အေပြီ ၅၊၂၀၀၈။
ရန်ကုန်( အေပီ) ။
စနေနေ့ က နအဖ သတင်းစာမှာ အကြမ်းဖက်သမားတွေက နောက်လမှာကျင်းပမဲ့ ဆန္ဒခံယူပွဲကိုပျက်ဆီးအောင် ဗုံးခွဲလိမ့်မယ်လို့ ဆိုပါတယ်။ မြန်မာ့ အလင်းသတင်းစာမှာ သတင်းသုံးသပ်ချက်သဘောမျိုးရေးသားထားပါတယ်။ သုံးသပ်ချက်မှာ ဒေါ်အောင်ဆန်းစုကြည်ကိုထောက်ခံတဲ့ ဒီမိုကရေစီလိုလားသူတွေက စီစဉ်မယ်လို့ စွပ်စွဲထားတယ်။ သူတို့ က အခြေခံဥပဒေဟာ အတုအယောင်ဖြစ်တယ်၊ ဒီမိုကရေစီနည်းလမ်းနဲ့ မကိုက်ညီဘူးလို့ ဆိုထားပြီး မဲပေးသူတွေကို ကန့် ကွက်ကြဖို့ တိုက်တွန်းထားတယ်လို့ ဆိုပါတယ်။ ဒီဆောင်းပါးကတော့ နအဖရဲ့ အမြင်နဲ့ ပေါ်လစီတွေကို ကိုယ်စားပြုရပ်တည်ထားတယ်။ ဒီမိုကရေစီလှုပ်ရှားမှု ကြီးကို ၀ါဒဖြန့် တိုက်ခိုက်ထားပါတယ်။ အမျိုးသားဒီမိုကရေစီအဖွဲ့ ချုပ်လူငယ် တွေက ဗုံဖေါက်ခွဲတိုက်ခိုက်ဖို့ အစီအစဉ်တွေကို ပြုလုပ်တာဖြစ်တယ်လို့ ဆောင်းပါးရှင်ကတွက်ဆထားပါတယ်။ မသင်္ကဖွယ်ရာ ဖမ်းဆီးထိမ်းသိမ်းထားတဲ့ လူစရင်းတွေကိုလည်းအသေးစိတ်ဖေါ်ပြထားခဲ့ပါတယ်။
Saturday, 5 April 2008
Subscribe to:
Post Comments
(
Atom
)
No comments :
Post a Comment