အေပြီလ ၆
တိုကျို
အေပြီလ ၆ ရက် နေ့ မှာ အာအိုးရာမ - Aoyama Daigaku အာအိုးရာမ တက္ကသိုလ် ၊ တိုကျို မြို့ မှာ မြန်မာ့ အရေးနှီးနှော်ဖလှယ်ပွဲတခုကို ကျင်းပသွားပါတယ်။ ဆန္ဒခံယူပွဲ ၊ အခြေခံဥပဒေနဲ့  မြန်မာ့ နိင်ငံရေးအခြေအနေများ ကို ဆွေးနွေးတယ်။ ပါဝင်တက်ရောက်တဲ့အဖွဲ့ များကတော့
အဖွဲ့ များ - PFP - People Forum on Burma, Rengo ( အလုပ်သမားအဖွဲ့ ချုပ်) ၊ Human -Rights Now- JAC- Join Action Committee တို့ ပါဝင်ပါတယ်။ စကားပြောသူများကတော့ JAC ကိုယ်စား ကိုကျော်ကျော်နိင် - ဒီအက်ဘီ ၊ တာဘန်ဆန်ဟိန်း (Dabang Seng Hein) ညီညွတ်သောတိုင်းရင်းသားများ အဖွဲ့ ဂျပန်၊ ကိုကိုအောင်( ဒီအက်ဖ်ဘီ) ၊ ဒေါက်တာမင်းညို ၊ ကိုသန်းဆွေ၊ ကိုကျော်ကျော်စိုး၊ ကိုလင်းအောင် ( NLD) ၊ ကိုသာဇော်မောင်မောင်၊ ဦးလှိုင်အေး၊ မိုင်ကျော်ဦး ဦးတင်ဝင်း၊ စုအဲမတ်စု Suematau လွတ်တော်အမတ် ၊ ဂျပန်အလုပ်သမားအဖွဲ့ ချုပ်မှကိုယ်စားလှယ်၊ ၀ါတာနာဘေ ဂျပန်လူအခွင့်အရေးရှေ့ နေ တို့ တက်ရောက်စကားပြောကြတယ်။ တက်ရောက်သူများက နအဖမှကျင်းပတဲ့ ဆန္ဒခံယူပွဲဟာလူထုဆန္ဒမပါပဲ အတင်းအဓမ္မ ဆန္ဒခံယူပွဲပြုလုပ်ခြင်းဖြစ်တယ်လို့  ကောက်ချက်ချဆွေးနွေးကြပါတယ်။
Sunday, 6 April 2008
Subscribe to:
Post Comments
(
Atom
)
No comments :
Post a Comment