

ဂျပန် အနုပညာရှင်များရဲ့ မြန်မာတို့ ရဲ့  ဒီမိုကရေစီတိုက်ပွဲ အပေါ်
.jpg)
၂၀၀၇ခုနှစ် အောက်တိုဘာလကဖြစ်ပွားခဲ့တဲ့ မြန်မာပြည်က ရွှေဝါရောင်သံဃာသပိတ်မှာ နအဖ စစ်တပ်ရဲ့ ရက်ရက်စက်စက်ပစ်ခတ်နှိမ်နင်းမှုကြောင့် သံဃာတော်များ၊ ပြည်သူပြည်သားများနှင့် ဂျပန်လူမျိုးသတင်းထောက် နဂါအိခန်းဂျိလည်း အသက်ဆုံးရှုံးသွားရတဲ့အတွက် အခုလိုလှုပ်ရှားမှုကို ပြုလုပ်ဘို့ဆုံးဖြတ်ခဲ့တာပါလို့ ဒီလှုပ်ရှားမှုကို ဦးဆောင်ခဲ့တဲ့ ITO SEIRO ကပြောဆိုပါတယ်။

အဲဒီတီရှပ်တွေကိုရောင်းချပြီး အမြတ်ငွေများကို နော်ဝေးမှာအခြေစိုက်တဲ့ ဒီမိုကရက်တစ်မြန်မာ့အသံသို့ လှူဒါန်းမှာဖြစ်ကြောင်း သိရှိရပါတယ်။ သူတို့ရဲ့လှုပ်ရှားမှုကို ဧပြီလ ၁၉ ရက်နေ့မှာ Yoyogiပန်းခြံမှာ ဖျော်ဖြေရင်း မြန်မာပြည်အကြောင်း ဂျပန်ပြည်သူများသိရှိအောင် ပြုလုပ်မှာဖြစ်ပေမယ့် ဂျပန်ရောက်မြန်မာများကိုလည်း လာရောက်ကြည့်ရှုအားပေးကြဖို့ ဖိတ်ခေါ်ပါတယ်လို့လည်း ဆိုထားပါတယ်။
သတင်းပေးပို့သူ-
မျိုးမြင့်ဆွေ
http://moethaukkye.blogspot.com/2008/04/blog-post.html
Rest of your post
No comments :
Post a Comment