Friday, 28 March 2008

သန်းရွေနဲ့  ဗိုလ်ချုပ်များရဲ့  နေရာလုပွဲ လာတော့မည်။

Asia Times, Bangkok
27 March
By Larry Jagan
ကျော်သိင်္ခ

မြန်မာစစ်အာဏာရှင် သန်းရွှေရဲ့ ကျန်းမာရေး အခြေအနေဟာ အတော်ကို အခြေအနေဆိုး နေပြီ လို့ သိရပါတယ်။ သန်းရွှေသေတဲ့အခါ အာဏာကို အပြိုင်အဆိုင်သိမ်းယူမယ့် သူနှစ်ယောက်ကတော့ သန်းရွှေနဲ့ ပိုပြီးနီးစပ်တဲ့ ရွှေမန်းရယ်၊ ယခု လက်ရှိ ဒုတိယအာဏာရှင် ဗိုလ်ချုပ်မောင်အေးတို့ဘဲဖြစ် ပါတယ်။ သူတို့နှစ်ဦးကတော့ မြန်မာ့နိုင်ငံရေး ရာစုသစ်မှာ ခေါင်းဆောင်ပိုင်းနေရာအတွက် သူနိုင်ကိုယ်နိုင် အပြိုင်ကြဲကြတော့မယ့် အာဏာရှင်တွေပါဘဲ။ ဒါပေမယ့် သူတို့ရဲ့ အာဏာလုပွဲမှာ မြန်မာနိုင်ငံ ဒီမိုကရေစီ အရေး ကို စာရင်း ထဲတောင်ထည့်မှာ မဟုတ်ပါဘူး။


အာရှတိုင်းမ် အွန်လိုင်းက ရရှိထားတဲ့ သတင်းတွေအရ စစ်အာဏာရှင် ထိပ်ပိုင်းခေါင်းဆောင်တွေဟာ ဗိုလ်ချုပ် ခင်ညွန့် ကိုဖြုတ်မချခင်က အကျင့်ပျက် ချစားမှုတွေကို စစ်ဆေးသလိုမျိုး တစ်ယောက်အပြစ်ကို တစ်ယောက် လျို့ဝှက်ပြီး စုံစမ်းစစ်ဆေးမှုတွေ လုပ်နေတယ်လို့ သိရပါတယ်။ အဲဒီအပြစ်ရှာပွဲကြီးမှာ ဘယ်သူက ဘယ်သူ့ အပြစ်ကို ထိထိမိမိရှာဖွေဖော်ထုတ်ပြီး၊ ဘယ်သူက ဘယ်သူ့ကို အရင်ဖြုတ်ချမလဲဆိုတာကို ကြည့်ကြရဦးမှာပါ။

စစ်တပ်အတွင်းပိုင်းကလာတဲ့ သတင်းတွေအရ စစ်အာဏာရှင် ခေါင်းဆောင်နှစ်ယောက်အကြားမှာ တင်းမာမှု တွေဟာ အရင်ကထက် ပိုပြီးတော့တောင် ပြင်းထန်လာနေတယ်လို့ ဆိုပါတယ်။ အဲဒီ စစ်ခေါင်းဆောင်နှစ်ဦး ကြားမှာရှိတဲ့ ပြဿနာရဲ့ အရင်းခံကတော့ သန်းရွှေရဲ့အုပ်စုတစ်စုဖြစ်တဲ့ ပြည်ထောင်စုကြံ့ခိုင်ရေး နှင့် ဖွံ့ဖြိုးရေး အသင်း နဲ့ ပက်သက်တဲ့ ကိစ္စဖြစ်ပါတယ်။ ပြည်ထောင်စုကြံ့ခိုင်ရေး နှင့် ဖွံ့ဖြိုးရေးအသင်းဟာ မေလမှာ ကျင်းပမယ့် ပြည်သူ့ဆန္ဒခံယူပွဲနဲ့ ၂၀၁၀ မှာ ကျင်းပမယ့် ရွေးကောက်ပွဲအတွက် စီမံခန့်ခွဲမှုတွေနဲ့ လုပ်ပိုင်ခွင့် တွေကို ရထားတဲ့ အဖွဲ့ဖြစ်ပါတယ်။
NLD ပါတီကို ရွေးကောက်ပွဲမှာ ပါဝင်ခွင့် ပိတ်ပင်ပြီး အဲဒီရွေးကောက်ပွဲကို စစ်အစိုးရအနေနဲ့ အောင်မြင်စွာ ကျင်းပနိုင်ခဲ့ရင် မြန်မာနိုင်ငံရဲ့ နိုင်ငံရေးအခြေအနေဟာ လက်တစ်ဆုပ်စာ စစ်ခေါင်းဆောင်တစ်စုက သူတို့ကိုမလိုလားတဲ့ ပြည်သူတွေအပေါ် ဆက်လက်ပြီးအုပ်စိုးခွင့် ရနေဦးမှာ ဖြစ်ပါတယ်။

ပြည်သူ့ဆန္ဒခံယူပွဲ နဲ့ ရွေးကောက်ပွဲ ကျင်းပရေးအစီအစဉ်တွေကို ထုတ်ပြန်နေရင်း ကြားကပဲ၊ တဖြည်းဖြည်နဲ့ အင်အားကြီးထွားလာတဲ့ ကြံ့ဖွတ်အဖွဲ့ရဲ့အရှိန်အ၀ှာတွေကြောင့် ပြည်သူ့ဆန္ဒခံယူပွဲပြီးတဲ့အခါ သူတို့ရဲ့ သြဇာ၊ အာဏာ နဲ့ လုပ်ပိုင်ခွင့်တွေ ယုတ်လျော့ ကျဆင်းသွားမှာကို စစ်ခေါင်းဆောင် တော်တော်များများက စိုးရိမ်ပူပန် မှုတွေလည်းရှိနေပြီး၊ စစ်တပ်ရဲ့ သြဇာအာဏာဟာလည်း လုံးဝ အဆုံးသတ်သွားနိုင်တယ်လို့ အမည်မဖော်လို သူ စစ်တပ်အသိုင်းအ၀ိုင်းက အရာရှိတစ်ဦးက ပြောပြသွားတာပါ။

စစ်တပ်အတွင်းပိုင်းမှာ OTS ကျောင်းဆင်း သန်းရွှေအုပ်စုနဲ့ DSA ကျောင်းဆင်း မောင်အေးအုပ်စု ဆိုပြီး အုပ်စု နှစ်စုတော့ ကွဲနေကြပြီ။ ကြံ့ဖွတ်အဖွဲ့ရဲ့ ထိပ်ပိုင်းနေရာတွေမှာတော့ သန်းရွှေတို့လို OTS ကျောင်းဆင်းတွေက နေရာယူထားကြပြီး၊ အနဖအဖွဲ့မှာလည်း ၎င်းတို့ကဘဲထိပ်ပိုင်းနေရာတွေကို သိမ်းပိုက်ထားတာဖြစ်တယ်။ ဒါပေမယ့် အနဖ အဖွဲ့မှာ ၎င်းတို့အနေနဲ့ ထိရောက်အောင် မဆောင်ရွက် နိုင်တော့ တဲ့ အတွက်ကြောင့် ကြံ့ဖွတ် အဖွဲ့ ကို ထောင်ပြီး ဆက်ပြီးကြီးစိုးဖို့ ဥာဏ်ဆင်ခဲ့တာဖြစ်ပါတယ်။



OTS ကျောင်းဆင်းတွေထဲက အဓိက၀န်ကြီးနေရာတွေကို ယူ ထား ကြသူတွေ ကတော့ စက်မှုဝန်ကြီး အောင်သောင်း၊ ရေလုပ်ငန်း ၀န်ကြီး မောင်မောင်သိန်း (မောင်မောင်သိန်းဟာ မြန်မာ့ရင်းနှီးမြှုပ်နှံမှု ကော်မရှင်မှာ လည်း ဥက္ကဋ္ဌ ဖြစ်ပါတယ်)၊ ဆောက်လုပ်ရေးဝန်ကြီး စောထွန်းနဲ့ စိုက်ပျိုးရေးဝန်ကြီး ဋ္ဌေး ဦးတို့အုပ်စု တွေဘဲ ဖြစ်ကြတယ်။ ဋ္ဌေးဦးကလည်း မခေဘူး။ ကြံ့ဖွတ်အဖွဲ့မှာ အဓိကကျတဲ့ ခေါင်းဆောင်ပိုင်းကို ကိုင်ထား တယ်။ သူတို့အားလုံးကတော့ နအဖထဲမှာထိပ်တန်း နေရာ တွေ မှာ နေရာယူ ထားကြပြီး သူတို့ကြားမှာ အပြင်း အထန်ပြိုင်ဆိုင်မှုတွေ ရှိနေကြတယ်။ သူတို့ရဲ့ အကျင့်ပျက် ချစားမှု တွေနဲ့ ပက်သက်ပြီး နအဖအတွင်းပိုင်းက ကိုယ်ကျိုးရှာ အကျင့်ပျက် အရာရှိများဆိုပြီး စစ်တပ် အသိုင်း အ၀ိုင်းထဲမှာ သာမက ပြည်တွင်း၊ ပြည်ပ မှာပါ နာမည်ကြီးနေပါတယ်။

အဲဒီအုပ်စုကတော့ အခုအခါမှာ အစိုးရအသွင်သဏ္ဌာန်နဲ့ ရှစ်နှစ်ကြာကြာ ရပ်တည်လာခဲ့ပြီး၊ ကမ္ဘာ့အဆင်းရဲ ဆုံးနိုင်ငံတစ်နိုင်ငံဖြစ်တဲ့ မြန်မာနိုင်ငံမှာ ခမ်းနားကြီးကျယ်လှတဲ့ စည်းစိမ်ဥစ္စာတွေနဲ့ ယစ်မူးပျော်ပါးနေကြတယ်။ အဲဒီလို လူစားမျိုးတွေရဲ့ ကြားမှာတော့ ကြံ့ဖွတ်အဖွဲ့ဝင်တွေဟာ အရပ်သားအစိုးရဖွဲ့တဲ့အခါကျရင် သူတို့အ တွက် နေရာကောင်းလေးများ ရမလားဆိုတဲ့ မျှော်လင့်ချက်တွေ တစ်ပုံတစ်ပင်ကြီးနဲ့ စစ်ဗိုလ်ချုပ်တွေအနားမှာ ရစ်သီရစ်သီ တ၀ဲလည်လည် ဖြစ်နေရှာတယ်။

“စစ်အုပ်စုထဲက ကြောက်စရာအကောင်းဆုံး စစ်ဗိုလ်ချုပ်တွေကို ပြောပါဆိုရင် အဲဒီ OTS ကျောင်းဆင်း အုပ်စု ဘဲ” လို့ စစ်တပ်အသိုင်းအ၀ိုင်းမှာ ပြောစမှတ်ပြုကြတယ်။ အဲဒီအုပ်စုကတော့ အရင်ကရော အခုရော အထူး စုံစမ်း စစ်ဆေးရေးအဖွဲ့ ရဲ့ ဥက္ကဋ္ဌ အဖြစ် နေရာယူထားပြီး၊ ကြံ့ဖွတ်အင်အားကို သုံးပြီး အချိန်မရွေး အာဏာ သိမ်းဖို့ ကြံစည်နေတဲ့ အုပ်စုဖြစ်တယ်လို့ စစ်တပ်အသိုင်းအ၀ိုင်းက လာတဲ့ အတင်းအဖျင်းတွေက နေတစ်ဆင့် ကြားနေရ တယ်။

OTS အုပ်စုကတော့ ကာကွယ်ရေးဝန်ကြီးဋ္ဌာနက အရာရှိတွေကြားမှာလည်း သြဇာအာဏာ ကို အပြင်းအထန် အထန်အသုံးပြုနေတယ်ဆိုတာ သိသာထင်ရှားပါတယ်။ သူတို့ဟာ လွန်ခဲ့တဲ့အနှစ် လေး၊ ငါးဆယ်လောက် တုန်းက နယ်တွေမှာ တပ်မှူးတွေအနေနဲ့ တာဝန်ထမ်းဆောင်ခဲ့ပြီး၊ အခုတော့ ကာကွယ်ရေးဝန်ကြီးဋ္ဌာနက အ ရာရှိ တွေကြားမှာတော့ သူတို့ကို ကွယ်ရာမှာ “ကြက်ဆင်ပေါက်လေးတွေ” လို့ တီးတိုးပြောဆိုသံတွေ ကြားနေ ရပါတယ်။ “သူတို့မှာ တိကျတဲ့ အနာဂတ်မရှိဘူး။ ရုံးမှာဘာမှလည်း လုပ်စရာမရှိဘဲနဲ့ နေ့တိုင်းလာပြီး ရုံးကို လာထိုင်နေကြတယ်။ ယူနီဖောင်းကြီးတွေဝတ်ပြီးတော့ သူတို့အကျင့်ပျက် လာဘ်စားဖို့ အတွက် ဂွင်ကောင်းလေး ဘာလေး ရှိလို့ရှိငြား ရုံးမှာ လာမျှော်နေကြတယ်” လို့ အဲဒီဋ္ဌာနက အရာရှိတစ်ဦးက ပြောပြသွားတာပါ။

အဲဒီ စစ်အုပ်စုအပြင် နောက်ထပ်အာဏာ သိမ်းမယ့် အုပ်စုတော့ အခုထိ မရှိသေးပါဘူး။ “လက်ရှိစစ်ခေါင်း ဆောင်တွေလုပ်နေတာ တွေနဲ့ ပက်သက်ပြီး စစ်တပ်အသိုင်းအ၀ိုင်းက အခြားအရာရှိတွေက ကျေနပ်မှုမရှိ ဘူးဆိုတာ သံသယဖြစ်စရာမရှိပါဘူး။ ပြီးတော့ ပြည်သူ့ဆန္ဒခံယူပွဲ နဲ့ ရွေးကောက်ပွဲ ပြီးရင် သူတို့အနေနဲ့ ဘာဆက် လုပ်မယ် ဆိုတာကို ပါ အာလုံးက ကြိုတင်ခန့်မှန်းပြီးသားပါ” လို့ ထိုင်းစစ်တပ်က အရာရှိတစ်ဦးက ပြောပါတယ်။

“စစ်ခေါင်းဆောင်တွေ နဲ့ သူတို့ရဲ့ အောက်ခြေအဆင့် အရာရှိတွေအကြားမှာ နာကျည်းမှုတွေ၊ ဒေါသတွေက တစ်နေ့တစ်ခြား တိုးပွားလာနေတော့ သူတို့အနေနဲ့ကလည်း ဒီအဆင့်ကနေပြီးဘာမှ လုပ်လို့မရနိုင်ဘူး” လို့ ထိုင်းနိုင်ငံ အခြေစိုက် မြန်မာ့အရေးလေ့လာသူ ဦးဝင်းမင်းက ပြောသွားပါတယ်။

OTS ကျောင်းဆင်း ၀န်ကြီးအုပ်စုကတော့ သူတို့ရဲ့ နေရာ နဲ့ အာဏာကို ထိခိုက်မှုမရှိအောင် ကြိုတင် အစီအစဉ် တွေ ရေးဆွဲပြီး ကာကွယ်မှုတွေ လုပ်နေကြပါပြီ။ ရေလုပ်ငန်းဝန်ကြီးမောင်မောင်သိန်း၊ စစ်ဘက်ဆိုင်ရာ လုံခြုံရေး က အရာရှိတွေဖြစ်ကြတဲ့ မောင်ဘို နဲ့ ရဲမြင့် တို့ကိုလည်း ၎င်း တို့ရဲ့ ငွေကြေးဆိုင်ရာလာဒ်စားမှု၊ တရားမ၀င် ကုန်ကူးမှု များနဲ့ ပက်သက်ပြီး စစ်ထောက်လှမ်းရေးအဖွဲ့က လျှို့ဝှက်စွာ စုံစမ်းစစ်ဆေးမှုတွေ လုပ်နေတယ်လို့ စစ်အစိုးရအတွင်းပိုင်းမှာ ရှိတဲ့ ခိုင်လုံတဲ့ သတင်းရပ်ကွက်က အာရှတိုင်းမ် အွန်လိုင်းသတင်းဋ္ဌာနကို ပြောပြခဲ့တာပါ။ ၀န်ကြီးတော်တော်များများ၊ အနဖ အဖွဲ့ဝင်များနဲ့ သူတို့ရဲ့ မိသားစုဝင် တွေကိုလည်း စုံစမ်းစစ် ဆေးမှုတွေ ပြုလုပ်နေတယ်လို့ အဆိုပါ သတင်းရပ်ကွက်ကဘဲ ဆိုပါတယ်။

နိုင်ငံတော်လုံခြုံရေးကောင်စီက ပုံမှန်ခေါ်နေကျဖြစ်တဲ့ အစည်းအဝေးကို မခေါ်တာ ကိုးလတောင် ကျော်ခဲ့ပြီ။ ဒါကလည်း စဉ်းစားရမယ့် အချက်တစ်ချက်ပါ။ သန်းရွှေဟာ အစည်းအဝေးကို လုပ်ဖို့ကို ရှောင်ဖယ် ရှောင်ဖယ် လုပ်နေတာကြာပြီ။ ဘာလို့လဲဆိုတော့ မောင်အေးက စုံစမ်းစစ်ဆေးမှုတွေ ပြုလုပ်ပြီး အရေးယူတာ တွေလုပ်ရင် ဖြုတ်ပစ်မယ့် ဗိုလ်ချုပ်တွေထဲမှာ သန်းရွှေရဲ့ အုပ်စုထဲက မောင်ဘိုနဲ့ ရဲမြင့် အပါအ၀င် ဗိုလ်ချုပ် လေးယောက် ပါနေတဲ့ အတွက်ကြောင့် ဘဲ။ မနှစ်က ပြုလုပ်ခဲ့တဲ့ နောက်ဆုံးအစည်းအဝေးမှာ မောင်ဘိုကို ရာထူးတိုးပေးဖို့ သန်းရွှေက ပြောတဲ့အခါ မောင်အေးက ငြင်းပယ်ခဲ့တယ်။

“ထိပ်ပိုင်းက စစ်ဗိုလ်ချုပ်တွေ အစည်းအဝေးမခေါ်တာ သြဂုတ်လနဲ့ စက်တင်ဘာ ဆန္ဒပြပွဲတွေ မတိုင်မီ ကတည်းက လတွေတော်တော်ကြာခဲ့ပြီ။ အဲဒီအချိန်ကတည်းက ဒေသဆိုင်ရာ တပ်ရင်းမှူး သုံးဦးကို ချိန်းဆို တွေ့ ဆုံပြီးကတည်းက ရာထူးတိုးတာတွေလည်း မရှိတော့ဘူး” လို့ ဦးဝင်မင်းက ပြောပါတယ်။ “စက်တင်ဘာ အရေးအခင်းရဲ့ အကျိုးသက်ရောက်မှုက ရာထူးတိုးထားပြီးခဲ့တဲ့ တပ်ရင်းမှူးတွေ အကြားမှာ အဆင်မပြေမှုတွေ ပိုပြီး ဖြစ်မှာသေချာတယ်” လို့ လည်း သူက ပြောခဲ့ပါတယ်။

“စစ်တပ်အတွင်း ပုန်ကုန်မှု ဒါမှမဟုတ် ဖြုတ်ထုတ်ပစ်တာတွေ ဖြစ်လာနိုင်၊ မလာနိုင်ဆိုတာ ကျနော်တို့ ပြောလို့မ ရနိုင်ပါဘူး။ သန်းရွှေ အနေနဲ့ကတော့ တစ်ခုခုကို အပြောင်းအလဲ လုပ်ဖို့ကြိုးစားနေတယ်။ ဒါပေမယ့် သူက အဓိ က အတားအဆီး အနှောင့်အယှက်ဖြစ်နေတယ်ဆိုတာ ဘယ်သူမှ အဲဒီလို ပြောရဲတဲ့ သတ္တိမရှိသေးဘူး” လို့ မြန်မာအရေးလေ့လာသူ တစ်ဦးဖြစ်တဲ့ ကိုအောင်နိုင်ဦးက ပြောပါတယ်။


စုံစမ်းစစ်ဆေးမှုတွေ ပြုလုပ်နေတဲ့ဆိုတဲ့ သတင်းတွေ နဲ့ မြန်မာနိုင်ငံအတွင်းမှာ ဒီမိုကရေစီအသွင် ကူးပြောင်းဖို့ ဆိုတဲ့ အစီအစဉ်တွေ ကျယ်ကျယ်ပြန့်ပြန့် လုပ်ဆောင်လာလေ၊ စစ်တပ်အတွင်းမှာ အာဏာလုပွဲတွေ သို့မဟုတ် ဖြုတ်ထုတ် ဇာတ်လမ်းတွေဟာလည်း ပိုပြီးဖြစ်လာဖို့ အလားအလာတွေရှိလေပါဘဲ။

2 comments :

Unknown said...

It is so interesting to read about the two groups in army which can be crAcked near future but one thing that I couldn't clear my suspect is that you failed to mention about group led by Maung Aye and their integrety. Are they also on the same boat with Than Shwe's regarding the corruption and misuse of power?.Now I came across the ramdom news that lead and give hints that Maung Aye and his group which seem the men with good hearts and as if they are scapegoats. What I want to clear people is that all of them are same tyrants , no one is less or more. We couldn't trust them at all.If they want to seek the support of people, they have to take time and cooperate with the whole nation. However army is split one day ( actually I welcome it will come true,but), as long as the one group out of two who survives doesn't regonise the pro- democracy groups and the desire of races groups,everything will be the same like before. And the most important fact is that not to ignore the needs of our country rather than fulfilling their needs.
Thanks.
P.S : I do appreciate all of your articles and wish you to continue to write more and publish.

Unknown said...

It is so interesting to read about the two groups in army which can be crAcked near future but one thing that I couldn't clear my suspect is that you failed to mention about group led by Maung Aye and their integrety. Are they also on the same boat with Than Shwe's regarding the corruption and misuse of power.Now I came across the ramdom news that lead and give hints that Maung Aye and his group which seem the men with good hearts and as if they are scapegoats. What I want to clear people is that all of them are same tyrants , no one is less or more. We couldn't trust them at all. However army is split, as long as the one group out of two who survives doesn't regonise the pro- democracy groups and the desire of races groups. And the most important is that not to ignore the needs of our country rather than fulfilling their needs.