ရန်ကုန်မြို့ မှာ ဒါမျိုးတွေဖြစ်နေပါပြီ။ ကားထိုင်ခုံမှာလည်းကြက်ခြေခတ်၊ ပိုက်ဆံပေါ်မှာလည်း ကြက်ခြေတွေခတ်ကုန်ကြပြီ။ လူတွေက ငွေစက္ကူပေါ်မှာ ကြက်ခြေခတ်တွေ တွေ့ လို့  အတုယူပြီးလိုက်ချစ်ကုန်ကြပြီလို့ သိရတယ်။
ငွေစက္ကူ တထောင်တန်ကနေ ၂၀ တန်တွေအထိ မှာ တွေ့ ရတယ်လို့ ဆိုတယ်။
နေရာအနှံမှာ ကြက်ခြေခတ်တွေ ဖြစ်သွားအောင်လှုံ ဆော်ကြ။
မီးသွေးခဲနဲ့ ကြက်ခြေခတ်တွေခြစ်ကြ။ ဘော့ပင်နဲ့ ခြစ်။
ကုန်ဘောင်ခေတ်တုံးက ဘုရင်( ဘိုးတော်ဘုရား ) က ဘိုးမင်းခေါင် ( သူတော်စင်) ကိုမတရားဖမ်းဆီးခဲ့တယ်။
ဒီတော့ ဘိုးမင်းခေါင်က ငါ့ ကိုမဖမ်းခင် ငါဝလုံးကို အရင်ဆုံး ဘုရင် ဖျက်ကြည့် ပါဦးလို့ ဆိုပြီး နန်းတော်တိုင်မှာ
ထုံးနဲ့ ဝလုံးတလုံးကိုဝိုင်းလိုက်တယ်။
ဘုရင်က ၀လုံးကို နန်းတော်အမှုထမ်းတွေကိုဖျက်ခိုင်းလိုက်တယ်။ ၀လုံးကိုဖျက်လိုက်တဲ့အခါ ၀လုံးက နစ်လုံးဖြစ်လာတယ်။ နစ်လုံးကိုဖျက်တော့ လေးလုံးဖြစ်လာတယ်။ လေးလုံးကိုဖျက်တော့ ၁၆ လုံးဖြစ်လာတယ်။ နောက်ဆုံးဝတွေ ဆတိုးလာပြီး နန်းတော်တခုလုံးဝလုံးတွေဖြစ်လာတယ်။ ဘုရင်နဖူးမှာလည်း ၀လုံးတွေပေါ်လာတယ်။ ဒါနဲ့ ဘုရင်က ကြောက်လှန့်လာပြီး ဘိုးမင်းခေါင်ကို ပြန်လွတ်ပေးလိုက်ရတယ်။
ဒီနေ့ လည်း ငါဒို့ ဟာ ကြက်ခြေတ်တွေကို နေရာအနှံမှာ ခတ်ရမယ်။ ဒါဟာ ငါတို့ နဲ့ စစ်အစိုးရကြားစာချုပ် လက်မှတ်ထိုးလိုက်တာဖြစ်တယ်။ စာချုပ်ကတော့ အတုအယောင်အခြေခံဥပဒေကို ဒို့ လက်မခံဘူးဆိုတာပဲ။
အစွမ်းကုန် ကြက်ခြေခတ် ကြ ။
အစွမ်းကုန် ကန့် ကွက် ကြ ။
အစွမ်းကုန် တိုက်ပွဲဝင်ကြ။
1 comment :
Holy man name is Boe Boe Aung, not Boe Min Khaung. Boe Min Khaung appeared in Japan era.
Post a Comment