ ခန့် အသတ်ခံရတယ်။ ၁၉၅၉ ခုနစ်နဲ့  ၁၉၈၉ခုနစ် အုံကြွမှုနစ်ခုက လူသိများခဲ့တယ်။
တိဗက်လူမျိုးတွေက တရုပ်တွေအုပ်စိုးမှုကို အခါခွင့်သင့်တိုင်း ဆန်ကျင်ခဲ့တာတွေ ကတော့ အဆက်မပြတ်ဖြစ်ဲ့တယ်။ ၁၉၈၇ခုနစ်ကနေ ၁၉၉၂ ခုနစ် အထိ ဆန္ဒပြတိုက်ပွဲတွေ အကြိမ် ၁၅၀ ကျော်ဖြစ်ခဲ့တယ်လို့ တိဗက် အ ဝေး ရောက် အစိုးရက ဆိုတယ်။
၂၀၀၈ ခုနစ် မတ်လ အုံကြွမှု
အခုဖြစ်နေတဲ့ တိဗက်ဒေသ အုံကြွ မှု ကတော့ ၁၉၅၉ ခုနစ်မှာစတင်ဖြစ်ပွားခဲ့တဲ့ တိဗက်ပုန်ကန်မှု ကြီးရဲ့  ၄၉ နစ်မြောက် နစ်ပတ်လည်အဖြစ်ဆင်နွဲခဲ့ကြတာလို့ ဆိုတယ်။ ဘာဖြစ်လို့ နစ်၅၀ မှာမလုပ်တာလည်း ဆိုတာ ကတော့ ထူးဆန်းနေပါတယ်။ နစ်၅၀ မြောက်မှာမလုပ်ပဲ ဒီနစ်မှာလုပ်ခဲ့ကြတာတော့ ပီကင်းအိုလံပစ်နဲ့  အချိန် ကိုက် လှုပ်ရှားမှု လုပ်လိုက်ကြတာဖြစ်တယ်။ ပီကင်း အိုလံပစ်ကို အချိန်ကောင်း- အခွင့်အခါကောင်းလို့ ယူဆပြီး တော် လှန်ကြတာ ဖြစ်တယ်။ ဒီတချိန်တော်လှန်မှုကတော့အရင် ကလှုပ်ရှားမှုတွေ နဲ့ စာရင်ထူးခြားတယ်။ ဒါကတော့ အကြမ်းမဖက် လှုပ်ရှားမှု ဆိုတဲ့ စည်းကို ကိုရဲရင့်စွာဖြတ်ကျော်လိုက်ကြတာဖြစ်တယ်။
ဒီမြင်ပေါ်မှာ ပြည်တွင်းပြည်ပမှာရှိတဲ့ တိဗက်တွေအားလုံးက တညီတညွတ် ထဲ လှုပ်ရှားခဲ့ကြတာဖြစ်တယ်။ ငြိမ်း ချမ်းစွာ ဆန္ဒပြ ခဲ့တာများလှပြီ ။ ကမ္ဘာကြီးကို တိဗက်တွေ ဘာ သတင်းစကားမှ မပေးနိင်ခဲ့ဘူး။ ကမ္ဘာကြီး ကလည်း တိဗက်အရေးကို မေ့မေ့လျောလျော ဖြစ်နေခဲ့တယ်။ တိဗက်ဟာ အလွန်ခေါင်တဲ့ဒေသ။ တရုပ် အစိုးရကလည်း တင်းကြပ်စွာ ကန့် သတ်ထားတယ်။ ကမ္ဘာလှည့် တွေ တိဗက်ကို သွားခြင်ရင် တရုပ် အစိုးရက အထူးခွင့်ပြုချက် ရယူုကြရတယ်။ သတင်းဌာနနဲ့ သတင်းစာ စရာတွေကို တော့ ပိုပြီး တင်းကြပ် ထားတယ်။ တရုပ် အစိုးရ နဲ့ တရုပ် စီးပွားရေး လုပ်ငန်းတွေ ကလွဲလို့  ဘာနိင်ငံခြားသားတွေ ရဲ့ ရင်းနှီး မြုပ်နှံမှုမရှိ။ အန် ဂျီအိုတွေ- နိင်ငံတကာ အသင်း အပင်းတွေ နထိ ။ တရုပ် အစိုးရက ပြင်းထန်စွာ ကန့် သတ်တယ်။ ဒီလို အခြေ အနေမှာ တရုပ် အစိုးရအဖို့  အကွက်ကောင်းဖြစ်နေတယ်။ တိဗက် လှုပ်ရှားမှုတွေကို စိတ်ကြိုက် နိမ်နင်း နိင်တဲ့ အခြေအနေပါ။ ဒါကို တိဗက် ပြည်သူတွေက ကောင်းကောင်း သဘောပေါက်တယ်။ ဒီတခါ လူထု လှုပ်ရှားမှု စ တင် လိုက်တာနဲ့ တိဗက် ဘုန်းကြီးတွေ နဲ့ ပြည်သူ တွေက ဘာမှ ရှည်ရှည်ဝေးဝေး စဉ်းစားမနေတော့ ဘူး
တရုပ်ရဲစခန်း။ တရုပ်ရဲကား၊ တရုပ်ဘဏ်တွေ၊ တရုပ် စီးပွားရေး လုပ်ငန်းတွေ အပေါ်ကို သူတို့  ဒေါသတွေ သွန်း လောင်း ပေးလိုက်ကြတယ်။ မီးတင်ရှို့ လိုက်ကြတယ်။ ဒီလို မီးရှို့ ခြင်းကြောင့် ကြီးမားတဲ့ အကျိုး ရလဒ် ကို ရခဲ့တယ်။
၁- တိဗက် ပြည်သူတွေ စိတ်အား ထက်ကြွ လာတယ်။
၂- ဝေးသီခေါင်လှတဲ့ တိဗက်ဒေသ တခြားမြို့ တွေ ကို မီးတောက်က အလျင်အမြန်ကူးစက်ပြန့် နှံသွားခဲ့တယ်။
၃- တိဗက်တွေ ဒေသ ကို ကမ္ဘာကြီးက လှည့် ကြည့် လာရတော့တယ်။
ခုချိန်ထိ ဒီလှုပ်ရှားမှုက မပြီးရေချမပြီး။ မနေ့ က တရုပ်အစိုးရက တိဗက်ကို ထိမ်းသိမ်းနိင်ပြီ။
အခြေ အနေက ပုံမှန် ဖြစ်နေပြီဆိုတဲ့ ၀ါဒဖြန့် ကြွားလုံးထုတ်ဖို့ အတွက် လက်ရွေးစင် ရွေးထားတဲ့ သတင်း ထောက် တွေ ကို တိဗက်ကို ခေါ်သွားတယ်။ သတင်းစာ ရှင်လင်းပွဲ ကို တိဗက် ဖုန်းတော်ကြီးတွေ နဲ့ ပြည်သူ တွေက ၀င်ရောက် ဆန္ဒပြ လိုက်ကြပြန်တယ်။ ထိပ်တိုက် ချလိုက်ကြပြန်တယ်။
ပြည်ပ ရောက်တိဗက်လှုပ်ရှားမှုများ
နိင်ငံခြား ရောက်နေတဲ့ တိဗက် တွေကလည်း အကြမ်းမဖက် ဆိုတဲ့ နယ်ခြားကို ပြောင်ပြောင်ပဲ ကျော်ဖြတ် လိုက်ကြတယ်။ နိင်ငံတကာ အစိုးရတွေက ခွင့်ပြုထားတဲ့ ဆန္ဒပြပွဲတွေထက် ကျော်လွန် လုပ်ဆောင် လိုက် တယ်။
ပြင်သစ်၊ ဘယ်လဂျီယံ၊ ဆွစ်ဇာလန် မှလူအုပ်နဲ့  တရုပ် သံရုံးကို ချဉ်းနင်းဝင်ရောက်ခဲ့ကြတယ်။ တရုပ်အလံကို ဖြုတ်ချ၊ တိဗက်အလံကိုလွင့်ထူဖို့ လုပ်ခဲ့ကြတယ်။
ကနေဒါနဲ့ နယ်သာလန်နိင်ငံတွေမှာတော့ တရုပ်သံအ မတ်ကြီးတွေနေအိမ်ကို ကျော်ဝင်ပြီးဆန္ဒပြခဲ့ကြ တယ်။ သြစတေးလျမှာတော့ တိဗက် သီလှရင် တဦးက တိဗက် အလံနဲ့  ကိုယ်ကိုကိုယ်သတ်သေဖို့ ကြိုးပန်းခဲ့တယ်။
နယူးယောက်မှာတော့ တိဗက်တွေက တရုပ် ကောင်စစ် ၀န်ရုံး ကို ခဲ့ နဲ့ သမပေးခဲ့ကြတယ်။
နယူးယောက်ရဲတွေ နဲ့ ထိပ်တိုက် ရိုက်ပွဲဆင်နွဲ ပေးလိုက်တယ်။ ရဲနစ်ဦးအရိုက်ခံရတယ်။ ဆန္ဒပြသူတွေ အားလုံး အဖမ်းခံကြ ရပါတယ်။
လူစည်ကားလွန်းလှတဲ့ နယူးယောက်မြို့ လည်ကောင်မှာ ရာဟူး ဆိုင်းပုဒ်ကြီးပေါ်တက်ပြီး တိဗက်အလံ ကိုလွင့် ထူပေးလိုက်တယ်။ လွင့်ထူပေးလိုက်တဲ့ တိဗက်လူငယ်ကို ရဲကဖမ်းလိုက်ပါတယ်။ တချိန်ထဲမှာ တချို့ တိဗက် ၆ ဦးက လုံခြုံရေးတွေတင်းကြပ်လွန်းလှတဲ့ ကုလသမဂ္ဂ အဆောက်အဦးထဲကို အတင်း ထိုးဖေါက် ၀င်ရောက် ဆန္ဒပြခဲ့ကြတယ်။ ၆ ယောက်စလုံး အဖမ်းခံရတယ်။ နိပေါနဲ့ အိန္ဒိယမှာတော့ တိဗက်တွေဟာ တရုပ် သံရုံးတွေ ကို ခဲတွေနဲ့ ပြစ်ပေါက် တိုက်ခိုက် ပြစ်လိုက်ကြတယ်။ ရဲတွေ က ရိုက်နက်တာကို သွေး အလူးလူးနဲ့ တိဗက်တွေ ဟာ တိုက်ပွဲ ဆင်ခဲ့ကြတယ်။
တိဗက်ပြည်သူတွေပြောခြင်တာက ဘာလည်း
တိဗက် ပြည်သူတွေ က တရုပ် အစိုးရကို ပေးလိုက်တဲ့ သတင်း စကား- Message - ကတော့ မင်းတို့ မတရား ကျူးကျော် သိမ်းပိုက်မှု တွေကြောင့် ငါတို့ ရောက်ခဲ့တဲ့ဒုက္ဒတွေကို ငါ ဒို့ ဒေါသ မီးတောက်အဖြစ် ပြောင်းလိုက် လိုက်ပြီ ဆိုတဲ့ သတင်းစကားပါပဲ။
နိင်ငံတကာကို တိဗက်ပြောလိုက်တာကတော့ တရုပ်အစိုးရလုပ်ခြင်တာလုပ်နေတာကို သည်းမခံတော့ဘူး။ လျုစ်လျူရူမှုတွေကိုသည်းမခံတော့ဘူး။ ရရာလက်နက်နဲ့ ပြန်ချတော့မယ်ဆိုတဲ့ တခွန်းတည်းသောစကားပါပဲ။

No comments :
Post a Comment